တနင်္သာရီမြို့နယ်သို့ ဆန်သယ်ခွင့် ကန့်သတ်ခံနေရဟုဆို

မြိတ်မြို့မှ တနင်္သာရီမြို့နယ်သို့ ဆန်များ လိုသလောက် သယ်ယူခွင့် မရတော့ဘဲ ကန့်သတ်ခံနေရကြောင်း ဆန်ကုန်သည်များနှင့် ဆန်ရောင်းဝယ်သူများထံမှ သိရသည်။ တနင်္သာရီမြို့က ဆန်ဝယ်နေကျ ဖောက်သည်များ အော်ဒါမှာပြီးနောက် လာရောက်သယ်ယူခြင်း မရှိတော့ ကြောင်း မြိတ်မြို့က ဆန်ရောင်းချသူအချို့ထံမှ...

နိုင်ငံခြားငွေကြေး မူဝါဒသစ်ကြောင့် ရာဘာလုပ်ငန်းရှင်များ အခက်တွေ့

နိုင်ငံခြားငွေကြေးမူဝါဒ အပြောင်းအလဲကြောင့် ရာဘာဈေးမဖွင့်ရဲဘဲ အခြေအနေကို စောင့်ကြည့်နေကြရကြောင်း ထားဝယ်အခြေစိုက် ရာဘာဒိုင်အချို့က ပြောသည်။ ပြည်ပမှ ဝင်ရောက်လာသည့် နိုင်ငံခြားငွေများကို မြန်မာကျပ်အဖြစ် ဝင်ရောက်သည့်နေ့မှ တစ်ရက်အတွင်း ပြောင်းလဲ၍ မြန်မာကျပ်ငွေစာရင်းသို့ ထည့်သွင်းပေးရမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဧပြီလ...

ပုလောမြို့နယ် ကဒဲကျေးရွာတွင် စစ်ကောင်စီတပ်ကားတန်း မိုင်းဆွဲခံရ

ပုလောမြို့နယ်၊ ကဒဲကျေးရွာထိပ်တွင် ယနေ့ (ဧပြီ ၅) ညနေ ၄ နာရီဝန်းကျင်က စစ်ကောင်စီတပ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ပုလောမြို့ဖက်က မောင်းနှင်လာသည့် စစ်ကောင်စီတပ်ကား သုံးစီး တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ဘီယာ ဈေးမြင့်တက်

ထားဝယ်ဈေးကွက်တွင် မတ်လ တတိယပတ်မှစပြီး ဘီယာများ ဈေးတက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ကြရန် နှိုးဆော်နေကြပြီးနောက် စစ်တပ်နှင့် မဆက်နွှယ်သည့် ဘီယာများ ထားဝယ်ဈေးကွက်တွင် ပိုမိုရောင်းချရကာ ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း ထားဝယ်မြို့မှ...

လောင်းလုံး တီဇစ်ကျေးရွာသွားလမ်းတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်ခတ်ခံရ

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာ သွားလမ်းတစ်နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး ဧပြီလ ၄ ရက် ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပစ်ခတ်ခံရသူမှာ ညင်းမော်ကျေးရွာသား အသက် ၄၀ ကျော်အရွယ်...

ဆားထုတ်လတွင် မိုးကြောင့် မွန်ဆားကြမ်းထုတ်လုပ်မှု ရပ်နားထားရ

မိုးရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ ဆားကြမ်းထုတ်လုပ်မှုလုပ်ငန်းများ ရပ်နားထားရကြောင်း ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်အချို့ထံမှ သိရသည်။ မတ်လအတွင်းက ရွာသွန်းခဲ့သည့် မိုးကြောင့် ဆားကွင်းများပျက်စီးပြီး မိုးဆက်လက် ရွာသွန်းနေသည့်အတွက် လက်ရှိတွင် ဆားထုတ်လုပ်မှုကို ရပ်နားထားရကြောင်း ဆားလုပ်ငန်းရှင် အချို့က ပြောသည်။

ကုလားဂုတ်ငါး ဈေးနှစ်ဆနီးပါးတက်

မြိတ်ကမ်းနီးလှေငယ်များက ဖမ်းဆီးရမိသည့်ငါးများအနက် ကုလားဂုတ်ငါးများ ဈေးနှစ်ဆနီးပါး ဈေးပိုရလာကြောင်း ငါးဖမ်းလှေလုပ်ကိုင်ကြသူများက ပြောသည်။ ကုလားဂုတ်ငါးအစိမ်း တစ်ပိဿာ လွန်ခဲ့သည့်သုံးလခန့်က လေးထောင်ငါးရာကျပ်သာရှိခဲ့ရာမှ လက်ရှိတွင် ကျပ်ရှစ်ထောင်ဝန်းကျင်အထိ ဈေးရရှိနေကြောင်း ကမ်းနီးငါးဖမ်းလှေ လုပ်ကိုင်သူများက ဆိုသည်။

တိုက်ပွဲဂယက်ကြောင့် မွန်တွင် ထိုင်းသွင်းကုန်ပစ္စည်းများ ဈေးတက်

မွန်ပြည်နယ်အတွင်း ထိုင်းနိုင်ငံမှတစ်ဆင့် တင်သွင်းနေသည့် စားသောက်ကုန်များနှင့် အသုံးအဆောင် ပစ္စည်းများ ဈေးထပ်မံမြင့်တက်လာကြောင်း ထိုင်းကုန်ပစ္စည်းရောင်းဝယ်နေသူနှင့် စားသုံးသူအချို့တို့ထံမှ သိရသည်။ ထိုင်း-မြန်မာနယ်စပ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား အစည်းအရုံး KNU တပ်တို့အကြား မတ်လကုန်ပိုင်းမှစတင်ကာ...

ကံပေါက်ရွာသား လူငယ်နှစ်ဦး ပစ်ခတ်ခံရ

ရေဖြူမြို့နယ် ကံပေါက်ရွာတွင် ဆိုင်ကယ်စီးလာသည့် အသက် ၂၀ အရွယ် လူငယ်နှစ်ဦး ယနေ့ (ဧပြီ ၄) နေ့လယ် ၁၂ နာရီကျော်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးသွားပြီဟု သတင်းများထွက်ပေါ် နေကြောင်း ဒေသခံအချို့က ပြောဆိုသည်။

စာမေးပွဲဖြေခါနီး ကံပေါက်ဒေသ အထက်တန်းကျောင်းစာစစ်ဌာနအနီးတွင် မိုင်းပေါက်

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ အထက်တန်းကျောင်းစာစစ်ဌာန ကျောင်းအနောက်ဘက် ကိုက် ၁၀၀ ခန့်တွင် ယနေ့ (ဧပြီ ၄) နံနက် ၈ နာရီ ၃၅ မိနစ်ခန့်က မိုင်းပေါက်ကွဲကြောင်း ယင်းစာစစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။