ထိုင်းစက်ရုံတွင် အထောက်အထားမမှန်ဘဲလုပ်ကိုင်သည်ဟုဆိုကာ မြန်မာလုပ်သား ၃၀ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ရယောင်းခရိုင်ရှိ သံလုပ်ငန်းစက်ရုံတွင် အထောက်အထားမှန်ကန်မှုမရှိဘဲ လုပ်ကိုင်နေကြသည်ဟုဆိုကာ မြန်မာအလုပ်သမား ၃၀ ဦးဖမ်းဆီးခံလိုက်ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီလ ၈ ရက်တွင် ထိုင်းအာဏာပိုင်များက ကွင်းဆင်းစစ်ဆေးပြီး ဖမ်းဆီးခြင်းဖြစ်သည်ဟု ဆိုသည်။

ဘန်ကောက် ညဈေးတန်းတွင် ဈေးရောင်းနေသော မြန်မာ ၁၀ကျော် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ နာမည်ကြီးညဈေးတန်းဖြစ်သော ခေါက်စန်လမ်းတွင် တရားမဝင်ဈေးရောင်းချနေ သော မြန်မာအလုပ်သမား ၁၁ဦး ဖေဖော်ဝါရီလ ၇ ရက် ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာများသည် roti နှင့် kebab...

ထိုင်းရောက်အမျိုးသားတစ်ဦး ကြိုးဆွဲချသတ်သေ

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် ရောက်ရှိနေသာ အသက် ၅၆ နှစ်ရွယ် မြန်မာအမျိုးသားတစ်ဦးမှာ မြန်မာနိုင်ငံပြန်ခွင့်မရသဖြင့် ကြိုးဆွဲချ သတ်သေခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။ မြန်မာနိုင်ငံသား စောအောင်ထွန်းသိန်းမှာ ၎င်းနေထိုင်ရာ တိုက်ခန်းဝရံတာတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က...

ထိုင်းတွင် NGO အလုပ်ရမည်ဟုဆိုကာ မြန်မာလုပ်သားထံမှ ငွေလိမ်မှုများရှိလာ

ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် NGO တွင် လုပ်အားခကောင်းကောင်းဖြင့် အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ မြန်မာ အလုပ်သမားများထံမှ ငွေကြေးလိမ်လည်တောင်းခံမှုများရှိလာကြောင်း မြန်မာအလုပ်သမားများက ပြောသည်။ ထိုင်းရောက်မြန်မာများစွာ ရှိနေသည့် All About Bangkok Facebook Group ထဲတွင်...

ထိုင်းတွင် တစ်နှစ်ခွဲအရွယ်မြန်မာကလေးငယ် တစ်ပေအကျယ်ရှိရေတွင်းပေါက်ထဲပြုတ်ကျ၊ အသက်ကယ်နိုင်ခဲ့

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် ဖို့ဖရဒေသတွင် အသက် ၁ နှစ်နှင့် ၇ လအရွယ်ရှိ မြန်မာမိန်းကလေးငယ်တစ်ဦးသည် ယမန်နေ့ ညနေပိုင်းက ရေတွင်းပေါက်ထဲ ပြုတ်ကျသွားခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် အသက်ရှင်လျက် ကယ်တင်နိုင် ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မလေးရှားသွားမည့် မြန်မာလုပ်သား ၅ဝနီးပါး ထိုင်းတွင်ဖမ်းဆီးခံရ၊ ကျပ်သိန်းနှစ်ထောင်လည်းအလိမ်ခံရ

မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား ၄၉ ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံ တနင်္သာရီတိုင်းနယ်စပ်ဖြစ်သော ပရာကျွတ်ခီရီခန်ခရိုင် ကောလတ်ဒေသတွင် ဖေဖော်ဝါရီလ ၄ ရက်က တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာစဉ် ထိုင်းနယ်ခြားစောင့်တပ်က...

ရနောင်းလဝကစခန်းတွင် ဆန္ဒပြတောင်းဆိုသည့်မြန်မာခြောက်ရာကျော်ကို နေရပ်ပြန်ပို့ပြီ

ထိုင်းနိုင်ငံ ရနောင်းခရိုင် လဝကထိန်းသိမ်းရေးစခန်းတွင် လနှင့်ချီကြာထိန်းသိမ်းခံရသဖြင့် နေရပ်ပြန်ပို့ပေးရန် ဆန္ဒပြခဲ့ကြသော မြန်မာနိုင်ငံသား ၆၇၀ ကျော်ကို ယနေ့ ဖေဖော်ဝါရီလ ၂ ရက်တွင် မြန်မာနိုင်ငံ ကော့သောင်းဘက်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ရနောင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။ အမျိုးသား...

ထိုင်း ကော့စမွေကျွန်းတွင် လှိုင်းပုတ်ခံရပြီး ပျောက်ဆုံးသွားသော မြန်မာလုပ်သားအလောင်းပြန်တွေ့

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းရှိ Viewpoint တစ်နေရာတွင် လှိုင်းပုတ်ခံရပြီး ၂ ရက်ကြာ ပျောက်ဆုံးနေသော မြန်မာအလုပ်သမားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ ဖေဖော်ဝါရီလ ၁ရက်တွင် ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနအချို့က ဖော်ပြသည်။ ဇန်နဝါရီလ ၃၀...

ထိုင်းတွင် မြန်မာမိန်းကလေးတစ်ဦး ဓားထောက်အဓမ္မပြုကျင့်ခံရ

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် အသက် ၂၂ နှစ်အရွယ်ရှိ မြန်မာမိန်းကလေးကို ထိုင်းနိုင်ငံသားတစ်ဦးက အလုပ်လျှောက်ပေးမည်ဟု လိမ်လည်ခေါ်ဆောင်ပြီး ဓားထောက်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ဖူထောင်စာခလာ ရဲစခန်းက ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၂၆ ရက် ည ၉...

နေရပ်ပို့မည်ဟု မြန်မာသံရုံးကတိပေးသဖြင့် ရနောင်းလဝကစခန်းရှိ မြန်မာများ ဆန္ဒပြမှုရပ်

ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၆၅၀ကျော် မြန်မာနိုင်ငံသို့ ပြန်ခွင့်ရရန် ဆန္ဒပြတောင်းဆိုချက် ပြေလည်မှုရသဖြင့် ဆန္ဒပြမှုကို ရပ်လိုက်ပြီဖြစ်ကြောင်း ထိန်းသိမ်းခံမြန်မာများက ပြောသည်။ ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းတွင် ရနောင်းအခြေစိုက်...