ထားဝယ်တက္ကသိုလ် ဆရာများအိမ်ရာ ဆောက်မည်

0
471

ထားဝယ်တက္ကသိုလ်အဝင်၀ ဘယ်ဘက်ခြမ်းရှိ ‌မြေနေရာတွင် ဆရာ၊ ဆရာမ ၁၆၀ ဦးနေထိုင်နိုင်မည့် အိမ်ရာတစ်ခု ဆောက်လုပ်မည်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေက ပြောသည်။

အိပ်ခန်း တစ်ခန်းပါ ရှစ်ခန်းတွဲ လေးထပ်တိုက်တစ်လုံး (၃၂ ခန်း)၊ အိပ်ခန်း နှစ်ခန်းပါ ရှစ်ခန်းတွဲ လေးထပ်တိုက် သုံးလုံး (၉၆ ခန်း)၊ အိပ်ခန်း သုံးခန်းပါ ရှစ်ခန်းတွဲ လေးထပ်တိုက် တစ်လုံး (၃၂ခန်း) စုစုပေါင်း အိမ်ခန်း ၁၆၀ ခန်းပါ အိမ်ရာစီမံကိန်းကို ဆောက်လုပ်မည်ဖြစ် ကြောင်း ဒေါက်တာသိင်္ဂီရွှေက ပြောသည်။

ယင်းအပြင်လူငါးရာဆန့် Commu- nity Center တစ်ခု၊ ပေ ၅၀_၁၀၀ ပတ်လည် ကိုယ်လက်လှုပ်ရှား အားကစားရုံ တစ်ခု၊ ကားပါကင်၊ လုံခြုံရေးဂိတ်၊ လုံခြုံရေး ကင်မရာတပ် ဆင်ပြီး၊ ရေပေးဝေးရေစနစ်၊ လျှပ်စစ်မီး စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပညာ့ရိပ်သာ အိမ်ရာစီမံကိန်းဟု အမည်ပေးထားသည့် ယင်းစီမံကိန်း ဧရိယာမှာ ခြောက်ဧကရှိကြောင်း ၎င်းက ပြောသည်။

ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား

“ဒီပညာ့ရိပ်သာအိမ်ရာမှာ ကွန်ပျူတာတို့၊ နည်းပညာတို့က ဆရာ၊ ဆရာမ တွေလည်း လာပြီးနေလို့ ရတယ်။ ထားဝယ်တက္ကသိုလ်တစ်ခုတည်းက ပိုင်တာ မဟုတ်ဘူး” ဟု ဒေါက်တာ သိင်္ဂီရွှေက ပြောသည်။

ယင်းအိမ်ရာစီမံကိန်သည် အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ကုမ္ပဏီတစ်ခုက ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင် အစိုးရအစီအစဉ်ဖြင့် ဆောက်လုပ်ထားသော မင်းဓမ္မ အိမ်ရာစီမံကိန်းကို ကုမ္ပဏီတစ်ခုသို့ပေးလိုက်ပြီး အဆိုပါ ကုမ္ပဏီက နယ်တက္ကသိုလ် ၁၃ ခုတွင် အိမ်ရာစီမံကိန်းများကို ပြန်ဆောက်ပေးခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ယင်းအိမ်ရာစီမံကိန်း ဆောက်လုပ်ရန်အတွက် ထားဝယ်တက္ကသိုလ်ဝင်းအတွင်း မြေပြင်စမ်းသပ်ခြင်း လုပ်ငန်းကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

ထားဝယ်တက္ကသိုလ်တွင် ဆောက်မည့် ပညာ့ရိပ်သာ အိမ်ရာစီမံကိန်းသည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှစပြီး လပေါင်း သုံးဆယ် (နှစ်နှစ်ခွဲ) အတွင်း အပြီးဆောက်လုပ်ကာ ပညာရေးဝန်ကြီးဌာနထံ အပ်နှံရမည်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ်ထံမှ သိရသည်။

ကျော်သူစိုး