တက္ကသိုလ်များ ပြန်ဖွင့်ရန် မညွှန်ကြားသေး

0
852

တက္ကသိုလ်များ ပြန်ဖွင့်ရေးကိစ္စအတွက် ပညာရေးဝန်ကြီးဌာနမှ ဇွန်လ ၁၈ ရက်အထိ တစ်စုံတစ်ရာ ညွှန်ကြားလာခြင်းမရှိသေးကြောင်း ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေက ပြောသည်။

ကျောင်းသားများအကြားတွင်မူ တက္ကသိုလ်များ ဇူလိုင်လအတွင်းပြန်ဖွင့်ကာ ကျန်နေသည့် ဘာသာများ ဖြေရတော့မည်ဖြစ်ကြောင်းနှင့် အဝေးသင်စာစဉ်တင်ခြင်းကို ဇူလိုင်လအတွင်း အပြီးလုပ်ဆောင်ရမည်ဆိုသည့် ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။

တက္ကသိုလ်ကျောင်းသားများနှင့်ဆိုင်သည့် ဖေ့စ်ဘုတ်စာမျက်နှာအချို့တွင်လည်း ယင်းကဲ့သို့ ရေးသားထားကြပြီး အချို့က ဌာနမှူးပြောကြားချက်ဟုဆိုကာ အသံမက်ဆေ့ချ်များပေးပို့ခြင်းတို့ကြောင့် ယင်းကောလာဟလများကို ယုံကြည်နေသူအချို့လည်း ရှိနေသည်။

“သေချာတော့ စာမထွက်သေးဘူး ပေါ့နော်။ (တက္ကသိုလ်ပြန်ဖွင့်ဖို့) ပြောတော့ ပြောနေကြပြီပေါ့နော်” ဟု ဒေါက်တာသိင်္ဂီရွှေက ဆိုသည်။

ယခုအပတ်အတွင်း အွန်းလိုင်းစနစ်ဖြင့်ပြုလုပ်သော ပညာရေးဝန်ကြီးဌာနနှင့် တက္ကသိုလ်ပါမောက္ခချုပ်များကော်မတီ အစည်းအဝေးသို့ ကိုယ်တိုင်တက်ရောက်ခဲ့သည့် ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုဝေယံဟိန်းကလည်း တက္ကသိုလ်များပြန်ဖွင့်မည့်ကိစ္စကို ပညာရေးဝန်ကြီးက တစ်စုံတစ်ရာပြောကြားခြင်းမရှိကြောင်း ပြောသည်။

“(ပညာရေး)ဝန်ကြီးပြောတာက အခြေခံကျောင်းတွေကတော့ ပြန်ဖွင့်မယ်။ တက္ကသိုလ်တွေ ဘယ်အချိန်ဖွင့် ရမယ်ဆိုတာကိုတော့ သူကိုယ်တိုင်တောင် မသိသေးဘူးလို့ ပြောတယ်” ဟု ကိုဝေယံဟိန်းက ပြောသည်။

ထားဝယ်အဝေးသင်ဌာနကလည်း စာစဉ်တင်သွင်းမည့်ကိစ္စ၊ ကျောင်းအပ် လက်ခံမည့်ကိစ္စတို့ကို တစ်စုံတစ်ရာ အကြောင်းမကြားသေးကြောင်း ဆိုသည်။

ထားဝယ်ခရိုင်ရှိ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားနေ အဆောင်များကိုလည်း နိုင်ငံခြားမှ ပြန်ရောက်လာသူများကို အသွားအလာကန့်သတ်စောင့် ကြည့်ရေးစခန်းအဖြစ် ဖွင့်ထားဆဲ ဖြစ်သည်။

ကျော်သူစိုး