23.8 C
Dawei
Tuesday, August 9, 2022
Home Tags ရနောင်း

Tag: ရနောင်း

ရနောင်းရောက် မြန်မာများ ဆန္ဒပြပြီးနောက် မြန်မာသို့ ပြန်ပို့

ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှု ကြီးကြပ်ရေးရုံးတွင် နှစ်ဝက်ကျော်အကြာ ထိန်းသိမ်းခံနေရသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတို့ နေရပ်ပြန် ပို့ရန် ဆန္ဒပြပြီးနောက် ဇန်နဝါရီ ၂၈ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်သည်။ အထိန်းသိမ်းခံ မြန်မာတို့ ဇန်နဝါရီလ...

ကိုဗစ်ကာလအတွင်း ကော့သောင်း နယ်စပ်မှတစ်ဆင့် နေရပ်ပြန်သူ သုံးထောင်နီးပါးရှိ

ကိုဗစ်-၁၉ ကူးစက်မှုများရှိနေသည့် ကာလအတွင်း ကော့သောင်းနယ်စပ်မှ တစ်ဆင့် နေရပ်သို့ ပြန်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ သုံးထောင် နီးပါးခန့်ရှိကြောင်း Foundation for Education and Development(FED) ၏ ရုံးတာဝန်ခံ ဦးမိုးဝေထံမှ သိရသည်။

ရနောင်းသို့ပို့သည့် ရေထွက်ကုန် တိုးလာ

ကော့သောင်းမြို့မှ တစ်ဖက်ကမ်း ရနောင်းမြို့သို့ တင်ပို့သည့် ရေထွက်ကုန်များ တိုးလာကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်း ဆိပ်ကမ်းသို့ ရေထွက်ပို့ကုန် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကုန်တန်ချိန် တစ်သိန်း ကိုးသောင်းကျော်၊...

ထိုင်းနိုင်ငံသို့ပို့ခိုင်းသည့် ပါဆယ်ထုပ်အတွင်းမှ စိတ်ကြွဆေးပြား ခြောက်ရာနီးပါးတွေ့

ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ပို့မည့် ပါဆယ်ထုပ်အတွင်းမှ စိတ်ကြွဆေးပြား ခြောက်ရာကျော် တွေ့ရကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဏ္ဏဝါရပ်ကွက် ၊ ကမ်းနားလမ်းရှိ ပဲ့ချိတ်လှေဆိပ်တွင် သြဂုတ်လ ၁၁ ရက်နေ့က ပဲ့ချိတ်မောင်းသူတစ်ဦးသည်...

ထိုင်းတွင် ဖမ်းမိသည့် မြန်မာအလုပ်သမားများအနက် ကိုယ်အပူချိန်မြင့်မားသူ လေးဦးရှိ

ထိုင်းနိုင်ငံ ချွန်ဖွန်မြို့နယ် ထာ့ရန်တိုက်နယ်တွင် ဇူလိုင်လ ၂၂ ရက်နေ့က ဖမ်းမိခဲ့သည့် မြန်မာအလုပ်သမား ၃၂ ဦးအနက် ကိုယ်အပူချိန်မြင့်မားသူ ၄ ဦးရှိကြောင်း မြိတ်-ပရာကျွပ်ညီအစ်မမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ ချွန်ဖွန်ခရိုင်သည် တနင်္သာရီမြို့နယ်...

