ပြည်ထောင်စုနေ့တွင် ထားဝယ်ရိုးရာ ဆံရှည်မအကအဖွဲ့ ဖျော်ဖြေမည်

0
971

နေပြည်တော်၌ ယခုနှစ်ကျင်းပပြုလုပ်မည့် ၆၈ နှစ်မြောက်ပြည်ထောင်စုနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ရိုးရာယဉ်ကျေးမှုအကအဖွဲ့မှ ဆံရှည်မအကဖြင့် အကပြဖျော်ဖြေ မည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ခေါင်းဆောင် ဦးကိုကိုကြီးက ပြော ကြားသည်။

ပြီးခဲ့သည့်နှစ်က ပြည်ထောင်စုနေ့၌ သွားရောက်ဖျော်ဖြေစဉ် နေပြည်တော်မှ တာဝန်ရှိသူများက ဆံရှည်မအကဖြင့် ဖျော်ဖြေတင်ဆက်ရန် တောင်းဆိုထား၍ ယခုနှစ်တွင် ယင်းအကကို ကပြရန် စီစဉ်ရခြင်းဖြစ်ပြီး ဆံရှည်မအကနှင့် အတူ ဆံရှည်မ ထားဝယ်ရိုးရာဒိန်းအကသီချင်း သီဆို၍ အမျိုး သမီး ၂၂ ဦးက ကပြဖျော်ဖြေသွားမည်ဖြစ် ကြောင်း ၎င်းက ပြောဆိုသည်။

ယခင်ကပြည်ထောင်စုနေ့၌ ပြည်နယ် ၇ ခုမှ ကချင် ၊ ကယား၊ ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသားခုနှစ်မျိုးတို့က မိမိတို့၏ တိုင်း ရင်းသားရိုးရာအကများဖြင့် နှစ်စဉ်ကပြလျှက်ရှိရာမှ ၁၉၉၁ ခုနှစ်နောက်ပိုင်းမှစ၍ ထားဝယ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့ကို ဖျော်ဖြေရန် ဖိတ်ခေါ်ခြင်းခံလာခဲ့ရသည်ဟု ယင်း အဖွဲ့ထံမှ သိရသည်။

ဆံရှည်မအကမှာ အင်းဝဘုရင်မင်းကြီးစွာစော်ကဲ၏ သားတော်ငယ်မင်းဆွေသည် တက္ကသိုလ်ပညာအဌါရသတစ်ဆယ်ရှစ်ရပ်သော ပညာတို့ကို တတ်မြောက်လာပြီး အောက်ပြည်အောက်ရွာသို့ မြင်းစီးကာဒူရကတိုင်း၊ ထားဝယ်မြို့သို့ရောက်ရှိစဉ် ဆန်းချီချောင်းကိုဖြတ်ရာ မြင်းခြေတောက်တွင် ဆံပင်အရှည်ကြီးများ လုံးထွေးနေသည်ကို ဖယ်ရှားစဉ် ဆံရှည်မ(ဆံရှယ်မ)နှင့် တွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်ကာ မိဘထံတွင် တောင်းရမ်း လက်ထပ် ရှင်မုတ္ထီးမြို့(မုတ္တသုခနာဂရမြို့)ကို တည်ထောင်ခဲ့ပုံ၊ စည်းလုံးခဲ့ပုံတို့ကို ဖော်ညွန်းထားသည့်အကဖြစ်သည်ဟုသိရသည်။