27.7 C
Dawei
Thursday, August 18, 2022
Home Tags ထီးခီးနယ်စပ်

Tag: ထီးခီးနယ်စပ်

ထီးခီး နယ်စပ်ဂိတ် ပြန်ဖွင့်လို့ ထိုင်းဘက်ကပြော

မြန်မာနဲ့ထိုင်း နှစ်နိုင်ငံကြား ကုန်စည်သယ်ယူ ပို့ဆောင်နိုင်ရေးအတွက် ထီးခီးနယ်စပ်ဂိတ်ကို ထိုင်းနိုင်ငံဖက်မှ စက်တင်ဘာ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီလို့ ထိုင်းဘက်ကဆိုပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူး Jirakiat Phumsawat က မြန်မာပိုင်ထီးခီးနယ်စပ်ဂိတ်ရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ ဖုနန်ရွန်(Phu Nam...

နယ်စပ်ဝင်ပေါက်မှ ITC ကတ်ဖြင့် ဆပ်ပြာ၊ ဆပ်ပြာမှုန်နှင့် သွားတိုက်ဆေး တင်သွင်းခွင့်ပိတ်ပင်

နယ်စပ်ဝင်ပေါက်များမှ တစ်ဦးချင်းကုန်သွယ်မှု မှတ်ပုံတင်လက်မှတ်(ITC) ကတ်ဖြင့် ဆပ်ပြာ၊ ဆပ်ပြာမှုန့်နှင့် သွားတိုက်ဆေး တင်သွင်းခွင့်ကို ဇွန်လ ၄ ရက်နေ့မှ စပြီးတင်သွင်းခွင့်ပိတ်လိုက်သည်။ နိုင်ငံခြားသုံးငွေလျော့ချနိုင်ရေး၊ SME လုပ်ငန်းမှထုတ်လုပ်သည့် ကုန်ပစ္စည်းများဈေးကွက်ယှဉ်ပြိုင်မှု အကာအကွယ် ပေးနိုင်ရေးတို့အတွက် ယင်းကဲ့သို့...

နယ်စပ်မှ စားသောက်ကုန်လေးမျိုး တင်သွင်းခွင့်ကန့်သတ်၊ တနင်္သာရီတိုင်းလည်း အကျုံးဝင်

နယ်စပ်ဂိတ်များမှ စားသောက်ကုန်လေးမျိုး ယာယီတင်သွင်းပိတ်မည့်ညွှန်ကြားချက်တွင် တနင်္သာရီတိုင်းလည်း အကျုံးဝင်ကြောင်း စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပြောကြားသည်။ မေလ ၁ ရက်နေ့မှ စတင်ကာ အချိုရည်မျိုးစုံ၊ ကော်ဖီမစ်နှင့် တီးမစ်မျိုးစုံ၊ Instant ကော်ဖီ၊ နို့ဆီနို့စိမ်း စသည့်စားသောက်ကုန်...

ကိုဗစ်ပိုးကူးစက်မှုမြင့်၍ ထိုင်းနယ်စပ်ဂိတ်နှစ်ခု ယာယီပိတ်

ထိုင်းနိုင်ငံ စမွန်စခွန်ခရိုင်ရှိ မဟာချိုင်ငါးဈေးတွင် ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့်အတွက် မြန်မာနိုင်ငံနှင့် ကူးသန်းရောင်းဝယ်နေသည့် နယ်စပ် ဂိတ်နှစ်ခုကို ယာယီပိတ်လိုက်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။ ထားဝယ်ခရိုင်ရှိ ထီးခီးနယ်စပ် ဂိတ်နှင့် မြိတ်ခရိုင်ရှိ မောတောင်နယ် စပ်ဂိတ်ကို...

ထီးခီးကုန်သွယ်ရေးဇုန်နှင့် မြို့ပြစီမံကိန်းအတွက် မြေဧက တစ်ထောင်ကျော် လျာထား

ထီးခီးနယ်စပ် ကုန်သွယ်ရေးဇုန်နှင့် ထီးခီး Town Plan စီမံကိန်းအတွက် မြေဧက တစ်ထောင်ကျော်ကို လျာထား ညှိနှိုင်းနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။ ထီးခီးနယ်စပ်အနီးတွင် ထီးခီး (မယ့်သမီးခီး) စက်မှုဇုန်ကို...

ထီးခီးနယ်စပ်မှ ဝင်လာသူများကို လက်မခံတော့

ကိုဗစ်ထိန်းချုပ်ရေးဟုဆိုကာ တရားမဝင်ပြန်တော်ပြန်လာသူများကို အရေးယူရေးကိစ္စပြည်ထောင်စု၏ အဖြေမရမမီ ဇွန်လ ၁၄ ရက်နေ့မှစကာ ထီးခီးနယ်စပ်ဂိတ်မှ ဝင်လာသူများကို လက်ခံမည်မဟုတ်တော့ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။ “အရေးယူမယ့်အပိုင်းကတော့ အစိုးရအဖွဲ့ကိုလည်း တင်ပြရမှာပေါ့နော်” ဟု ၎င်းကပြောသည်။

နိုင်ငံခြားအရက်များ တရားဝင် တင်သွင်းခွင့်ပြု

တည်ဆဲဥပဒေအရ ကန့်သတ်ထားသည့် နိုင်ငံခြားအရက်များကို ပြည်ပမှ တရားဝင်တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေလ ၂၅ ရက်နေ့ တွက် ထုတ်ပြန်ကြေညာလိုက်သည်။ အရည်အသွေးအာမခံနိုင်သော ကုန်ပစ္စည်းများ ရောင်းချနိုင်ရန်၊ တရားမဝင် တင်သွင်းမှုကို ထိန်းချုပ်နိုင်ရန်၊ ပြည်တွင်း...

ရနောင်းအချုပ်ရှိ နိုင်ငံသား ၁၈၀ နီးပါး ကော့သောင်းနယ်စပ်မှဝင်ရောက်

ထိုင်းတွင် အကျဉ်းကျခံရပြီးနောက် မြန်မာနိုင်ငံပြန်ခွင့်ရပြီးသည့် ရနောင်းလဝကအချုပ်သို့ ရောက်နေသူ ၁၇၈ ဦး မြန်မာနိုင်ငံပြန်ခွင့်ရပြီ ဖြစ်သည်။ ၎င်းတို့သည် တရားမဝင်နေထိုင်မှု အပါအဝင်အမှုအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအချုပ်ထောင်အသီးသီးတွင် ပြစ်မှုကျခံပြီးလွတ်ရက်စေ့သဖြင့် ရနောင်း-ကော့သောင်းလမ်းမှတစ်ဆင့် ပြည်တော်ပြန်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လွှဲပြောင်းပေးရန် ရနောင်းလဝကအချုပ်သို့...

ထီးခီးနယ်စပ်မှ တစ်ပတ်တစ်ရက် ဂက်စ်တင်သွင်းခွင့်ပြန်ရ

အိမ်သုံးဂက်စ်ကို ထီးခီးနယ်စပ်ဂိတ်မှ တင်သွင်းခွင့်ပြန်ရပြီဖြစ်ကြောင်း ဂက်စ်တင်သွင်းနေသည့် ကုမ္ပဏီထံမှ သိရသည်။ ထီးခီးနယ်စပ်ဂိတ်မှ ဂက်စ်တင်သွင်းခွင့်ကို ပြီးခဲ့သည့်အပတ်က စတင်ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး တစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း တင်သွင်းခွင့်ပြန်ရပြီဖြစ်ကြောင်း ဂက်စ်တင်သွင်းနေသည့် ကစယ်ဒိုထူးကုမ္ပဏီ၏ အရောင်းမန်နေဂျာဒေါ်ခင်မူက ဆိုသည်။

မေတ္တာတံတား ညဘက်ဖြတ်သန်းခွင့် ပိတ်

ထားဝယ်ဒေသမှ ထိုင်းနယ်စပ်သို့ သွားရောက်ရာလမ်းမပေါ်ရှိ အဓိက တံတားတစ်စင်းဖြစ်သော မေတ္တာတံတားကို ဧပြီလ ၁၀ ရက်နေ့မှစတင်ကာ ညဘက်ဖြတ်သန်းခွင့်မပြုတော့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ အဆိုပါတံတားကို ညနေ ၆ နာရီမှ...