၂၀၂၀ ရွေးကောက်ပွဲ မြိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီများ တိုးလာ

0
493

၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မြိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီများတိုးလာကြောင်း မြိတ်ခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ အချိန်က မြိတ်ခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ ခြောက်ခုသာရှိခဲ့ပြီး ယခုလာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ဆယ်ခုအထိရှိလာကြောင်း မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးဝင်းကြည်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေကောက်ပွဲတွင် မြိတ်ခရိုင်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားတိုးတက်ရေးပါတီနှင့် ကရင်တိုင်းရင်းသားပါတီတို့ ရှိခဲ့သည်။

အွန်လိုင်းကနေသင်ယူဖို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ အခက်အခဲများ

ယခုရွေးကောက်ပွဲတွင် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ကောင်းကျိုးဆောင်ပါတီတို့ ထပ်မံတိုးလာကြောင်း ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။

“ပါတီတွေက ထပ်တိုးလာသလို မဲဆန္ဒရှင်ဦးရေကလည်း အရင်ထပ်ထပ် ပြီးတိုးလာတယ်” ဟု ၎င်းက ပြောသည်။

မြိတ်ခရိုင်အတွင်း ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကာလက မဲဆန္ဒရှင်လေးသိန်းကျော်ရှိခဲ့ပြီး ယခု ၂၀၂၀ ခုနှစ်တွင် ငါးသိန်းလေးထောင်ကျော်ရှိခဲ့ကြောင်း ခရိုင်ကော်မရှင်အဖွဲ့ခွဲ ထံမှသိရသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် အခြေစိုက်သော ပါတီ ၁၂ ခု ရှိသည်။