H1N1ရာသီတုပ်ကွေးရောဂါ

ရာသီတုပ်ကွေးရောဂါလက္ခဏာ များ (၁) နှာရည်ယိုခြင်း။ (၂) နှာချေခြင်း။ (၃) ချောင်းခြောက်ဆိုးခြင်း။ (၄) လည်ချောင်းနာခြင်း။

မိဘမဲ့နှင့် ချို့တဲ့သူများ နေထိုင် ပညာသင်နိုင်မည့် လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း လာမည့်နှစ် ကျောင်းသား စလက်ခံမည်

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်တွင် ဆောက်လုပ်နေသည့် နယ်စပ်ဒေသတိုင်း ရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းတွင်  လာမည့်နှစ်တွင် ကျောင်းသားစတင်လက်ခံမည်ဖြစ်ကြောင်း  တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ရေးရာ ၀န်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးထံမှ သိရသည်။ မြေဧရိယာ ၃ ဒသမ ၈၈၃ ဧကပေါ် တွင် နှစ်ထပ်ဆောင်...

ကွန်ပျူတာတက္ကသိုလ် ထုတ်ကုန်ပြပွဲအတွက် ကုန်ကျစရိတ် ပိုသုံးခွင့်ပြု

ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) ထုတ်ကုန်ပြပွဲတွင် ပါဝင်ပြသမည့် ထုတ်ကုန်များ တီထွင်ရာတွင်  ကုန်ကျမည့် စရိတ်ကို ယခင်နှစ်ကထက် ပိုမိုသုံးစွဲခွင့် ပြုထားကြောင်း ယင်းတက္ကသိုလ်ထံမှ သိရသည်။ ကျောင်းသား၊ ကျောင်းသူ တစ်ဖွဲ့ချင်း အလိုက် ကုန်ကျမည့် ကုန်ကျစရိတ်ကို ယမန်နှစ်က ကျပ်သောင်းဂဏန်းဝန်းကျင် သာ ရှိသော်လည်း ယခုနှစ်တွင်...

ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂ ဆဲဗင်းဇူလိုင်တွင် တာဝန်လွှဲမည်

ဇွန်လ ၂၀ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲအရ တက်လာသည့် ထားဝယ် ခရိုင်ကျောင်းသားများသမဂ္ဂ အလုပ်အမှု ဆောင်အဖွဲ့ကို ဇူလိုင်လ ၇ ရက်တွင် တာဝန်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ယင်း ကျောင်းသားများသမဂ္ဂထံမှ သိရသည်။ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂအလုပ်အမှုဆောင်အဖွဲ့သည် ဇူလိုင်လတွင် တာဝန်ကုန်ဆုံးမည်ဖြစ်သည်။

ထားဝယ်အသင်း ဗိုလ်လုပွဲတက်

အသက် ၁၇ နှစ်အောက် မြို့နယ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ထားဝယ်အသင်း ဗိုလ်လုပွဲသို့ တက်ရောက်သွား ပြီဖြစ်သည်။ ဇွန်လ ၂၂ ရက်က ကျင်းပသည့် အကြိုဗိုလ်လုပွဲတွင် ကော့သောင်းမြို့နယ်အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ရငဲဘောလုံးပွဲ ဗိုလ်စွဲသည့်အသင်းကို ကျပ်ရှစ်သိန်းဆုချမည်

ဇူလိုင်လကုန်ပိုင်းတွင် ကျင်းပမည့် သရက်ချောင်းမြို့နယ်ရှိ ရငဲကျေးရွာ အုပ်ချုပ်ရေးမှူးဖလား ကျေးရွာပေါင်းစုံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲသည့် အသင်းအား ဆုငွေ ကျပ်ရှစ်သိန်း ချီးမြှင့် မည်ဖြစ်ကြောင်း ယင်းကျေးရွာအုပ်ချုပ် ရေးမှူးထံမှ သိရသည်။ တနင်္သာရီတိုင်းအတွင်း မြို့နယ် အဆင့်နှင့် ခရိုင်အဆင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပသည့် ဘောလုံးပြိုင်ပွဲများတွင်မူ ပထမဆုကို...

ဟိန္ဒားသတ္တုမိုင်း သက်တမ်းတိုးမည့် ကိစ္စ တတိယအဖွဲ့အစည်း၏ အကြံပြုချက်အတိုင်း လုပ်ဆောင်ပြီးမှသာ လုပ်ခွင့်ပြုရန် တိုင်းအစိုးရ မှတ်ချက်ပေး

ဟိန္ဒားသတ္တုတွင်းတွင် ထုတ်လုပ် ခွင့်ပြုထားသည့် မြန်မာပွန်ပီပက်ကုမ္ပဏီ၏ ထုတ်လုပ်ခွင့်သက်တမ်းတိုးမည့်ကိစ္စနှင့် ပတ်သက်၍ တတိယအဖွဲ့အစည်း၏ အကြံပြုချက်အတိုင်း ကုမ္ပဏီကလုပ် ဆောင်ပြီးမှသာ ခွင့်ပြုသင့်ကြောင်း တိုင်း အစိုးရက ပြည်ထောင်စုအစိုးရထံ သဘောထား မှတ်ချက်ပေးခဲ့သည်ဟု တနင်္သာရီ တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိမ်းသိန်းရေးဝန်ကြီး ဦးလှထွေးက ဆိုသည်။

လောင်းလုံးတွင် သစ်တောဧရိယာမှ ပယ်ဖျက်ထားသော ရွာများရှိ ဒေသခံပိုင်မြေ တိုင်းတာမည်

လောင်းလုံးမြို့နယ်အတွင်းရှိ သစ်တော ဧရိယာမှ ပယ်ဖျက်ထားသည့် ကျေးရွာ များရှိ ဒေသခံတစ်ဦးချင်း၏ နေအိမ်၊ လယ်မြေ စသည့် ဧရိယာတို့ကို တိုင်းတာ သတ်မှတ်မည်ဖြစ်ကြောင်း လောင်းလုံး မြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။ မောင်းမကန်၊ တောရှည်၊ ကျောက် ဆင်၊...

ထားဝယ်မြို့အတွင်း ရပ်ကွက် အသစ်တစ်ခု သတ်မှတ်ရန်ပြင်ဆင်

ထားဝယ်မြို့အတွင်း ရပ်ကွက်အသစ် တစ်ခုသတ်မှတ်နိုင်ရန် ပြင်ဆင်နေ ကြောင်း ထားဝယ်မြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း က ပြောသည်။ မြို့သစ်ဧရိယာကို ရပ်ကွက်အသစ် တစ်ခုသတ်မှတ်နိုင်ရန်အတွက် ဇွန်လ ၁၉ ရက်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဝင်း၊ မြို့နယ်အုပ်ချုပ် ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်း အစရှိသည့်...

မွန်တွင်သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငယ်နှစ်ဦးသေဆုံး

မွန်ပြည်နယ်အတွင်း သွေးလွန် တုပ်ကွေးရောဂါကြောင့် ကလေးငယ် နှစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးထံမှ သိရသည်။ မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ တဖြည်းဖြည်း များပြားလာပြီး ဇွန်လ ၁၇ ရက်ထိ စာရင်းအရ ရောဂါကူးစက်ဖြစ်ပွားသူ  ၃၆၅ ဦးရှိကြောင်း ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ...