ထားဝယ်တွင် အမှိုက်သိမ်း လုပ်ငန်း လုပ်လိုသူ ရှားပါး

0
762

အမှိုက်သိမ်း လုပ်ငန်း လုပ်ကိုင်လိုသူ အလုပ်သမား ရှားပါးမှုကြာင့် ထားဝယ်မြို့ပေါ်တွင် လုပ်ကိုင်နေသည့် အမှိုက်သိမ်းလုပ်ငန်းကို မတိုးချဲ့နိုင် သေးဟု ရွှေလင်းယုန်ပုဂ္ဂလိက အမှိုက်သိမ်းဆည်းရေး လုပ်ငန်းထံမှ သိရသည်။

1) Aung Thu  (2)
ဓာတ်ပုံ – အောင်သူ

လက်ရှိတွင် အမှိုက်သိမ်း ကားတစ်စီး၊ အလုပ်သမား ၅ ဦးတို့ဖြင့် မြို့တွင်းလမ်း ၆ လမ်းနှင့် ရပ်ကွက် နှစ်ခုတို့တွင် တစ်နေ့လျှင် တစ်ကြိမ်နှုန်းဖြင့် သိမ်းဆည်းနေကြောင်း သိရသည်။

အခြားလမ်း များနှင့် ရပ်ကွက်များကို တိုးချဲ့လို သော်လည်း လုပ်သမား အခက်အခဲ ကြောင့် တိုးချဲ့မသိမ်းဆည်း နိုင်သေးကြောင်း ယင်းလုပ်ငန်းမှ တာဝန်ခံ ဦးချိုသိန်းက ပြောသည်။

“အမှိုက်သိမ်း လုပ်ငန်းဆိုတော့ သိပ်မလုပ်ချင်ကြ ဘူးလေ”ဟု ဦးချိုသိန်းက ပြော သည်။

လုပ်ငန်းတိုးချဲ့ရန်အတွက် ကားထပ်တိုးရန်မှာ လွယ်ကူသော်လည်း အလုပ်သမားရှာဖွေရေးတွင် အခက်အခဲရှိ နေကြောင်း ၎င်းက ဆိုသည်။

ပုဂ္ဂလိက အမှိုက်သိမ်းလုပ်ငန်း၏ လုပ်ဆောင်ချက်ကို ကြည့်၍ အမှိုက် သိမ်းရမည့်လမ်းများကို တိုးမြှင့်ပေး မည်ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြောဆိုထားကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် ထပ်မံတင်ပြပါက လမ်းအသစ်များကို ခွင့်ပြုပေး နိုင်သော်လည်း လုပ်ငန်းမတိုး ချဲ့နိုင်သေးသည့်အတွက် လမ်းထပ်မံ မတောင်းခံသေးဟု ဦးချိုသိန်းက ပြောသည်။

ရွှေလင်းယုန်ပုဂ္ဂလိက အမှိုက်သိမ်း လုပ်ငန်းကို ၂၀၁၄ ခုနစ် ဩဂုတ်လ မှ စတင်ခဲ့ရာ ပထမတစ်လတွင် အမှိုက်ပစ်သူများ၏ သုံးပုံ နှစ်ပုံခန့်သာ အမှိုက်ပစ်ခပေးသောကြောင့် အရှုံး ပေါ်ခဲ့သော်လည်း လက်ရှိအချိန်တွင် လုပ်ငန်းပုံမှန်လည်ပတ်နိုင်သည့် ဝင်ငွေရရှိနေပြီဖြစ်ကြောင်း ယင်း လုပ်ငန်းထံမှ သိရသည်။