အခမ်းအနားများကို တာဝန်ရှိ ၀န်ကြီးတစ်ဦးသာ တက်ရောက်စေ သည်ဟုဆို

0
607

ဆုပေးပွဲ၊ ဖွင့်ပွဲ အစရှိသည့် အခမ်း အနားများကို ကဏ္ဍအလိုက် တာဝန်ယူ ထားသည့် သက်ဆိုင်ရာဝန်ကြီးတစ်ဦး ကိုသာ တက်ရောက်ရန်စေလွှတ်နေ ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ်နှင့် ၀န်ကြီးအားလုံးနီးပါး အခမ်းအနားများ ကို တက်ရောက်နေပါက မူလတာဝန်များ လစ်ဟင်းနိုင်ကြောင်း ပြည်သူအချို့က ပြောဆိုဝေဖန်မှုများ ရှိသည်။

လက်ရှိတွင် နိုင်ငံတော်အဆင့် အခမ်းအနားများမှလွဲပြီး ကျန်သည့် အခမ်းအနားများကို ကဏ္ဍအလိုက် တာဝန် ယူထားသည့် တိုင်းဒေသကြီးဝန်ကြီးကို တက်ရောက်စေသည့်စနစ်ကို လုပ်ဆောင် နေကြောင်း ၀န်ကြီးချုပ်ဦးမြင့်မောင်က ဆိုသည်။

ဇူလိုင်လ ၂၂ ရက်က ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့၏ တတိယ (၁)နှစ်တာ ကာလ သတင်းစာရှင်းလင်းပွဲတွင် တနင်္သာရီအပတ်စဉ်၏ မေးမြန်းမှုအပေါ် ၀န်ကြီးချုပ်က အထက်ပါအတိုင်း ပြောဆို ခဲ့ခြင်းဖြစ်သည်။

“မှန်ပါတယ်။ ကျွန်တော်တို့အဖွဲ့ လိုက် အဖွဲ့လိုက်သွားခြင်းအားဖြင့် အစိုးရ ရဲ့ လုပ်ငန်းတွေအတိုင်းအတာတစ်ခုအထိတော့ ထိခိုက်နိုင်တဲ့ အနေအထားမျိုး ကတော့ ရှိနိုင်ပါတယ်”ဟု ၀န်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

ယခင်က ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ က ဆုပေးပွဲကဲ့သို့ အခမ်းအနားများကို တက်ရောက်နေခြင်းမှာ အားပေးလိုခြင်း၊ ပူးပေါင်းဆောင်ရွက်လိုခြင်း အစရှိသည့် ရည်ရွယ်ချက်များဖြင့် တက်ရောက်နေခြင်း ဖြစ်သည်ဟု နားလည်ကြောင်း ၎င်းက ဆိုသည်။

Dawei Watch