ရေဖြူတွင် မဲရုံအဖွဲ့ဝင်မှ မဲလက်မှတ်မှားထုတ်ပေး၊ ပယ်မဲသတ်မှတ်

0
228
ပယ်မဲအဖြစ် သတ်မှတ်ခံရသည့် မဲဆန္ဒရှင်များ

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာမဲရုံ အမှတ်-၅(မိချောင်းအိုင်မဲရုံ) တွင် မဲလက်မှတ် ၄၈ ရွက်ကို မဲရုံအဖွဲ့ဝင်မှ မှားထုတ်ပေးခဲ့ပြီး ယင်းမဲလက်မှတ်များကို မဲရုံမှူးက ပယ်မဲအဖြစ် သတ်မှတ်ခဲ့ကြောင်း ယင်းကျေးရွာသား ဦးကျော်မိုးဦးက ပြောသည်။

တိုင်းဒေသကြီးလွှတ်တော်အမှတ်(၂) အတွက်ပေးရမည့်မဲလက်မှတ်အစား အမျိုးသားလွှတ်တော်မဲလက်မှတ်ကို မှားယွင်းထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်မိုးဦးကပြောသည်။

“ကျွန်တော်တို့က အဲဒီမဲတွေကို ပယ်မဲအဖြင့်မသတ်မှတ်ပါနဲ့။ မဲဆန္ဒရှင်တွေကို လေးစားသောအားဖြင့် မဲပြန်ပေးခိုင်းပါလို့ တောင်းဆိုတယ်” ဟု ၎င်းက ဆိုသည်။

ပယ်မဲအဖြင့် သတ်မှတ်ခံရသူအမျိုးသမီးလေးဦးကလည်း မဲပြန်ပေးချင်ကြောင်း တောင်းဆိုခဲ့သော်လည်း မဲရုံမှူးက လက်မခံသည့်အပြင် ရေဖြူမြို့နယ်ရွေးကောက်ပွဲကော်မရှင်ကလည်း လက်မခံခဲ့ကြောင်း ၎င်းကပြောသည်။

NLD ပါတီ၏ ပြိုင်ဘက်ပါတီတို့ဘက်ကလည်း မဲပြန်ပေးခွင့်တောင်းဆိုသည်ကို လက်မခံသည်သဖြင့် ပဲမဲအဖြင့်သတ်မှတ်ရသည့် အကြောင်းရင်းတစ်ခုဖြစ်ခဲ့ကြောင်း ၎င်းကပြောသည်။

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် NLD၊ USDP၊ UBP၊ NDF၊ မွန်ညီညွတ်ရေးပါတီ စသည့်ဖြင့် ပါတီငါးပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လတ်တလောတွင် NLD က အသာစီးရရှိထားသည်။

ပုံစာ- ပယ်မဲအဖြစ် သတ်မှတ်ခံရသည့် မဲဆန္ဒရှင်များ