မောတောင်နယ်စပ်ဂိတ် ဩဂုတ် ၁ရက်နေ့ ပြန်ဖွင့်မည်ဟုဆို

ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မောတောင်-စင်းခွန်ဂိတ်ကို လာမည့်ရက်ပိုင်းအတွင်း ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကုန်သည်၊ အေးဂျင့်များနှင့် ကုန်ကားမောင်းသူများထံမှ သိရသည်။ မောတောင်နယ်စပ်ဂိတ်ကို ပြီးခဲ့သည့် ဧပြီလမှစတင်ကာ လေးလကြာပိတ်ထားခြင်းပြီး လာမည့် ဩဂုတ်လ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပြီး...

ဘီးလင်းတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ချောင်းပြကျေးရွာက ဦးပန်းစိန်ဆိုသူ ဇူလိုင်လ ၂၉ ရက်ညတွင် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ သေနတ်သမားတို့သည် ဦးပန်းစိန်ကို နေအိမ်ပေါ်အထိတက်ကာ ပစ်သတ်သွားကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ သေဒဏ်စီရင်မှုများ ဆက်လုပ်မည်ဟု...

လေးလအတွင်း ထိုင်းမှ ပြန်လွှဲပေးသည့် မြန်မာလုပ်သား ၇၅၀ကျော်ရှိ

ယခုနှစ် မတ်လမှ ဇွန်လအထိ လေးလအတွင်း ထိုင်းနိုင်ငံ ရနောင်းမြို့မှ မြန်မာဘက်ရှိ ကော့သောင်းမြို့သို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၅၀ ကျော်ရှိကြောင်း ဘန်‌ကောက်အခြေစိုက်မြန်မာအလုပ်သမားသံအရာရှိရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။ မတ်လ ၁ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား...

မြိတ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရပြီးနောက် ဆိုင်ကယ်ဖမ်းဆီးမှုဆက်တိုက်ဖြစ်လာ

မြိတ်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ဆိုင်ကယ်စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။ မြိတ်မြို့ ကန်ကြီးရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်ဆင့် ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းတွင် တပ်ပြင်ဈေးအတွင်း ဈေးခင်းနေချိန်...

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကနေဒါမှာ ပစ်ခတ်မှုဖြစ်ပြီး...

အလုပ်သမား တရားမဝင်ပို့နေသည့် မြန်မာအမျိုးသမီးတစ်ဦးကို ဖမ်းမိသည်ဟု ထိုင်းရဲပြော

မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံသို့ တရားမဝင် ပို့ဆောင်ပေးနေသော မြန်မာနိုင်ငံသူတစ်ဦးကို တာခ့်ခရိုင်တွင် ဇူလိုင်လ ၂၈ ရက်နေ့က ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့၏ပြောဆိုချက်ကို ကိုးကားကာ ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြဝတီတစ်ဖက်ကမ်း တာခ့်ခရိုင် မဲဆောက်ဒေသတွင် ပုန်းခိုနေသည့် မြန်မာအမျိုးသမီးတစ်ဦးကို...

တနင်္သာရီတိုင်းတွင် အိမ်သုံးဂတ်စ်ပြတ်လပ်မှုဖြစ်လာ၊ အကန့်သတ်ဖြင့်ရောင်းချနေရ

တနင်္သာရီတိုင်းတွင် အိမ်သုံးဂတ်စ်ပြတ်လပ်မှုဖြစ်လာသဖြင့် အကန့်အသတ်ဖြင့် ရောင်းချနေရကြောင်း ဂတ်စ် ရောင်းချသည့် ကုမ္ပဏီနှင့် လက်လီဈေးကွက်အတွင်းမှ သိရသည်။ ဂတ်စ်တင်သွင်းသည့် ကုမ္ပဏီက လက်လီအရောင်းဆိုင်များကို အကန့်အသတ် ခွဲတမ်းဖြင့် ရောင်းချပေးခြင်းကြောင့် လိုသလောက် ဝယ်ယူမရဖြစ်လာပြီး ဈေးကွက်တွင် ဂတ်စ်...

မောင်းမကန်ရွာသားငါးဦး အဖမ်းခံရ

လောင်းလုံးမြို့နယ် မောင်းမကန်ရွာတွင် ယနေ့ (ဇူလိုင် ၂၉) နံနက်ပိုင်းက အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ယနေ့ နံနက် ၄ နာရီခန့်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားသုံးစီးဖြင့် မောင်းမကန် ဈေးလမ်းရှိ...

ပညစ်ရွာ ဆရာတော်၏ ယာဉ်မောင်းဖြစ်သူ ပြန်လွတ်လာ

လောင်းလုံးမြို့နယ် ပညစ်ရွာ ကျောင်းထိုင်ဆရာတော်၏ ယာဉ်မောင်းဖြစ်သူ ဦးမဲမဲ ဇူလိုင်လ ၂၈ ရက်နေ့က ပြန်လည် လွတ်မြောက်လာကြောင်း ဒေသခံများက ပြောသည်။ ဇူလိုင်လ ၂၄ ရက် နံနက်က လောင်းလုံးမြို့ပေါ်က အလှူသို့ကြွသည့် ပညစ်ရွာ...