အခမ်းအနားများကို တာဝန်ရှိ ၀န်ကြီးတစ်ဦးသာ တက်ရောက်စေ သည်ဟုဆို

ဆုပေးပွဲ၊ ဖွင့်ပွဲ အစရှိသည့် အခမ်း အနားများကို ကဏ္ဍအလိုက် တာဝန်ယူ ထားသည့် သက်ဆိုင်ရာဝန်ကြီးတစ်ဦး ကိုသာ တက်ရောက်ရန်စေလွှတ်နေ ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ်နှင့် ၀န်ကြီးအားလုံးနီးပါး အခမ်းအနားများ ကို...

သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့် ဖြင့် လွတ်လာသူထံမှ စိတ်ကြွဆေးပြား တစ်သိန်းနီးပါး ဖမ်းမိ

နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်း သက်သာခွင့်ဖြင့် လွတ်မြောက်လာသည့် အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား တစ်သိန်းနီးပါးဖမ်းမိခဲ့ကြောင်း မြိတ်မြို့မ ရဲစခန်းထံမှ သိရသည်။ ဇူလိုင်လ ၂၆ ရက်က ကလွင်ကျေး ရွာအုပ်စု၊ ကလွင်ရပ်ကွက်ရှိ နှစ်ထပ် တိုက်တစ်ဆောင်တွင် မူးယစ်ဆေးဝါး ရောင်းချသုံးစွဲနေသည်ဆိုသည့်သတင်း အရ သွားရောက်ရှာဖွေရာ အိမ်ခန်း အ၀င်ဝတွင်...

ငါးမဖမ်းရ ရာသီ ငါးခိုးဖမ်းမှုများ ရှိနေဟု ကော့သောင်းဒေသခံ အချို့ဆို

ကမ်းဝေးငါးဖမ်းလှေများ ငါးမဖမ်းရ ရာသီအဖြစ် သတ်မှတ်ထားချိန်တွင် ကမ်းဝေးလှေကြီးအချို့ ငါးခိုးဖမ်းမှုများ ရှိနေကြောင်း ကော့သောင်းမြို့နယ် ပင်လယ်ရွာများမှ ဒေသခံအချို့က ပြောကြသည်။ ညောင်ဝိကျွန်း၊ ငမန်းကျွန်းအပြင် ဘက်၊ လန်ပိကျွန်းနှင့် ကျွန်းမဲကြီးကြား တို့တွင် ငါးဖမ်းလှေကြီးများက ညဘက် လှေမီး အကုန်ပိတ်ကာ ခေါက်တုန့် ခေါက်ပြန်...

မီးကြိုးပြတ်ကျနေကြောင်း GGS ထံ ဖုန်းဆက်သော်လည်း လူဓာတ်လိုက် သေဆုံးချိန်အထိ လာမပြင်ပေးဟုဆို

ထားဝယ်မြို့လယ်ရှိ ကညုံရပ်ကွက် တွင် သစ်ကိုင်းကျိုးပြီး လျှပ်စစ်မီးကြိုး ပြတ်ကျနေကြောင်း GGS ကုမ္ပဏီထံ ဖုန်းဆက် အကြောင်းကြားသော်လည်း လူတစ်ဦးဓာတ်လိုက်သေဆုံးသွားသည့် အချိန်ထိ လာရောက်ပြင်ဆင်ပေးခြင်းမရှိခဲ့ကြောင်း ဓာတ်လိုက်သေဆုံးခဲ့သူ၏ မိသားစုဝင်နှင့် အိမ်နီးချင်းအချို့ထံမှ သိရသည်။ ဇူလိုင်လ ၂၄ ရက် နံနက် ၇ နာရီခန့်...

မင်းရပ်-ကူးတို့လမ်းရှိ ထန်းပင် တစ်ရာနီးပါး ခုတ်လှဲ

လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေး ရွာရှိ မင်းရပ်-ကူးတို့လမ်းဘေး တစ်လျှောက် ပေါက်နေသော ထန်းပင် တစ်ရာနီးပါးကို ရေမြောင်းနှင့်မလွတ်သဖြင့် ခုတ်လှဲထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ ထားဝယ်မြစ်ကမ်း(လောင်းလုံး ဘက်ခြမ်း)မှ မင်းရပ်-ကူးတို့လမ်း တစ်လျှောက် ပေ ၅၀၀၀ အကွာအထိ တိမ်ကောနေသည့် ရေမြောင်းဖောက်လုပ်စဉ် ယင်းရေမြောင်းနှင့် မလွတ်သည့်...

