ဆန္ဒပြ ထားဝယ်ကျောင်းသားများ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရ

0
795
ဖမ်းဆီးခံကျောင်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရေး ဆန္ဒပြမြင်ကွင်း/ ဓာတ်ပုံ - အောင်သူ

ဖမ်းဆီးခံထားရသည့် ကျောင်းသားများ ပြန်လည်လွတ်မြောက်ရေး ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြခဲ့သည့် ထားဝယ်ကျောင်းသား များအနက် ကျောင်းသား ခေါင်းဆောင် ၅ ဦးကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း ထားဝယ်မြို့မ ရဲစခန်းမှ သိရသည်။

ဖမ်းဆီးခံကျောင်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရေး ဆန္ဒပြမြင်ကွင်း/ ဓာတ်ပုံ - အောင်သူ
ဖမ်းဆီးခံကျောင်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရေး ဆန္ဒပြမြင်ကွင်း/
ဓာတ်ပုံ – အောင်သူ

ကျောင်းသားခေါင်းဆောင်များဖြစ်သည် ကိုမင်းလွင်ဦး၊ ကိုသူရနိုင်၊ ကိုဇင်မောင်ဖြိုး၊ ကိုသော်လွင်အောင်နှင့် မယုဝါလွင်(ခ) မေလေးတို့ကို အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ထားဝယ်မြို့မ ရဲစခန်း စခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦးက ပြောသည်။

“အခုထိတော့ အကြောင်းမကြားလာသေးဘူး။ သတင်းတော့ကြားတယ်” ဟု ကိုသော်လွင်အောင် ဆိုသည်။

ကျောင်းသားအင်အား ၃၀ နီးပါးဖြင့် မတ်လ ၂၇ ရက်နေ့ နံနက်၁၀ နာရီက ထားဝယ်မြို့တွင်းတွင် ချီတက်ဆန္ဒပြခဲ့ကြပြီး ကျောင်းသားကျောင်းသူများနှင့် ၀န်းရံသည့် ပြည်သူများ ဖမ်းဆီး ခံထားရသည်နှင့် ပက်သက်၍ ဟောပြောခဲ့ကြသည်။

ထားဝယ်ခရိုင်ကျောင်းသားသမဂ္ဂမှ ကျောင်းသား၎ ဦးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ချီတက်ခဲ့သည့် ထားဝယ် သပိတ်စစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ် ၇ မြို့နယ်မှ ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရကြောင်း သိရသည်။