မြိတ်မြို့တွင် စစ်ဘေးရှောင်များတည်းခိုနေသည့်နေအိမ်အချို့ကို ညအချိန်ဝင်စစ်

မြိတ်မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် နေအိမ်အချို့ကို နိုဝင်ဘာလ ၁၄ ရက် ည ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် များက ဝင်ရောက်စစ်ဆေးပြီး လူငယ်တစ်ဦး ဖမ်းဆီးခံရကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။ မြိတ်တောင်နယ်မြေ၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကလွင်ကျေးရွာအုပ်စုအတွင်း...

ကဒဲရွာထဲ ဒရုန်းဖြင့် ဗုံးချခံရ၊ ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရ

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာထဲသို့ ဒရုန်းဖြင့် ဗုံးချခံရပြီး ဇနီးမောင်နှံနှစ်ဦးကို ထိမှန်ကာ ဒဏ်ရာ ပြင်းထန်သောကြောင့် ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က...

တနင်္သာရီ မော်တုံးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး ရွာသားများထွက်ပြေးနေရ

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အနောက်မော်တုံးရွာတွင် တိုက်ပွဲဖြစ်ပြီး ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နိုဝင်ဘာလ ၁၄ ရက် နံနက် ၅ နာရီခွဲဝန်းကျင်မှစတင်ပြီး အနောက်မော်တုံးကျေးရွာအနီးတွင် နှစ်ဖက်တိုက်ပွဲများဖြစ်နေပြီး ရွာသားများ ဘေးလွတ်ရာသို့...

မြိတ်တွင် ငါးအမှုန့်ကြိတ်စက်ရုံကန်အတွင်း အောက်စီဂျင်ပြတ်ပြီး အမျိုးသားသုံးဦးသေဆုံး

မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုံအတွင်းရှိ Vantage ငါးအမှုန့်ကြိတ်စက်ရုံ ငါးကန်အတွင်း အောက်စီဂျင်ပြတ်ပြီး အမျိုးသား သုံးဦးသေဆုံးသွားကြောင်း စက်ရုံတာဝန်ရှိသူနှင့် ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၃ ရက် ည ၈ နာရီဝန်းကျင်က ငါးအမှုန့်ကြိတ်သည့် ပါကေးငါးကန်အတွင်း...

ပုလော မြဒေါင်ရွာသားတစ်ဦး ပစ်သတ်ခံရ

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မြဒေါင်ကျေးရွာတွင် ရွာသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ ထံမှသိရသည်။ အသက် ၅၀ ဝန်းကျင်ရှိ ဦးကျော်စိုးအောင်ဆိုသူကို နိုဝင်ဘာလ ၁၀ ရက်နေ့ ညဦးပိုင်းတွင် မြဒေါင်ရွာစာသင်ကျောင်း အနီး၌ အမည်မသိအဖွဲ့တစ်ဖွဲ့က...

မြိတ်ရာသီပေါ် ဓနိရည်ချိုထုတ်ယူသူ နည်းလာ

မြိတ်မြို့တွင် ဆောင်းရာသီ၏ ရာသီပေါ်အစားအသောက်တစ်ခုဖြစ်သည့် ‌ဓနိရည်ချို ထုတ်ယူသူ နည်းပါးလာနေ ကြောင်း ဓနိလုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သိရသည်။ ပြီးခဲ့သည့် သုံးနှစ်ဝန်းကျင်မှစပြီး ဓနိရည်ချို ထုတ်ယူသူ တဖြေးဖြေးနည်းပါးလာနေပြီး လုပ်ကိုင်သူ သုံးပုံတစ်ပုံခန့်သာ ကျန်တော့ကြောင်း မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာနေသူအချို့က ပြောသည်။

ပုလောတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကျဆုံး

မြိတ်ခရိုင်၊ ပုလောမြို့နယ်တိုက်ပွဲအတွင်း PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁) က ယနေ့ထုတ်ပြန်လိုက်သည်။ နိုဝင်ဘာ ၈ ရက်နေ့ နံက် ၄ နာရီဝန်းကျင်တွင် ကဒဲရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၁) မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ ပထမအကြိမ် တိုက်ပွဲဖြစ်ခဲ့ကြောင်း...

ပုလောတွင် အဖမ်းခံ ရွာသား ၃၀ကျော်ပြန်လွတ်ပြီး ၂၀ကျော် မလွတ်သေး၊ တိုက်ပွဲပြင်းထန်နေ

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ရွာသား ၃၀ကျော် ပြန်လွတ်လာပြီး ပိတပ်ကျေးရွာသား ၂၀ ကျော်မှာ လွတ်မြောက်လာခြင်း မရှိသေးကြာင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ၎င်းတို့က...

ပုလော ထမင်းမစားရွာအနီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်

ပုလောမြို့နယ်၊ ထမင်းမစားရွာအနီးတွင် ယနေ့ ညနေပိုင်းက ဗိုလ်ခေါင်းဖြူတပ်ဟု ခေါ်သည့် ကရင်ပြည်သူ့ ကာကွယ်ရေးတပ် (K-PDF) နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားကြောင်း K-PDF က ထုတ်ပြန်သည်။ ထမင်းမစားရွာနှင့် နန်းပရုပ်ရွာကြား လမ်းကင်းလာယူသည့် စစ်ကောင်စီတပ်အား...

ပုလောတွင် တိုက်ပွဲကြောင့် ရွာသားများထွက်ပြေးနေရပြီး နေအိမ်အချို့မီးရှို့ခံရဟုဆို

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ကျေးရွာကိုးရွာက ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ ယခုရက်ပိုင်းအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ကဒဲ၊ ပဝတ်ကုန်း၊ သင်္ကန်းတော၊ တို၊ ပိတပ်၊ တန်းရှင်း၊ တပို၊...