မြိတ်လျှပ်စစ်ဓာတ်အားလုပ်ငန်း တင်ဒါမခေါ်မီ တစ်ယူနစ် ၄၂၀ ကျပ်နှုန်း ကောက်ခံမည်

မြိတ်မြို့အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးတင်ဒါမခေါ်ယူမီ ကြားကာလအတွင်း မီတာခနှုန်းထားကို တစ်ယူနစ်လျှင် ၄၂၀ ကျပ်နှုန်းဖြင့် ကောက်ခံ သွားမည်ဖြစ်ကြောင်း မြိတ်စိမ်းလန်း စွမ်းအင်ကုမ္ပဏီ ဒုတိယစီမံကိန်း ဒါရိုက်တာ ဦးမျိုးအောင်က ပြောကြားခဲ့သည်။ မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီ အနေဖြင့် လျှပ်စစ်မီးစတင်ထုတ်လုပ်ဖြန့် ဖြူးခဲ့သည့်  ယခုနှစ် ဖေဖော်ဝါရီလတွင် ၃၉၀...

အဆင့်တိုးကျောင်းများတွင် ဆရာ၊ ဆရာမ မခန့်ထားနိုင်သေး

တိုင်းအတွင်းရှိ အခြေခံပညာ အဆင့်တိုးကျောင်းများတွင် သင်ကြားပေးမည့် ဆရာ၊ ဆရာမများကို နှစ်လကျော်ကြာ သည်အထိ ခန့်ထားနိုင်ခြင်းမရှိသေးကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံး ထံမှသိရသည်။ တိုင်းအတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း(ခွဲ)မှ အထက်တန်းအထိ စုစုပေါင်း ကျောင်း ၁၈၄ ကျောင်းကို အဆင့်တိုးမြှင့်ကြောင်း...

ထားဝယ်တက္ကသိုလ်တွင် အဏ္ဏ၀ါသိပံ္ပဘာသာရပ် သင်ကြားရန် အစီအစဉ် မရှိသေး

ထားဝယ်တက္ကသိုလ်တွင် အဏ္ဏ၀ါ သိပ္ပံဘာသာရပ်ကို ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ် မရှိသေးကြောင်း ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။ ဇူလိုင်လ ၁၈ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် သရက်ချောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး၏ ထားဝယ်တက္ကသိုလ်တွင်...

ရေဖြူက ရွာနှစ်ဆယ်ကျော် ဖုန်းလိုင်းကိစ္စ ၀န်ကြီးဌာန ဖြေကြားချက်အချို့ ကွဲလွဲဟုဆို

ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာ နှစ်ဆယ်ကျော်၏ ဖုန်းလိုင်းဆက်သွယ် ရေးကိစ်္စနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဖြေကြား ချက်အချို့မှာ မြေပြင်အနေအထားနှင့် ကွဲလွဲနေကြောင်း ရေဖြူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဟန်းဝင်းသိန်းက ပြောသည်။ အိန်္ဒရာဇာ၊ နတ်ကြီးစင်၊ သဲချောင်း ကျေးရွာအုပ်စု သုံးခုရှိ ကျေးရွာ ၂၁ ရွာ...

ကော့သောင်း နန္ဒ၀န်ဈေး စက်တင်ဘာလ ပြီးမည်

ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက် ရှိ နန္ဒ၀န်ဈေးပြန်လည် တည်ဆောက်နေမှု စက်တင်ဘာလတွင် ပြီးစီးမည် ဖြစ်ကြောင်း ကော့သောင်းမြို့နယ် စည်ပင် သာယာရေး အမှုဆောင်အရာရှိ ဦးဘဂွမ်က ပြောသည်။ ယင်းဈေးကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သိန်းငါးထောင်ကျော် (၅၆၅၈သိန်း)ဖြင့် တည်ဆောက်နေခြင်း...