၂၀၂၀ ရွေးကောက်ပွဲ တနင်္သာရီတိုင်းအတွက် ထူးခြားချက်များ

တနင်္သာရီတိုင်းတွင် ဝင်ပြိုင်ကြမည့် ပါတီအသီးသီးက ကိုယ်စားလှယ်များ စာရင်း ထွက်ပေါ်လာလေပြီ။ ပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလများ၏ တင်သွင်းထားမှုအရ လာမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ် လောင်းဦးရေသည် ပြီးခဲ့သည့်ငါးနှစ်ကထက် တစ်ရာဝန်းကျင် တိုးလာသည်ကို တွေ့ ရှိရသည်။
Dawei Watch, Dawei News, Dawei News Media

ဘုတ်ပြင်းတွင် လူ ၂၀ဝ ကျော် မဲစာရင်းမပါဟု လွှတ်တော်ကိုယ်စားလှယ်နှင့် ရွာသားများပြော

ဘုတ်ပြင်းမြို့နယ်၊ ရွေဂဲညိုကျေးရွာတွင် နိုဝင်ဘာလ နောက်ဆုံးကပ်သည့် မဲစာရင်း၌ လူ ၂၀ဝ ကျော်မှာ အမည်ပါလာခဲ့ခြင်း မရှိကြောင်း ရွာသားများနှင့် ဘုတ်ပြင်းမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မျိုးဝင်းက ပြောသည်။ မဲစာရင်းတွင် အမည်မပါသူများသည် ပုံစံ(၃)...
Dawei Watch, Dawei News, Dawei News Media

မဲဆန္ဒရှင်များအား မဲပြား ခေါက်ချိုးပြီး ထုတ်ပေးသည်ဟုဆို

ထားဝယ်မြို့နယ်၊ ကနိုင်းဒါ ကျေးရွာတွင်ကြိုတင်မဲ ကောက်ယူရာတွင် မဲဆန္ဒရှင်များသို့ မဲလက်မှတ်ထုတ် ပေးရာတွင် မဲပြားအား ခေါက်၍ပေးခြင်း ကြောင့် မဲပေးသည့်သူများအနေနှင့် မိမိမဲပေးလိုသည့် ပါတီအမှတ်တံဆိပ်ရှာရန် အခက်အခဲများ ကြုံရကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ကိုယ်စားလှယ်လောင်း ဦးမောင်သိန်း...
ကြိုတင်မဲစာအိတ်များ မလုံခြုံခြင်းနှင့် ကော်စွန်းနေခြင်းများကို ပယ်မဲအဖြစ် သတ်မှတ်မည်မဟုတ်

ကြိုတင်မဲစာအိတ်များ မလုံခြုံခြင်းနှင့် ကော်စွန်းနေခြင်းများကို ပယ်မဲအဖြစ်သတ်မှတ်မည်မဟုတ်

ကြိုတင်ဆန္ဒမဲများ ပေးရာတွင် မဲလက်မှတ်များ ထည့်သွင်းသည့် စာအိတ်များ မလုံခြုံနေခြင်း၊ အချို့စာအိတ်များတွင် ကော်သုတ်၍ ပိတ်ရာ၌ မဲလက်မှတ်များကို အစွန်းအထင်းဖြစ်ပေါ်စေခြင်းများ ရှိခဲ့ပါကလည်း ပယ်မဲအဖြစ် သတ်မှတ်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။
video

ကရင်ပြည်သူ့ပါတီက ဝင်ပြိုင်မဲ့ စောလူဘွေးဒို

တနင်္သာရီတိုင်းထဲမှာ မဲပေးရွေးချယ်တဲ့ လွှတ်တော် မဲဆန္ဒနယ် ၄၃ နေရာ ရှိပါတယ်။ အဲဒီ ၄၃ နေရာအတွက် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၆၉ ဦး ဝင်ပြိုင်မှာပါ။ ဝင်ပြိုင်သူတွေကို မဲဆန္ဒရှင်တွေ အကဲဖြတ်နိုင်ဖို့ သူတို့ရဲ့ အသံတွေကို ဖော်ပြပေးနေပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ မြိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီများ တိုးလာ

၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မြိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီများတိုးလာကြောင်း မြိတ်ခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ အချိန်က မြိတ်ခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ ခြောက်ခုသာရှိခဲ့ပြီး ယခုလာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ဆယ်ခုအထိရှိလာကြောင်း မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ...
ပယ်မဲအဖြစ် သတ်မှတ်ခံရသည့် မဲဆန္ဒရှင်များ

ရေဖြူတွင် မဲရုံအဖွဲ့ဝင်မှ မဲလက်မှတ်မှားထုတ်ပေး၊ ပယ်မဲသတ်မှတ်

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာမဲရုံ အမှတ်-၅(မိချောင်းအိုင်မဲရုံ) တွင် မဲလက်မှတ် ၄၈ ရွက်ကို မဲရုံအဖွဲ့ဝင်မှ မှားထုတ်ပေးခဲ့ပြီး ယင်းမဲလက်မှတ်များကို မဲရုံမှူးက ပယ်မဲအဖြစ် သတ်မှတ်ခဲ့ကြောင်း ယင်းကျေးရွာသား ဦးကျော်မိုးဦးက ပြောသည်။ တိုင်းဒေသကြီးလွှတ်တော်အမှတ်(၂) အတွက်ပေးရမည့်မဲလက်မှတ်အစား အမျိုးသားလွှတ်တော်မဲလက်မှတ်ကို...

ကွာရန်တင်းဝင်သူများ မဲပေးခွင့်ကိစ္စ အဖြေမထွက်သေး

ကိုဗစ်ကာလ ကွာရန်တင်းဝင်နေသူများ မဲပေးခွင့်ရရေးအတွက် မည်သို့ဆောင်ရွက်မည်ဆိုသည့် အစီအစဉ်မှာ တိတိကျကျမရှိသေးဘဲ တိုင်းအစိုးရအဖွဲ့၊ သက်ဆိုင်ရာ ကွာရန်တင်းစခန်းတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ ကိုဗစ်ဂယက်မှာ မည်သည့်အချိန်အထိ ရှိနေမည်ကို တိတိကျကျ မသိသေးသည့်အချိန်တွင်...
Dawei Watch, Dawei News, Dawei News Media

ရေလုပ်သားများ မဲပေးခွင့်မရ

တိုင်းအတွင်း ရေလုပ်သားအများစုမှာ မဲပေးခွင့်ဆုံးရှုံးနေသည်ဟု ကျွန်းစုမြို့နယ်၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းက ပြောဆိုလိုက်သည်။ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့သည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၄၅ အရ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မိမိမဲဆန္ဒနယ်တွင်မရှိဘဲ ခရီးသွားမည့်ပုဂ္ဂိုလ်များအနေနှင့်...

တိုင်းအတွင်း မြို့ ၆ မြို့တွင် မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲ ဝင်မည်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေဖြူ၊ ပုလော၊ မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်းနှင့် ကော့သောင်း စသည့် မြို့ခြောက်မြို့တွင် မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲဝင်ပြိုင်ရန် လျာထားကြောင်း ယင်းပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် နိုင်စိုးမြင့်ထံမှ သိရသည်။ အဆိုပါ မြို့စာရင်းသည် ကနဦး...