ရနောင်းတွင် မြန်မာနိုင်ငံသား တစ်ထောင်နီးပါး ပိတ်မိနေ

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား တစ်ထောင်နီးပါး (၉၈၀ ဦး) ရှိနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံ အခြေစိုက်ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသည့် ကော့သောင်း ရွှေ့ပြောင်းအလုပ်သမား ပညာပေးစင်တာထံမှ သိရသည်။

ကိုဗစ်စောင့်ကြည့်စခန်းများ လူပြည့်၊ ထိုင်းပြန်များ ရနောင်းတွင် သောင်တင်

ကော့သောင်း၊ မြိတ်၊ ထားဝယ်ရှိ ကိုရိုနာရောဂါပိုးစောင့်ကြည့်ရေးစခန်းများတွင် လူပြည့်နေပြီဖြစ်သောကြောင့် ရနောင်း-ကော့သောင်းလမ်းမှ နေရပ်ပြန်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လက်မခံနိုင်ဘဲဖြစ်နေကြောင်း ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောသည်။ လက်ရှိတွင် ကော့သောင်း၌ ထိုင်းပြန်ဦးရေ ၂၀ဝ ကျော်ကို စောင့်ကြည့်နေပြီး ဇွန်...

ရနောင်း-ကော့သောင်းလမ်းမှ ပြန်လိုသူများ သံအရာရှိထံ စာရင်းပေး ပြန်နိုင်

ရနောင်း-ကော့သောင်းလမ်းမှ နေရပ်ပြန်လိုသော ထိုင်းရောက်မြန်မာများနှင့် ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံရုံးတွင် စာရင်းပေးသွင်းကာပြန်နိုင်ကြောင်း မြန်မာအလုပ်သမားသံအရာရှိ(ထိုင်းတောင်ပိုင်း) ဦးကျော်စိုးဝေက ပြောသည်။ ကိုဗစ်ကပ်ဘေးကာလအတွင်း ထိုင်း-မြန်မာနယ်ခြား ရနောင်း-ကော့သောင်းနယ်စပ်ဖြတ်ကျော်ဂိတ်ကို ယာယီပိတ်ထားရာ ယင်းလမ်းမှအိမ်ပြန်လိုသော မြန်မာများအနေဖြင့် ရနောင်းမြို့ရှိ မြန်မာအလုပ်သမားသံရုံးတွင်စာရင်းပေးကာ...

ရနောင်းအချုပ်ရှိ နိုင်ငံသား ၁၈၀ နီးပါး ကော့သောင်းနယ်စပ်မှဝင်ရောက်

ထိုင်းတွင် အကျဉ်းကျခံရပြီးနောက် မြန်မာနိုင်ငံပြန်ခွင့်ရပြီးသည့် ရနောင်းလဝကအချုပ်သို့ ရောက်နေသူ ၁၇၈ ဦး မြန်မာနိုင်ငံပြန်ခွင့်ရပြီ ဖြစ်သည်။ ၎င်းတို့သည် တရားမဝင်နေထိုင်မှု အပါအဝင်အမှုအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအချုပ်ထောင်အသီးသီးတွင် ပြစ်မှုကျခံပြီးလွတ်ရက်စေ့သဖြင့် ရနောင်း-ကော့သောင်းလမ်းမှတစ်ဆင့် ပြည်တော်ပြန်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လွှဲပြောင်းပေးရန် ရနောင်းလဝကအချုပ်သို့...

ထိုင်းမှ ပြည်တော်ပြန်များ ကော့သောင်းလမ်းမှ ပြန်ခွင့်ရရန်မရေရာ

ထိုင်းတွင် အကျဉ်းကျခံရပြီးနောက် မြန်မာနိုင်ငံပြန်ခွင့်ရပြီးသည့် ရနောင်းအချုပ်သို့ ရောက်နေသူများနှင့် ရနောင်းခရိုင်တွင်အလုပ်လုပ်ပြီး မြန်မာပြည်ပြန်လိုသည့် သာမန်ရွှေ့ပြောင်းအလုပ်သမားများ ရနောင်း-ကော့သောင်းလမ်းမှ ပြန်လာနိုင်ရန် မရေရာသေးပေ။ အထက်ပါ ရွှေ့ပြောင်းအလုပ်သမားများကို မြန်မာဘက်သို့ပြန်ခွင့်ပြုရန် ထိုင်းအာဏာပိုင်များဘက်က အဆင်သင့်ဖြစ်နေပြီဖြစ်သည်။