ထိုင်း ဆီတင်သင်္ဘောပေါက်ကွဲမှုတွင် မြန်မာလုပ်သား ခုနစ်ဦးသေဆုံး

ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ခရိုင် မဲကလောင်ဆိပ်ကမ်းတွင် ဇန်နဝါရီလ ၁၇ ရက် နံနက်ပိုင်းက လောင်စာဆီတင်သင်္ဘော ပေါက်ကွဲမီးလောင်မှုတွင် မြန်မာအလုပ်သမား ခုနစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာသံရုံးက ထုတ်ပြန်သည်။ ပေါက်ကွဲမီးလောင်မှုဖြစ်ပွားသည့် ဇန်နဝါရီလ ၁၇ ရက်တွင် မြန်မာအလုပ်သမားတစ်ဦး၏ အလောင်းကိုတွေ့ရှိခဲ့ရပြီး...

မလေးရှားသို့ တရားမဝင်သွားသည့် မြန်မာလုပ်သားများ စီးလာသည့်ကား တိမ်းမှောက်၊ တစ်ဦးဒဏ်ရာရ

ထိုင်းနိုင်ငံတောင်ပိုင်း ဖတ်ထလုံခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား များ လိုက်ပါလာသော ပစ်ကပ်ကားတစ်စီးသည် ယနေ့ (ဇန်နဝါရီ ၁၈) နံနက်ပိုင်းတွင် တိမ်းမှောက်ပြီး တစ်ဦး ဒဏ်ရာ ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အာရှလမ်းမကြီးဖြစ်သော...

ထိုင်းတွင် အိမ်စီးကားမှောက်ပြီး မီးလောင်၊ မြန်မာလုပ်သား ခြောက်ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် မြန်မာအလုပ်သမားများပါသော အိမ်စီးကားတစ်စီးသည် ယနေ့ (ဇန်နဝါရီ ၁၈) နံနက်ပိုင်းတွင် ကားမှောက်ပြီး မီးလောင်ကျွမ်းသဖြင့် ခြောက်ဦးဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ချွန်ဘူရီခရိုင် ဘန့်လမုတ်ဒေသ ပွန်ရွာ ပန်းခြံအနီးရှိ လမ်းပိုင်းတစ်နေရာတွင် ယနေ့နံနက်...

ထိုင်းတွင် လောင်စာဆီတင်သင်္ဘောပေါက်ကွဲပြီး တစ်ဦးသေ၊ မြန်မာသုံးဦးဒဏ်ရာရကာ ခြောက်ဦးပျောက်ဆုံး

ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ခရိုင် မဲကလောင်မြစ်ထဲရှိ လောင်စာဆီတင် သင်္ဘောတစ်စီးပေါ်တွင် ယနေ့ (ဇန်နဝါရီ ၁၇) မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရကာ ပျောက်ဆုံးသူများလည်း ရှိနေကြောင်း Bangkok Post သတင်းဌာနတွင် ဖော်ပြသည်။ မောင်ဒေသ မဲကလောင်မြစ်ပေါ်ရှိ...

ကလေးငယ်များအပါအဝင် တရားမဝင်မြန်မာအလုပ်သမားနှစ်ဆယ်ကျော် ထိုင်းမြောက်ပိုင်းတွင် အဖမ်းခံရ

ကလေးငယ်များအပါအဝင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား နှစ်ဆယ်ကျော်ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်တွင် ဇန်နဝါရီလ ၁၃ ရက် ညက ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အဆိုပါ တရားမဝင် မြန်မာအလုပ်သမားများက  ထိုင်း-မြန်မာနယ်စပ်...

ထိုင်းတွင် စက်ရုံများသို့သွားပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးမည်ဟု မြန်မာသံရုံးထုတ်ပြန်

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများ လုပ်ကိုင်လျက်ရှိသော စက်ရုံ၊ အလုပ်ရုံများသို့ Mobile Team အဖွဲ့များ စေလွှတ်ပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံသံရုံးက ဇန်နဝါရီလ ၁၀ ရက်တွင် ထုတ်ပြန်သည်။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ရက်ချိန်းတိုကင်...

ထိုင်းမြောက်ပိုင်းတွင် ရွှေခိုးယူသွားသော ထိုင်းသူခိုးကို မြန်မာဘက်တွင်ဖမ်းမိ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်တွင် ရွှေဆိုင်တစ်ဆိုင်မှ ရွှေခိုးယူခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက် သွားသော ထိုင်းသူခိုးကို ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်းတွင် ဖမ်းမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထား သည်။ ထိုင်းနိုင်ငံရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ...

တနင်္သာရီဘက်က မှောင်ခိုသွင်းလာသော ကျွဲ၊ နွားအကောင် ၈၀ကျော် ထိုင်းတောင်ပိုင်းတွင် ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် ပရာကျွတ်ခီရီခမ်ခရိုင်တွင် မြန်မာနိုင်ငံက မှောင်ခိုတင်သွင်းလာသော ကျွဲ၊ နွား အကောင်ရေ ၈၆ ကောင်ကို ဖမ်းမိကြောင်း Bangkok Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ပရာကျွတ်ခီရီခန်ခရိုင် ထပ်စခဲဒေသ ဟွေးယန်းရွာဘက်တွင် ဇန်နဝါရီလ ၇...

မဲဆောက်တွင် ရိုဟင်ဂျာများအပါအဝင် မြန်မာလုပ်သား ၇၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်ဒေသတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော ရိုဟင်ဂျာ ၆၀ဦးနှင့် မြန်မာအလုပ်သမား ၁၁ဦးတို့ ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မဲဆောက်ဒေသ ထာ့စိုင်လွတ်ရွာအနီး သင်္ချိုင်းကုန်းအနောက်ရှိ ကြံတောထဲတွင် ပုန်းနေသော ရိုဟင်ဂျာများနှင့်အတူ မြန်မာအလုပ်သမားတို့ကို...

ပတ်စ်ပို့သက်တမ်းတိုး တိုကင်ယူရန် ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့ တန်းစီသူထောင်နှင့်ချီရှိ

ပတ်စ်ပို့သက်တမ်းတိုးရန်အတွက် ရက်ချိန်းတိုကင်ရယူရန် လူကိုယ်တိုင်လာရောက်တန်းစီရမည်ဟု ကြေညာ ခဲ့ပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာအလုပ်သမားထောင်ချီ ယနေ့ (ဇန်နဝါရီ ၇) လာရောက်တန်းစီစောင့်ဆိုင်းနေကြကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ သက်တမ်းတိုးရန် ဇန်နဝါရီလ...