တစ်ကိုယ်တော်များ

လက်ရှိတိုင်းအတွင်း ရေဘေးကယ်ဆယ် ကူညီရေးနှင့် ပတ်သက်ပြီး လေ့လာမိသလောက် သတင်းအချက်အလက်များကို  တစ်ဦးချင်းစီ၏ ဖေ့စ်ဘုတ် လူမှုကွန်ရက်များမှ အသိပေးနေသည်ကို တွေ့ရသည်။ တစ်ယောက်တစ်ပေါက် အသိပေးတတ်သလောက် အသိပေးနေသလို ဖြစ်နေသည်။ တစ်ဦးတစ်ယောက်ဟုဆိုရာတွင် ၀န်ကြီးချုပ်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ တစ်ဦးတစ်ယောက်ကိုသာ ဆိုလိုသည့်အတွက် သတင်းအချက် အလက်များကို...
editorial

ဆင်းရဲသူများက သဘာဝပတ်ဝန်း ကျင် ပိုထိန်းရန် လိုသည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အမြဲလိုလို ကြားရ၊ ယူဆကြလေ့ရှိသည်မှာ ချမ်းသာသော နိုင်ငံများနှင့်သာ ဆိုင်သကဲ့သို့ ဖြစ်သည်။ စွမ်းအင်ချွေတာရေး နည်းလမ်းများ၊ သဘာ၀၀န်းကျင်ကို မထိခိုက်စေသော နေထိုင် စားသောက်ပုံစံများ၊ စီမံအုပ်ချုပ်ရေးပုံစံများကို ငွေကြေးကြွယ်ဝချမ်းသာသော နိုင်ငံများတွင် ကျင့်သုံးကြပုံကို မီဒီယာများမှ တစ်ဆင့် အမြဲမပြတ် တွေ့ရလေ့ရှိ သည်။

လျှပ်စစ် သင်ခန်းစာ

လက်ရှိ တနင်္သာရီတိုင်း၏ လျှပ်စစ်အခြေအနေ အထူးသဖြင့် ထားဝယ်နှင့် မြိတ်လျှပ်စစ်အခြေအနေသည် ကုမ္ပဏီတို့၏ လက်ထဲသို့ ၀ကွက်အပ်ထားရပြီး ကုမ္ပဏီတို့ ပြုသမျှ နုနေရသည့် အနေအထား ဖြစ်နေသည်။ မြိတ်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးကို ယခင် မီးလင်းရေးအဖွဲ့ ၉ ဖွဲ့ လက်ထဲ မှ မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီက...
editorial

ဒေသသင်ရိုး တကယ်အားကိုးပါရစေ

ပြီးခဲ့သည့် ရက်ပိုင်းက ကျွန်းစုမြို့နယ်က စာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းသူကျောင်းသားများ ဓနိဖက်ထိုးပြိုင်ကြသည့် ဓာတ်ပုံ လူမှုကွန်ရက်ပေါ် တွင် ပြန့်နှံ့လာသည်။ အသင်းလိုက် ပျော်ရွင် ရယ်မောစွာ ယှဉ်ပြိုင်နေကြသည်ကို တွေ့ရသည်မှာ ကြည့်သူကို အပျော်ကူးစက်စေသည်။ အဆိုပါ ပြိုင်ပွဲသည် ဒေသသင်ရိုး၏...

အချိန်ပိုင်းအလုပ်

တက္ကသိုလ်ကျောင်းသူကျောင်းသားများကို တွေ့သည့်အခါတိုင်း အမြဲတမ်း ခေါင်းထဲ ရောက်လာသည့် အကြောင်းအရာများအနက် တစ်ခုမှာ အချိန်ပိုင်း အလုပ်လုပ်သည့် အလေ့ ထွန်းကားလာစေချင်သည့်ကိစ္စ ဖြစ်သည်။ အလုပ်လုပ်ခြင်းသည် နေ့စဉ်ဘ၀၏ အရာရာကို ပိုမိုလေးနက်စေသည့် အတွက် ကျောင်းသူကျောင်းသားများကြားတွင် အဆိုပါအလေ့ ထွန်းကားစေလို ခြင်း ဖြစ်သည်။

