မီးကူငြိမ်းသည့် ပုဂ္ဂလိက ရေကားများကို ဂုဏ်ပြု

0
666
မီးလောင်းပြင်သို့ရောက်လာသည့်ရေသည်ထော်လဂျီတစ်စီးကိုတွေ့ရစဉ်။ ဓာတ်ပုံ -တင့်လွင်

ထားဝယ်မြို့ အိုးလုပ်ရပ်ကွက် မီး လောင်မှုတွင် မီးကူငြိမ်းပေးသည့် ပုဂ္ဂ လိက ရေပေးဝေရေးလုပ်ငန်းရှင် ၁၄ ဦးကို မေလ ၅ ရက်နေ့က ထားဝယ်မြို့ မီးသတ်စခန်းတွင် ကျင်းပသည့် မီး သတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။


ယင်း ပုဂ္ဂလိကရေကားများသည် သာမန်အချိန်တွင် မြို့အနှံ့ သောက်သုံး ရေ လိုအပ်သူများကို ဖြန့်ဖြူးရောင်းချပြီး မီးလောင်မှုဖြစ်ပါက ရေပေးဝေမှုကို ရပ်နားပြီး မီးကူငြိမ်းသည်မှာ အစဉ်အ လာတစ်ခုဖြစ်နေပြီဟု ပုဂ္ဂလိကရေ ပေး ဝေရေး လုပ်ငန်းရှင်များက ရှင်းပြ သည်။

မီးလောင်းပြင်သို့ရောက်လာသည့်ရေသည်ထော်လဂျီတစ်စီးကိုတွေ့ရစဉ်။ ဓာတ်ပုံ -တင့်လွင်
မီးလောင်းပြင်သို့ရောက်လာသည့်ရေသည်ထော်လဂျီတစ်စီးကိုတွေ့ရစဉ်။ ဓာတ်ပုံ -တင့်လွင်

မီးလောင်မှု ဖြစ်ပွားစဉ် မီးသတ် ယာဉ်များ မဝင်နိုင်သော ကျဉ်းမြောင်း သည့်လမ်းများသို့ ဝင်ရောက်ကာ မီးငြိမ်းသတ်ခြင်း၊ မီးသတ်ယာဉ်များအား ရေဖြည့်ပေးခြင်း၊ မီးသတ်ယာဉ်များနှင့် အတူ မီးကြွင်းမီးကျန်များအား ငြိမ်း သတ်ခြင်းတို့တွင် တတပ်တအား ပါ ဝင် ကူညီလေ့ရှိကြောင်း ၎င်းတို့က ပြော ဆိုသည်။
” ပုဂ္ဂလိက ရေကားတွေက လမ်းကြို လမ်းကြား မီးကူလောင်နေတဲ့ နေရာတွေကို ဝင်ပြီး မီးငြိမ်းပေးလေ့ရှိ တော့ ထားဝယ် မီးလောင်မှု ဖြစ်စဉ် တွေမှာ အသုံးဝင်တယ်၊ အရေးပါတယ်၊ အားကိုးအားထား ပြုရတယ် ” ဟု ထား ဝယ်မြို့ခံ  ဦးမိုးက ပြောသည်။
အဆိုပါ ပုဂ္ဂလိက ရေကား အများစုသည် ရေ ၁၀ ပီပါခန့်( ရေဂါ လံ ၅၀၀ ခန့်) သယ်ယူနိုင်ပြီး မီးလောင်စဉ် မီးသတ်ယာဉ်များ မရောက်မီ ကနဦး ငြိမ်းသတ်ပေးပြီး မီးသတ်ယာဉ်များ ရောက်လာပါက ရေဖြည့် ပေးလေ့ရှိကြောင်း သိရသည်။
၂၀၀၁ ခုနှစ် ခန့်မှစ၍  ထား ဝယ်မြို့ရှိ မီးလောင်မှုများတွင် ပုဂ္ဂလိက ရေကားများက ပါဝင်ကူညီခဲ့သည် ဟု သိရသည်။