ကင်းမွန် စျေးကောင်းရ

မိုးရာသီအတွင်း ဖမ်းဆီးရမိနေသည့် ကင်းမွန်များ လက်ရှိအချိန်တွင် စျေးကောင်းရနေကြောင်း ရေလုပ်သားများ ထံမှသိရသည်။ နွေရာသီတွင် ကင်းမွန်အကြီးအငယ်ရောနှော တစ်ကီလို ကျပ် ၅၀၀၀ မှ ၆၀၀၀ ခန့်အထိသာရရှိခဲ့ရာမှ လက်ရှိ မိုးရာသီတွင် ပင်လယ်ရောင်းစျေး တစ်ကီလို...

တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လာ

တနင်္သာရီမြို့နယ် စစ်ဘေးရှောင်ပြည်သူများ ပြီးခဲ့သည့် သီတင်းပတ်မှစတင်ကာ နေရပ်သို့ ပြန်လာနေကြကြောင်း ဒေသခံများထံမှ သိရသည်။ တကူ၊ သရဘွင်၊ သိန္ဒောစသည့် ကျေးရွာအုပ်စုတို့မှ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ပြည်သူများ နေရပ်သို့ ပြန်လာကြကြောင်း ဒေသခံများက ပြောသည်။

မောတောင်နယ်စပ်ဂိတ်ပြန်ဖွင့်၊ ရေခဲစိမ်ကုန်ပစ္စည်းအချို့ တင်ပို့ခွင့်မရ

ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် မောတောင်-စင်းခွန် နယ်စပ်ဂိတ်မှ စတင် ကုန်သွယ်ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း ရေခဲစိမ်ကုန်ပစ္စည်းအချို့ကို တင်သွင်းခွင့် မပေးသေးဘဲ ခေတ္တဆိုင်းငံ့ထားကြောင်း နှစ်နိုင်ငံနယ်စပ် တာဝန်ရှိသူများနှင့်ရင်းနှီးသည့်ကုန်သည်တစ်ဦးက ပြောသည်။ ယင်းနယ်စပ်ဂိတ်ကို ဩဂုတ်လ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပြီး ၂...

မြိတ်ရဲဘက်စခန်းတွင် အကျဉ်းသားလူငယ်တစ်ဦး ကျောက်တုံးပိသေဆုံးဟုဆို

မြိတ်မြို့ ကျောက်ဖြူတောင်ရဲဘက်စခန်းတွင် အကျဉ်းသားတစ်ဦး ကျောက်တုံးပိကာ သေဆုံးသွားကြောင်း ဆွေမျိုးနီးစပ်သူများထံမှ သိရသည်။ ယနေ့ (ဩဂုတ် ၂) နံနက်က ကျောက်ထုတ်စခန်းတွင် အလုပ်လုပ်နေစဉ် ကျောက်တုံး ဦးခေါင်းပေါ်သို့ ပြုတ်ကျပြီးသေဆုံးခဲ့ရကြောင်း ဆွေမျိုးနီးစပ်သူများ ကပြောသည်။

ငရုတ်သီးခြောက်ဈေး တစ်လအတွင်း နှစ်ဆကျော်ခုန်တက်

မြိတ်မြို့ရှိ အခြေခံစားသောက်ကုန်ဈေးကွက်တွင် ငရုတ်သီးခြောက်ဈေးနှုန်းမှာ ဇူလိုင်လအတွင်း နှစ်ဆကျော် မြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ငရုတ်သီးခြောက် (ငရုပ်ပု) တစ်ပိဿာလျှင် ၆၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ ဈေးမြင့်တက်သွားပြီး ငရုတ်သီးခြောက် (ရွှေအပ်) တစ်ပိဿာလျှင်...

မြိတ် သာကေတရပ်ကွက် မီးသတ်ကင်းတဲတွင် ဗုံးပေါက်၊ တပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရဟုဆို

မြိတ်မြို့၊ သာကေတရပ်ကွက်ရှိ မီးသတ်ကင်းတဲတွင် ယနေ့ည ဗုံးပေါက်ကွဲမှုဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၃၀) ည ၈ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦးဒဏ်ရာရသည့်အနက်...

မြိတ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရပြီးနောက် ဆိုင်ကယ်ဖမ်းဆီးမှုဆက်တိုက်ဖြစ်လာ

မြိတ်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ဆိုင်ကယ်စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။ မြိတ်မြို့ ကန်ကြီးရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်ဆင့် ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းတွင် တပ်ပြင်ဈေးအတွင်း ဈေးခင်းနေချိန်...

မြိတ်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခံရ

မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် အပစ်ခံရပြီး ဆေးရုံတွင် အရေးပေါ်ကုသနေရကြောင်း ဒေသခံများ ထံမှသိရသည်။ အသက် ၅၀ ကျော်အရွယ်ရှိ ကန်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဆင့်သည် ဇူလိုင်လ ၂၈ ရက်(ယနေ့)နံနက် ၅ နာရီဝန်းကျင်တွင်...

လမ်းပေါ်ချထားသည့် အထုပ်များကို မကောက်ယူရန် မြိတ်(ပကဖ)သတိပေး

မြိတ်မြို့အတွင်း လမ်းပေါ်ချထားသည့် အထုပ်များအား ကောက်ယူခြင်း မပြုလုပ်ကြရန် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်လိုက်သည်။ ဇူလိုင်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ပြည်သူများ လမ်းပေါ်ရှိ ကိုယ်နှင့် မသက်ဆိုင်သော အရာဝတ္ထုများအား ကောက်ယူခြင်းမပြုကြရန်၊ ဝေးဝေးမှ...

ပဝတ်ကုန်းရွာတွင် သက်ကြီးရွယ်အိုအချို့အပါအဝင် ဒေသခံတစ်ဆယ်ဝန်းကျင် အဖမ်းခံထားရ

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် သက်ကြီးရွယ်အိုအချို့အပါအဝင် ရွာသားဆယ်ဦးဝန်းကျင် ဖမ်းဆီးစစ်ဆေးခံနေရပြီး သုံးရက်ကြာသည်အထိ ပြန်မလွတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၂ ရက်တွင် ပဝတ်ကုန်းကျေးရွာသားအချို့ကို ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် စစ်ဆေးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။