ရန် ငါ စည်းမခြား အခြားနည်းများ

ယခုနှစ်ပိုင်းအတွင်း ဖြစ်ပျက်နေသည့် အခင်းအကျင်းများသည် တိုင်းပြည် အတွက် စိုးရိမ်ဖွယ်ရာ အတိ။ ယင်းအဖြစ်အပျက်များကို ဖြစ်အောင် တွန်းပို့နေသည့် အကြောင်းခြင်းရာ များစွာ ရှိပါသည်။  ယင်းတို့အနက် “ရန် ငါ စည်းခြားခြင်း”ဟူသည့် လူမှု အခြေအနေတစ်ရပ်ကလည်း နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေသည်။
editorial

ပြစ်ဒဏ် ၊ ပြင်ဒဏ်

ပြီးခဲ့သည့်အပတ်က ကျင်းပခဲ့သော တိုင်းလွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်တစ်ဦးက ကျွဲ၊ နွား၊ တိရစ္ဆာန်များ ကားလမ်းမပေါ် တက်သည်ကို ဒဏ်ငွေရိုက်သည့်ကိစ္စအား ဆွေးနွေးမေးခွန်းထုတ်သည်။ “မည်သည့် တည်ဆဲဥပဒေဖြင့် အရေးယူနေသနည်း။ မည်သို့ အသိပညာပေး နေသနည်း” သက်ဆိုင်ရာဝန်ကြီးက ဖြေဆိုရာတွင်...

ဝန်ဆောင်မှုပေးသည့် ဦးဆောင်မှု ဖြစ်ပါစေ

ဝန်ဆောင်မှုပေးသည့် ဦးဆောင်မှု ဖြစ်ပါစေ တိုင်းအတွင်း ကြုံရသည့် အရေးအရာ ကိစ္စများနှင့် ပတ်သက်ပြီး နိုင်ငံရေးရာထူးယူထားသည့် မူဝါဒ ချမှတ်သူများ၊ မူဝါဒများကို အကောင်အထည်ဖော်သည့် သက်ဆိုင်ရာဌာနများက ၀န်ဆောင်မှုပေးနေသည်ဟူသည့် စိတ်ခံယူချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည်ကို မတွေ့ရ၊ မကြားရသလောက် ဖြစ်သည်။

ပြင်ခဏ

ပြီးခဲ့သည့် အပတ်က ထားဝယ်မြိ့ ၀န်ကြီးအိမ်ရာရှေ့ရှိလမ်းတွင် ဆိုင်ကယ်စီးရင်း တစ်ခုခု ထူးသလို ခံစားရသည်။ သေသေချာချာ သတိထားကြည့်တော့ ယင်းလမ်းတွင် နှစ်ပေါက်အောင် ရှိနေသည့် လမ်းလယ်မျဉ်းဖြူ နှစ်ကြောင်းတွင် တစ်ကြောင်းသာ ရှိတော့သည်။ အတော့်ကို ၀မ်းသာ...

စိတ်တိုင်းကျ

တက်္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းထွက်ပြီးပြီဖြစ်သည့်အတွက် စာမေးပွဲအောင်သည့် လူငယ်များ၏ ရှေ့ရေးနှင့် ပတ်သက်ပြီး မိဘများမျိုးစုံ စိတ်ကူးနေကြပြီ ဖြစ်သည်။ သည်အချိန်ရောက်တိုင်း စိတ်ပူမိသည့်အချင်းအရာတစ်ခုမှာ စာမေးပွဲ အောင်သည့် ကျောင်းသူကျောင်းသားများ၏ အနာဂတ်နှင့် ပတ်သက်ပြီး မိဘများ၏ ပါဝင်မှု ဖြစ်သည်။