ဘီယာ ဈေးမြင့်တက်

0
1036

ထားဝယ်ဈေးကွက်တွင် မတ်လ တတိယပတ်မှစပြီး ဘီယာများ ဈေးတက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ကြရန် နှိုးဆော်နေကြပြီးနောက် စစ်တပ်နှင့် မဆက်နွှယ်သည့် ဘီယာများ ထားဝယ်ဈေးကွက်တွင် ပိုမိုရောင်းချရကာ ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း ထားဝယ်မြို့မှ နိုင်ငံခြားအရက် လက်လီလက်ကား ဖြန့်ချီရောင်းချ သူတစ်ဦးက ပြောသည်။

လက်ရှိတွင် Chang ၊ Tiger၊ Heineken၊ လီအိုစသော ဘီယာတို့ ဈေးနှုန်းမြင့်တက်လာပြီး Chang ဆိုလျှင် ပစ္စည်းပြတ်သည်အထိ ဖြစ်သွားခဲ့သေးကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

Chang ဘီယာမှာ တစ်ဘူး၊ တစ်ပုလင်းလျှင် ကျပ်နှစ်ရာ၊ သုံးရာဝန်းကျင် ဈေးတက်ကြောင်း ယစ်မျိုးလိုင်စင်ရ အရောင်းဆိုင်အချို့ထံမှ သိရသည်။

Chang တံဆိပ်ဘီယာပုလင်းမှာမူ နှစ်လခန့်ပစ္စည်းပြတ်လပ်သည်အထိဖြစ်ခဲ့ပြီး လွန်ခဲ့သည့် တစ်ပတ်ခန့်မှ စတင်ကာ ဈေးကွက်အတွင်း ပြန်ဝင်လာခြင်းဖြစ်သော်လည်း မှာသလောက်မရကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“လိုသလောက် မရဘူး။ တစ်ဖာ၊ နှစ်ဖာ အဲဒီလောက်ပဲ (မှာယူလို့) ရတယ်” ဟု လောင်းလုံးမြို့နယ်မှ ယစ်မျိုး လိုင်စင်ရ ယမကာဆိုင်ရှင်တစ်ဦးက ပြောဆိုသည်။

Tiger ဘီယာလည်း တစ်ဘူး၊ တစ်ပုလင်းလျှင် ကျပ်သုံးရာခန့် ဈေးတက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

Heineken ဆိုလျှင်လည်း တစ်ပုလင်း ကျပ်သုံးရာဝန်းကျင် ဈေးတက်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဘီယာများမှာ ဝယ်ယူစဉ်ကပင် ဈေးတက်သည့်အပြင် သယ်ယူစရိတ် မြင့်တက်ခြင်းကြောင့်လည်း ဈေးတက်ပြီး ပစ္စည်းနည်းပါးသဖြင့်လည်း ဈေးတင်ရောင်းချခြင်းမျိုးလည်းရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိတွင် စစ်တပ်နှင့် ဆက်စပ်သည့် ဘီယာများမှာ ဈေးကွက်အတွင်း မရှိသလောက် ဖြစ်နေပြီး ရောင်းချသည့် ဆိုင်အနည်းငယ်မှာလည်း မရောင်းရသလောက်အခြေအနေဖြစ်ကြောင်း ယစ်မျိုးလိုင်စင်ရ အရောင်းဆိုင်အချို့ထံမှ သိရသည်။

ထားဝယ်ဒေသတွင် သင်္ကြန်ကာလရောင်လျှင် နှစ်စဉ်နီးပါလည်း အရက်ဘီယာ ဈေးတက်လေ့ရှိကြသည်။