တိုင်းအတွင်း မြို့ ၆ မြို့တွင် မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲ ဝင်မည်

0
479

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေဖြူ၊ ပုလော၊ မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်းနှင့် ကော့သောင်း စသည့် မြို့ခြောက်မြို့တွင် မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲဝင်ပြိုင်ရန် လျာထားကြောင်း ယင်းပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် နိုင်စိုးမြင့်ထံမှ သိရသည်။

အဆိုပါ မြို့စာရင်းသည် ကနဦး လျာထားစာရင်းသာဖြစ်ပြီး အပြောင်းအလဲ ဖြစ်နိုင်သေးကြောင်း သိရသည်။

ရွေးကောက်ပွဲအတွက် လျာထားသည့် မြို့တချို့တို့တွင် မွန်လူဦးရေ နည်းသည့်အတွက် ယှဉ်ပြိုင်ရန် စိတ်အားထက်သန်မှု လျော့နည်းနေ၍ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ကြောင်း နိုင်စိုးမြင့်က ပြောသည်။

ယှဉ်ပြိုင်မည့် မြို့နယ်များနှင့် ကိုယ်စားလှယ်စာရင်းကို ဇူလိုင်လကုန်ခန့်တွင် သိရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြေပြင် မွန်လူဦးရေစာရင်းနှင့် လ.ဝ.က စာရင်း ကွာဟမှုကြောင့် တနင်္သာရီတွင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး မရဖြစ်နေ

‌ရွေးကောက်ပွဲဝင်ရန် လျာထားမြို့များအနက် မြိတ်မြို့တွင် ဇူလိုင်လ ၁၄ ရက်က ပါတီ၏ရုံးခန်းနှင့် ဆိုင်းဘုတ်တင် အခမ်းအနားကို ပြုလုပ်ခဲ့သည်။

မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်းပြီး ပြောင်းလဲဖွဲ့စည်းထာသည့် ပါတီဖြစ်သည်။

မြင့်မိုရ်(မြိတ်)