Tag: #ထားဝယ်တက္ကသိုလ်
ထားဝယ်တက္ကသိုလ် ဆရာ၊ ဆရာမ နှင့် ဝန်ထမ်း ၁၅၀ နီးပါး အလုပ်ထုတ်ခံရ
ထားဝယ်တက္ကသိုလ်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်သည့် ဆရာ၊ ဆရာမ ၁၀၈ ဦး၊ ဝန်ထမ်း ၄၀ ဦး စုစုပေါင်း ၁၄၈ ဦးအား ရာထူးမှထုတ်ပယ်လိုက်ကြောင်း ယင်းတက္ကသိုလ် စီမံဌာနထံမှ သိရသည်။
ထားဝယ်တက္ကသိုလ်တွင်...
ထားဝယ်တက္ကသိုလ်တွင် ကျောင်းတက်သူ ဆယ်ဦးဝန်းကျင်
တက္ကသိုလ်စတက်ချိန်တွင် ထားဝယ်တက္ကသိုလ်တွင် ကျောင်းလာတက်သည့် နောက်ဆုံးနှစ်ကျောင်းသူ၊ ကျောင်းသား ဆယ်ဂဏန်းသာရှိကြောင်း ယင်းတက္ကသိုလ်မှ ဆရာတစ်ဦးနှင့် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။
တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ နောက်ဆုံးနှစ်အတန်းများကို ယနေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူ...
ထားဝယ်တက္ကသိုလ်တွင် လမ်းမီးတိုင်များစိုက်ရန် ကျပ် ၆၄ သန်းသုံးမည်
ထားဝယ်တက္ကသိုလ်ကျောင်းဝင်းအတွင်း လမ်းမီးတိုင်များစိုက်ရန် ကျပ် ၆၄ သန်းသုံးမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်မှ ဒုပါမောက္ခချုပ် ဒေါက်တာ ချိုချိုမြင့် က ပြောသည်။
တက္ကသိုလ်ကျောင်းဝင်း ဂိတ်ဝမှ ကံ့ကော်အဝိုင်းပတ်အနီးအထိ လမ်းအလယ်ကျွန်းတွင် ဓာတ်မီးတိုင် ၄၀ ကို စိုက်ထူမည်ဖြစ်ကြောင်း...
ထားဝယ်တက္ကသိုလ် ကွာရန်တင်းအခန်းများ ပျက်စီးပြီး ကျန်ရစ်
သြဂုတ်လ ဒုတိယအပတ်က ယာယီ ပိတ်လိုက်ပြီဖြစ်သော ထားဝယ်တက္ကသိုလ် ကွာရန်တင်းစခန်းနှစ်ခုမှာ အပျက်အစီးများဖြစ်ကာ ကျန်ခဲ့ကြောင်း ယင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေက ပြောသည်။
တန်ဖိုးအားဖြင့် မည်မျှပျက်စီးသွားသည်ကို တွက်ချက်ထားခြင်းမရှိသော်လည်း ကွာရန်တင်းစခန်းရှိ ပြတင်းပေါက်မှန်များ ကွဲအက်ခြင်း၊...
အွန်လိုင်းပညာရေးအပေါ် ကျောင်းသားများ၏ သဘောထား စစ်တမ်းကောက်
တက္ကသိုလ်များတွင် အွန်လိုင်းမှ ပို့ချရန် စီစဉ်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး ထားဝယ်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများ၏ သဘောထား စစ်တမ်းတစ်ခုကို အွန်းလိုင်းမှတဆင့် ကောက်ခံနေကြောင်း ယင်းတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာခင်အေးသန်း က ပြောသည်။
အွန်လိုင်းမှ ပို့ချပါက ကျောင်းသားများအတွက်...
ထားဝယ်တက္ကသိုလ် ဆရာများအိမ်ရာ ဆောက်မည်
ထားဝယ်တက္ကသိုလ်အဝင်၀ ဘယ်ဘက်ခြမ်းရှိ မြေနေရာတွင် ဆရာ၊ ဆရာမ ၁၆၀ ဦးနေထိုင်နိုင်မည့် အိမ်ရာတစ်ခု ဆောက်လုပ်မည်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေက ပြောသည်။
အိပ်ခန်း တစ်ခန်းပါ ရှစ်ခန်းတွဲ လေးထပ်တိုက်တစ်လုံး (၃၂ ခန်း)၊...
တက္ကသိုလ်၊ ကောလိပ်များအားလုံးကို အွန်လိုင်းမှ ပို့ချရန် စီစဉ်နေ
အဝေးသင်အပါအဝင် တက္ကသိုလ်၊ ကောလိပ်များအားလုံးကို အွန်းလိုင်းမှပို့ချနိုင်ရန်အတွက် သက်ဆိုင်ရာ တက္ကသိုလ် အစုအဖွဲ့အလိုက် လုပ်ဆောင်ရန် စီစဉ်နေကြောင်း ထားဝယ်မြို့ရှိ တက္ကသိုလ် အချို့ထံမှ သိရသည်။
သင်ခန်းစာလျှော့ချခြင်း၊ သင်ကြားမည့် သင်ခန်းစာများကို ဗီဒီယိုဖိုင် ရိုက်ကူးခြင်းတို့ကို ဝိဇ္ဇာသိပ္ပံတက္ကသိုလ်...
တက္ကသိုလ်များ ပြန်ဖွင့်ရန် မညွှန်ကြားသေး
တက္ကသိုလ်များ ပြန်ဖွင့်ရေးကိစ္စအတွက် ပညာရေးဝန်ကြီးဌာနမှ ဇွန်လ ၁၈ ရက်အထိ တစ်စုံတစ်ရာ ညွှန်ကြားလာခြင်းမရှိသေးကြောင်း ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေက ပြောသည်။
ကျောင်းသားများအကြားတွင်မူ တက္ကသိုလ်များ ဇူလိုင်လအတွင်းပြန်ဖွင့်ကာ ကျန်နေသည့် ဘာသာများ ဖြေရတော့မည်ဖြစ်ကြောင်းနှင့် အဝေးသင်စာစဉ်တင်ခြင်းကို...
ကျူ ဝင်နေသူများကို အကဖြင့် ဖျော်ဖြေမည်
ထားဝယ်မြို့ပေါ်တွင် ၂၁ ရက် အသွားအလာကန့်သတ်စောင့်ကြည့် စခန်းဝင်နေသူများကို မြူးကြွသည့် တေးသီချင်းဖြင့်သီဆိုကာ ကိုယ်လက်လှုပ်ရှား အားကစားတစ်မျိုးဖြစ်သော Physical Fitness Dance ဖြင့် လိုက်လံဖျော်ဖြေမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။
ယင်းအစီအစဉ်ကို ထားဝယ်မြို့ပေါ်ရှိ...
ကွင်းထဲမှ ကျူအခက်အခဲ
တစ်ရွာနှင့်တစ်ရွာ အခက်အခဲကား မတူကြပါ။ ကျူခြင်းဟု လူအများအလွယ်ခေါ်လာကြသော အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းများတွင် တစ်ရွာနှင့်တစ်ရွာ မတူညီသော အခက်အခဲမျိုးစုံကို ရင်ဆိုင်နေကြရသည်။
ကျောင်းအဆောက်အအုံ တစ်ခုသာရှိသော မူလတန်းအဆင့်ကျောင်းသာရှိသော ကျေးရွာများတွင် အမျိုးသား၊ အမျိုးသမီးများကို တစ်ဆောင်တည်းတွင်ထားရှိနေရခြင်း၊ စောင့်ကြည့်ခံနေရသူများသည်...