30.5 C
Dawei
Sunday, August 14, 2022
Home Tags မြန်မာလုပ်သား

Tag: မြန်မာလုပ်သား

ရနောင်းတွင် ပိတ်မိနေသည့် မြန်မာလုပ်သားတစ်ရာကျော် အလုပ်လုပ်ခွင့်ရတော့မည်

ပွဲစားလိမ်ခေါ်လာသည့်ပြီး ထိုင်းနိုင်ငံ ရနောင်းမြို့ လနှင့်ချီကြာ ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၁၆၆ဦး ထိုင်းအလုပ်အကိုင်ဌာနတွင် စာရင်းသွင်းထားပြီဖြစ်ပြီး အလုပ်ရှင်ကလည်း အလုပ်ခန့်ထားရန် ဆောင်ရွက်နေပြီဖြစ် ကြောင်း အဆိုပါအလုပ်သမားများနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရုံးထံမှ သိရသည်။ ဧရာဝတီ၊ ပဲခူး၊...

ထိုင်း ကန်ချနဘူရီတွင် တရားမဝင် မြန်မာလုပ်သား ၄၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ကား လေးစီးဖြင့် တရားမဝင်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၃ ဦးကို ယနေ့ (ဩဂုတ် ၃) နံနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကားကာ Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည်။

ထိုင်းတွင် ကားရေထဲကျရာမှပျောက်ဆုံးနေသော မြန်မာလုပ်သားနှစ်ဦး၏အလောင်းကိုရှာတွေ့

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ကားတစ်စီး ရေထဲမျောပါရာမှ ပျောက်ဆုံးနေသည့် မြန်မာအလုပ်သမားနှစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရသည်။ ဇူလိုင်လ ၂၁ ရက် နံနက် ၄နာရီဝန်းကျင်က မြန်မာနှစ်ဦးလိုက်ပါကာ ထိုင်းနိုင်ငံသား မောင်းနှင်သည့်...

ထိုင်းတောင်ပိုင်းတွင် ကားတိုက်မှုကြောင့် မြန်မာလုပ်သား နှစ်ဦးသေဆုံး၊ ၁၃ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖွန်ခရိုင်တွင် တရားမဝင်မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့်ကားနှင့် ကုန်တင်ကား တိုက်မိသဖြင့် မြန်မာနှစ်ဦးနှင့် ထိုင်ငံသားကားမောင်းသူတို့ သေဆုံးကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ချွန်ဖွန်ခရိုင် ထာ့စဲ့ဒေသရှိ ဖက်ခ်ျကစိုမ်လမ်းမပေါ် ကီလိုမီတာ ၄၇၆ တွင် ဇူလိုင်လ ၁၅...

မဟာချိုင်တွင် အလုပ်ထုတ်ခံရသောမြန်မာလုပ်သား ၄၅ဦး လျော်ကြေးဘတ် တစ်သန်းကျော်ရ

ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် ကိုဗစ်ကာလအတွင်း အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၄၅ဦး လျော်ကြေး ဘတ် ၁ ဒသမ ၃ သန်းကျော်ရရှိပြီး ယင်းငွေကို ဇူလိုင်လ ၄ ရက်နေ့တွင် ထုတ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ရက် (MWRN) မှ သိရှိရသည်။

ဘန်ကောက်တွင် မီးလောင်မှုကြောင့် သေဆုံးသူနှစ်ဦးတွင် မြန်မာလုပ်သားတစ်ဦးပါဝင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ဇွန်လ ၂၆ ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် လူ နှစ်ဦးသေဆုံးခဲ့ရာတွင် မြန်မာ အလုပ်သမားတစ်ဦးပါဝင်ကြောင်း ချက်ကရာဝက်ရဲစခန်းမှ ရဲချုပ် Pollawat Phromsorn က ပြောသည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကောက်မြို့တော်...

ထိုင်းနိုင်ငံသား အသတ်ခံရမှုတွင် မြန်မာလုပ်သားသုံးဦးကို တရားစွဲ

ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင် (Hat Yai) တွင် ထိုင်းနိုင်ငံသားအသတ်ခံရမှုနှင့် ပက်သက်၍ မြန်မာအလုပ်သမား သုံးဦးကို တရားစွဲဆိုထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၂၃ ရက်တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ စွန်ခရာခရိုင်၊ ဟတ်ယိုင်မြို့နယ်ရှိ တောထဲ၌ ထိုင်းနိုင်ငံသားတစ်ဦး...

ထိုင်းတွင် နှစ်ရက်အတွင်း တရားမဝင် ဝင်သည့် မြန်မာလုပ်သားနှစ်ရာကျော်အဖမ်းခံရ

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၁၄ ဦး ဖမ်းဆီးရမိကြောင်း ထိုင်းတပ်မတော်က ယ‌နေ့ (ဇွန်၂၁) သတင်းထုတ်ပြန်သည်။ ဇွန်လ ၁၉ရက်နှင့် ၂၀ ရက်တို့တွင် အဖမ်းခံရခြင်းဖြစ်သည်။

မလေးရှား‌သို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၄၇ ဦး အဖမ်းခံရ

မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၇ ဦးကို ဇွန်လ ၁၈ ရက်နေ့တွင် ထိုင်း-မလေးရှားနယ်စပ်ရှိ ရော်ဘာတောထဲ၌ ဖမ်းဆီးရမိကြောင်း မလေးရှားအာဏာပိုင်များက ထုတ်ပြန်သည်။ ထိုင်း-မလေးရှားနယ်စပ် Bukit Kayu Hitam မြို့...

ထိုင်းတွင် မြန်မာလုပ်သား ၅၀ ကျော် အဖမ်းခံရ

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၆ ဦးကို ဧပြီလ ၂၄ရက်နေ့က ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၃၅ ဦး၊...