ထားဝယ်တွင် နှစ် ၂၀ အတွင်း အဆိုးဆုံး မီးလောင်မှု ဖြစ်ပွား

0
657

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ အိုးလုပ်ရပ်ကွက် မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၆၀ ဝန်းကျင် ဆုံးရှုံးပျက်စီးခဲ့ရပြီး ယင်းသည် နှစ်ပေါင်း ၂၀ အတွင်း ထားဝယ်မြို့ပေါ်မီးလောင်မှုများတွင် အဆိုးဆုံးဖြစ်ကြောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးနှင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

10641205_1057250194302765_4371069944616801847_n
ဓာတ်ပုံ – အောင်သူ

ဧပြီလ ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင်မြို့လယ် လူစည်ကားရာ အိုးလုပ်ရပ်၊ အလယ်လမ်း အိမ်အမှတ် ၁၁၀ အပေါ်ထပ်မှ စတင်လောင်ကျွမ်းခဲ့ပြီး လျှပ်စစ် ဝါယာရှော့ဖြစ်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း စတင်မီးလောင်သည့် အိမ်အနီးနေထိုင်သူများက ခန့်မှန်းသည်။

လက်ရှိတွင် သက်ဆိုင်ရာ ဌာနများကို မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းကို တရားဝင် အတည်မပြုနိုင်သေးဘဲ စစ်ဆေးဆဲ ဖြစ်ကြောင်း အထက်ပါ မီးသတ်ဦးစီးဌာနမှ သိရသည်။

DSCF0037
ဓာတ်ပုံ – တင့်လွင်

အိမ်ခြေ ၆၀ အပြင် မူလတန်းကျောင်းတစ်ကျောင်းပါ မီးလောင်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၈ ဦးနှင့် သတိလစ်မေ့မြောသူ ၁ ဦးရှိခဲ့သည်။

“ထားဝယ်မှာ ၁၉၉၆ ခုနှစ် နောက်ပိုင်း နှစ်ပေါင်း ၂၀ အတွင်း အခုမီးလောင်မှုက ဆုံးရှုံးမှု အများဆုံးပဲ”ဟု ထားဝယ်မြို့နယ် အရန်မီးသတ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးသန်းနိုင်က ပြောသည်။

လက်ရှိတွင် မီးဘေးသင့်သူများကို ထားဝယ်မြို့ အမှတ် ၃ အထက်တန်းကျောင်းဝင်းသို့ ပြောင်းရွှေ့ကာ ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားသည်။

မီးလောင်မှုကြောင့် အိုးလုပ်ရပ်ကွက်အတွင်းရှိ နေအိမ် ၆၄ အိမ်၊ စာသင်ကျောင်း ၁ ကျောင်း၊ ပိန္နဲတော ရပ်ကွက်ရှိ နေအိမ် ၃ အိမ်၊ ခန့်မှန်းတွက်ချက် ဆုံးရှုံးမှု တန်ဖိုး သိန်း ၃၇၇၇.၇ ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက် အရသိရသည်။

11150530_1057251207635997_7779271428479569175_n
ဓာတ်ပုံ – အောင်သူ
11150768_1057250700969381_2641171088114765123_n
ဓာတ်ပုံ – အောင်သူ
11188405_1057256804302104_1349839300388616612_n
ဓာတ်ပုံ – အောင်သူ