အထောက်အထားမဲ့ မြန်မာများပါလာသည့်ကား လမ်းဘေးကိုတိုက်မိပြီး ၂ ဦးသေ၊ ၆ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသားများကို တင်ဆောင်လာသော ပစ်ကပ်ကားသည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လမ်းဘေးဆိုင်ခန်းကိုတိုက်မိခဲ့ပြီး မြန်မာနိုင်ငံသား ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ချင်းမိုင်ခရိုင် ဟွတ်ဒေသရှိ...

မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများကို ယာယီအလုပ်လုပ်ခွင့်ပေးရန် ထိုင်းအမတ်တောင်းဆို

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ရှောင်ရှားရန် ထိုင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာနိုင်ငံသားများကို ယာယီ အလုပ်လုပ်ခွင့်ပေးရန်လူ့အခွင့်အရေးလှုပ်ရှားနေသူ ထိုင်းအတိုက်ခံပါတီ၏ လွှတ်တော်အမတ် Kannavee Suebsang က တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံသားများကို လူသားချင်းစာနာမှုဖြင့် ယာယီအလုပ်လုပ်ခွင့်ပြုပြီး အလုပ်သမားလိုအပ်ချက်ကို ဖြည့်ဆည်းရန်...

ရနောင်းတွင် တရားမဝင် မြန်မာလုပ်သားများ တစ်ညတည်း ဆက်တိုက်ဖမ်းဆီးခံရ

ကော့သောင်းမှတစ်ဆင့် ရနောင်းမြို့သို့ တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၉ ဦးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တစ်ညတည်း နေရာသုံးနေရာတွင် တပြိုင်နက် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စစ်ကောင်စီထံ စစ်မှုမထမ်းလိုသော မြန်မာလူငယ်အများအပြားမှာ...

ဘန်ကောက်အနီးတွင်ကျင်းပသည့် တော်လှန်ရေးရန်ပုံငွေပွဲကို ထိုင်းရဲများ လာရောက်တားဆီး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပကန်ခရိုင်တွင် ကျင်းပခဲ့သော စစ်အာဏာရှင်ပြုတ်ကျရေး တော်လှန်ရေးရန်ပုံငွေပွဲကို ထိုင်းရဲတပ်ဖွဲ့က လာရောက်တားဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများနှင့် ပွဲစီစဉ်ထားသူများထံမှ သိရသည်။ စမွတ်ပကန်ခရိုင် ဘန်းစောင်ထုန်းဒေသ ထိုင်ပကန်ဘောလုံးကွင်းတွင် ထိုင်းရောက် မြန်မာနိုင်ငံသားများက အာဏာပြန်ယူ အောင်လံထူ ရန်ပုံငွေ...

ဗီဇာရက်ချိန်း အွန်လိုင်းကလျှောက်နိုင်ဟု ထိုင်းသံရုံးထုတ်ပြန်

ထိုင်းသို့သွားမည့်သူများပြီး ဗီဇာ (ပြည်ဝင်ခွင့်) လျှောက်သူ စုပြုံလာချိန်တွင် လူကိုယ်တိုင်လာလျှောက်နိုင်သလို အွန်လိုင်း ကလည်း ဘွတ်ကင်တင်ပြီး တိုကင်ယူနိုင်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်သည်။ စစ်ကောင်စီတပ်တွင် စစ်မှု...

မြန်မာများ ထိုင်းသို့ တရားမဝင်ဝင်ရောက်မှု ထိထိရောက်ရောက် ဖမ်းဆီးမည်ဟု ဝန်ကြီးချုပ် သတိပေး

ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင့်ဖြင့် ဝင်လာမည့် မြန်မာနိုင်ငံသားများကို ဥပဒေနှင့်အညီ ဖမ်းဆီး အရေးယူသွားမည်ဟု ဝန်ကြီးချုပ် ဆေထာထဝီဆင်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့က သတိပေးပြောဆိုခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီက လာမည့်ဧပြီလကစပြီး အသက် ၁၈ နှစ်ပြည့်ပြီးသား...

ဘန်ကောက်တွင် အာဆီယံပြုတ်ရည် ပြုလုပ်ရောင်းချနေသော မြန်မာလုပ်သားနှစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အာဆီယံပြုတ်ရည် (ဘိန်းစာရွက်ပြုတ်ရည်) ရောင်းချနေသည့် မြန်မာအလုပ်သမား နှစ်ဦးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကပီနယ်မြေ ဟိုဝါမက်ဒေသတွင် ဘိန်းစာရွက်ပြုတ်ရည် ပြုလုပ်ရောင်းချနေသော နေရာထဲသို့ ထိုင်းရဲတပ်ဖွဲ့၊...

ဘန်ကောက်တွင် မြန်မာလုပ်ငန်းရှင်တစ်ဦး အသတ်ခံရပြီး ဘတ် ၅ သန်း ပျောက်ဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ထဲရှိ ဇိမ်ခံကွန်ဒိုတစ်ခုတွင် မြန်မာလုပ်ငန်းရှင်တစ်ဦး အသတ်ခံရပြီးနောက် ပိုင်ဆိုင်သော ဘတ် ၅ သန်း ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။ သေဆုံးသူသည် အသက် ၅၀ ကျော်အရွယ် ကျော်ဇေယျ (ထိုင်းဘာသာ)...

ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၂၇ ဦး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၇ ဦးကို ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တာခ့်ခရိုင် ဖို့ဖရာ့ဒေသရှိ နယ်စပ်တစ်လျှောက်တွင် နယ်ခြားစောင့်တပ်များ...

ထိုင်းတွင် မြန်မာလုပ်သားများအတွက် CI စခန်းများ လာမည့်အပတ်တွင် စဖွင့်မည်

နိုင်ငံကူးလက်မှတ်မရှိသေးသော ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ထုတ်ပေးမည့် စခန်းများကို လာမည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စ၍ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း  7-Eleven စတိုးဆိုင်များမှ စုံစမ်းသိရှိရသည်။ အလုပ်လုပ်ခွင့်လက်မှတ်...