မြိတ်လျှပ်စစ်တင်ဒါ စိစစ်ပြီးစီး၍ တိုင်းအစိုးရအစည်းအဝေးတွင် ဆက်တင်ပြမည်

မြိတ်မြို့နယ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းတင်ဒါကိစ္စကို တင်ဒါကော်မတီက စိစစ်ပြီးစီး၍ တိုင်းအစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက်တင်ပြမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။ တင်ဒါပြိုင်ထားသည့် ကုမ္ပဏီများကို အမှတ်ပေးစည်းမျဉ်းများနှင့်အညီ စိစစ်ပြီးဖြစ်သည့်အတွက် အနီးစပ်ဆုံး ကျင်းပမည့်  အစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြမည်ဖြစ်ကာ ယင်းအစည်းအဝေးက ရွေးချယ်ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒီပင်္ကရာဘုရားရုပ်ပွားတော် ဖျက်ဆီးသူအား အရေးယူမည်

မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု ပေါ်တော်မူစေတီတော်တွင်ပူဇော်ထားသည့် ဒီပင်္ကရာဘုရားရုပ်ပွားတော်ဖျက်ဆီးသူအား ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း ပေါ်တော်မူစေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအေးစိုးက ပြောကြားသည်။ အသက်နှစ်ဆယ်ကျော်ရှိအမျိုးသားတစ်ဦးမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကဒီပင်္ကရာဘုရားရုပ်ပွားတော်အား ပလ္လင်ပေါ်မှတွန်းချခဲ့သည့်အတွက် ဘုရား၏ဦးခေါင်းတော်ပြုတ်ထွက်ပြီး သင်္ကန်းနှင့် ဘယ်ဘက်လက်‌တော်ကျိုးပဲ့သွားကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးအေးစိုးက ပြောပြသည်။

တောထွင်ကြီးတွင် ဒေါ်လာသန်းတစ်ရာတန်စီမံကိန်း အကောင်အထည်ဖော်မည်

အမေရိကန်ဒေါ်လာ သန်းတစ်ရာ ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းတစ်ခုကို မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု တောထွင်ကြီးကျေးရွာတွင် အကောင် ထည်ဖော်မည်ဖြစ်ကြောင်း Golden Myeik Development Co.Ltd ထံမှ သိရသည်။ အဆိုပါ စီမံကိန်းတွင် ငှက်သိုက် လုပ်ငန်းအပြင်...

တားမြစ်ထားသော်လည်း ရေနဂါး ဈေးကွက်ရှိဆဲ

ငါးလုပ်ငန်း ဦးစီးဌာနမှ တားမြစ် ထားသည့် ရေနဂါးများ ရှားပါးလာ သော်လည်း လက်ရှိအချိန်အထိ ဈေး ကွက်ရှိဆဲဖြစ်ကြောင်း မြိတ်အခြေစိုက် ရေလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။ လွန်ခဲ့သည့် ၄ နှစ်ခန့်က ရေနဂါး များကို လှေတိုင်းတွင် ဖမ်းမိပြီး အကြီး တစ်ကောင် ကျပ် ၂...

ပလောက်မြို့တံတားအနီး စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်

ပုလောမြို့နယ် ပလောက်မြို့ရှိ တံတားအနီးရှိ စစ်ကောင်စီတပ်စစ်ဆေးရးဂိတ်တွင် ဧပြီလ ၁၇ ရက်နေ့က တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံမှ သိရသည်။ စစ်ကောင်စီတပ်သား ၃၀ ခန့် တပ်စွဲထားသည့်...

တနင်္သာရီမြို့မှ ရှေးဟောင်း ပစ္စည်းများ ထားဝယ် ယဉ်ကျေးမှု ပြတိုက်သို့ လွှဲပြောင်း

တနင်္သာရီမြို့နယ်မှ ရှေးဟောင်း ပစ္စည်းများကို ထားဝယ် ယဉ်ကျေးမှု ပြတိုက်သို့ မတ်လ ၁၇ ရက်နေ့က လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း ယင်းမြို့ နယ် စာပေနှင့် ယဉ်ကျေးမှု အမွှေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းထံမှ သိရသည်။ ရှေးဟောင်းပစ္စည်း စုဆောင်းထား သူများမှ ရှေးဟောင်း...

မြိတ်တွင် လျှပ်စစ်မီတာခ ၄၅ ကျပ် ကျဆင်း

မြိတ်မြို့တွင် ဇန်န၀ါရီလအတွက် လျှပ်စစ်မီတာခ နှုန်းထား တစ်ယူနစ်လျှင် ၄၅ ကျပ်ကျဆင်းမည်ဖြစ်ကြောင်း မြိတ်အခြေစိုက် ပုဂ္ဂလိကမီးလင်းရေးလုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သိရသည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် ဇန်န၀ါရီလ ၃၀ ရက်က ပြုလုပ်သည့် မီးလင်းရေးလုပ်ငန်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် မြိတ်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိသူတို့ပါဝင်သည့် မီးလင်းရေးလုပ်ငန်း အစည်းအဝေးတွင်...

ပဝတ်ကုန်းရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ဟုဆို

ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝေဟင်မှ ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KPDF-Palaw) က ထုတ်ပြန်ချက်နှင့် ရုပ်သံမှတ်တမ်းအရ သိရသည်။ ပဝတ်ကုန်းလမ်းဆုံ နှစ်နေရာတွင် စစ်ကောင်စီတပ် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဇူလိုင် ၂၀ ရက်...