သင်္ကြန်တွင် ထားဝယ်ဟိုတယ်များ တည်းခိုခ တိုးမြှင့်မည်

0
673

ထားဝယ်မြို့ပေါ် ဟိုတယ်များနှင့် ထားဝယ်မြို့မှ ဆယ်မိုင်ခန့်ဝေးသော မောင်းမကန် အပန်းဖြေစခန်း ဟိုတယ် တို့တွင် သင်္ကြန်ကာလအတွင်း အခန်းခ တိုးမြှင့်မည်ဖြစ်ကြောင်း ယင်းဟိုတယ် တာဝန်ရှိသူများက ပြောကြားသည်။ထားဝယ်မြို့ပေါ် ဟိုတယ် ၇ လုံး အနက် ဟိုတယ် ၃ လုံးက တိုးမြှင့် ကောက်မည်ဖြစ်ကြောင်း သိရသည်။

ကျန်ဟိုတယ်များအနက် ဇေယျာထက်စံ ဟိုတယ်မှာ အခန်းခကို ပုံမှန်ဈေးအတိုင်း ထားပြီး ကျန် ၃ လုံးမှာ အခန်းခ တိုး မတိုး အတည် မပြုနိုင်သေးဟု အထက်ပါ တာဝန်ရှိသူ များက ပြောသည်။
“လက်ရှိအချိန်မှာ ပြောလို့ မရ သေးဘူး၊ ဈေးနှုန်းတိုးမြှင့် ကောက်ခံဖို့ ရှိ၊မရှိကို မသိသေးဘူး” ဟု Diamond Crown Hotel ဟိုတယ်မှ မန်နေဂျာက ပြောဆို သည်။ Golden Guest ဟိုတယ်မှ ပုံမှန်ဈေးနှုန်းထက် တစ်သောင်းခွဲကျပ် နှင့် နှစ်သောင်းကျပ် တိုးမြှင်ကောက်ခံ မည်ဖြစ်ပြီး New Light ဟိုတယ်မှ ပုံမှန် ဈေးနှုန်းထက် ၃၀၀၀ကျပ် တိုးမြှင့် ကောက်ခံကာ ပန်းဥယျာဉ်ဟိုတယ်မှာ ၁၀ ရာခိုင်နှုန်း တိုးမြင့်ကောက်ခံမည် ဖြစ်ကြောင်း ယင်းဟိုတယ်များထံမှ သိရ သည်။
မောင်းမကန် အပန်းဖြေစခန်း ဟိုတယ်၌မူ သင်္ကြန်ရက်များအတွင်း အခန်းခများကို ပုံမှန်သတ်မှတ်နှုန်းထက် တဝက်ကျော်မြှင့်ကာ တိုးမြှင့် ကောက်ခံ သွားမည်ဖြစ်ကြောင်း ယင်းဟိုတယ်ထံမှ သိရသည်။ ထားဝယ်သင်္ကြန် လာရောက် လည်ပတ်ရန် ပြည်တွင်း ခရီးသွား လုပ်ငန်းကုမ္ပဏီများက ဟိုတယ်အများစု ၌ ကြိုတင်ကာ အခန်းမှာယူထားကြောင်း အထက်ပါ ဟိုတယ်များမှ တာဝန်ရှိ သူများက ပြောဆိုသည်။
ထားဝယ်ဒေသတွင် ထင်ရှားသော ဘာသာရေးပွဲတော်ဖြစ်သည့် ထားဝယ် တန်ဆောင်တိုင်ပွဲတော်နှင့် ရိုးရာ သင်္ကြန်ပွဲတော်များ၌ ပြည်တွင်းခရီးသွား အများစုနှင့် ပြည်ပခရီးသွားများလာ ရောက် လည်ပတ်လေ့ရှိသည့်အတွက် နှစ်စဉ် ဟိုတယ်အခန်းများ ပြည့်လျှံလေ့ရှိ သည်။
လက်ရှိအချိန်တွင် ထားဝယ်ရှိ ဟိုတယ် ၈လုံးတွင် စုစုပေါင်း ဟိုတယ် အခန်း ၃၀၀ကျော်ရှိသည်ဟု သိရသည်