ထားဝယ်တက္ကသိုလ်တွင် လမ်းမီးတိုင်များစိုက်ရန် ကျပ် ၆၄ သန်းသုံးမည်

0
162
Dawei Watch, Dawei News, Dawei News Media

ထားဝယ်တက္ကသိုလ်ကျောင်းဝင်းအတွင်း လမ်းမီးတိုင်များစိုက်ရန် ကျပ် ၆၄ သန်းသုံးမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်မှ ဒုပါမောက္ခချုပ် ဒေါက်တာ ချိုချိုမြင့် က ပြောသည်။

တက္ကသိုလ်ကျောင်းဝင်း ဂိတ်ဝမှ ကံ့ကော်အဝိုင်းပတ်အနီးအထိ လမ်းအလယ်ကျွန်းတွင် ဓာတ်မီးတိုင် ၄၀ ကို စိုက်ထူမည်ဖြစ်ကြောင်း ဒေါက်တာ ချိုချိုမြင့်က ပြောသည်။

လမ်းမီးတိုင်များမစိုက်မီ တက္ကသိုလ် လမ်းအလယ်ကျွန်းရှိ ကံ့ကော်ပင်များကို အလှသွင်းမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ လမ်းဘေးတစ်ဖက်တစ်လျှောက်ရှိ လမ်းမီးတိုင်များမှာ အလင်းအားနည်းခြင်း၊ မီးကျွမ်းခြင်းကြောင့် မှောင်ရိပ်ကျနေသဖြင့် ကျောင်းသူ၊ ကျောင်းသားများ မှောင်ရိပ်ခိုကာ မူးယစ်ဆေးဝါးသုံးစွဲမည်စိုးသဖြင့် လမ်းအလယ်တွင် ဓာတ်မီးတိုင်များ ထပ်စိုက်ခြင်းဖြစ်သည်ဟု ဒေါ်ချိုချိုမြင့်က ဆိုသည်။