ကိုဗစ်ကာလအတွင်း ကော့သောင်း နယ်စပ်မှတစ်ဆင့် နေရပ်ပြန်သူ သုံးထောင်နီးပါးရှိ

0
346
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်-၁၉ ကူးစက်မှုများရှိနေသည့် ကာလအတွင်း ကော့သောင်းနယ်စပ်မှ တစ်ဆင့် နေရပ်သို့ ပြန်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ သုံးထောင် နီးပါးခန့်ရှိကြောင်း Foundation for Education and Development(FED) ၏ ရုံးတာဝန်ခံ ဦးမိုးဝေထံမှ သိရသည်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ရှင်း(FED) သည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ကိုဗစ်ကာလအတွင်း နေရပ်ပြန်နိုင်ရေးအတွက် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် မြန်မာဘက်ရှိ သက်ဆိုင်ရာဌာနတို့အား ချိတ်ဆက်ကာ နေရပ်ပြန်စာရင်း များပြုစုခြင်း၊ ကိုဗစ်နှင့်ပတ်သက်သည့် အသုံးအဆောင်များ၊ ခရီးသွားလာမှု ခက်ခဲသူများနှင့် အစားအသောက်အခက် အခဲရှိသူတို့အား ကူညီပံ့ပိုးပေးခြင်းတို့အား ဆောင်ရွက်နေကြောင်း သိရသည်။

ကော့သောင်းမင်္ဂလာဈေး ယခုနှစ်ကုန်တွင် စဆောက်မည်

ကိုဗစ်ကာလအတွင်း နေရပ်ပြန် မြန်မာရွေ့ပြောင်းအလုပ်သမား နှစ်ထောင် ဦးကျော်နှင့် အချုပ်၊ အကျဉ်းထောင် အသီးသီးတို့မှ လွှတ်မြောက်လာသူ ၇၀ဝ ဦးကျော်တို့မှာ ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ ဝင်ရောက်ခဲ့ကြောင်း FED ကော့သောင်းရုံးတာဝန်ခံ ဦးမိုးဝေက ပြောပြသည်။

ထို့ပြင် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပြည်နယ် ၁၄ ခုမှ အချုပ်နှင့် အကျဉ်းထောင်တို့မှ ပြန်လည်လွတ်မြောက်လာသူ ၃၀ဝ ဦးကျော်အား ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာလ ၈ ရက်နေ့ နောက်ပိုင်းတွင် ကော့သောင်းမြို့သို့ ဝင်ရောက်လာရန် ရှိနေသည်။

မြန်မာနိုင်ငံသို့ ပြန်လာရန်ရှိနေသူများတွင် ထိုင်းနိုင်ငံ၊ ချုံဖွန်ပြည်နယ်၊ လန်စွမ်းခရိုင်ရှိ လန်စွမ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ ၃၀ ဦး ဝန်းကျင် ပါဝင်သည်။

အဆိုပါ လန်စွမ်းအကျဉ်းထောင်မှ လွတ်မြောက်လာသူများအား နိုဝင်ဘာလ ၄ ရက်နေ့က ရနောင်းမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းတို့ထဲတွင် တစ်ဦးအပါဝင်ဖြစ်သူ ဦးယုနိုင်က ပြောပြသည်။

ပြန်လည်ရောက်ရှိလာသည့် နေရပ် ပြန်သူများအား ကော့သောင်းမြို့တွင် ယာယီထားရှိပြီး ပြန်ရမည့် နေရပ်အလိုက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများအား အကြောင်းကြားပြီး ချက်ချင်း ပို့ဆောင်ပေးနေကြောင်း ဦးမိုးဝေက ပြောပြသည်။

မြိတ်သို့ရောက်ရှိလာသည့် မြန်မာ ရွေ့ပြောင်းအလုပ်သမားများအား မြို့အဝင် ကွန်ပျူတာတက္ကသိုလ်ရှိ ကွာရန်တင်းစခန်းသို့ ဝင်ရောက်စေပြီးမှ သက်ဆိုင်ရာနေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးနေကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)