
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ
တနင်္သာရီမြို့နယ်မှ ရှေးဟောင်း ပစ္စည်းများကို ထားဝယ် ယဉ်ကျေးမှု ပြတိုက်သို့ မတ်လ ၁၇ ရက်နေ့က လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း ယင်းမြို့ နယ် စာပေနှင့် ယဉ်ကျေးမှု အမွှေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းထံမှ သိရသည်။
ရှေးဟောင်းပစ္စည်း စုဆောင်းထား သူများမှ ရှေးဟောင်း ကြေးထည် ပစ္စည်းမျိုးစုံ ၁၄ မျိုး၊ တနင်္သာရီမြို့၏ ရှေးဟောင်း ဒင်္ဂါး ၁၅ ပြား၊ ရှေးဟောင်း အုတ်ချပ် ၇ ချပ်နှင့် ရိုးရာနဂါးလှေမှ နှစ်ပေါင်း ၁၅၀ခန့် သက်တမ်းရှိ နဂါးခေါင်းနှင့် အမြီးပိုင်း တို့ကို လွှဲပြောင်း ပေးအပ်ခဲ့ကြသည်ဟု သိရ သည်။
အဆိုပါ ပြတိုက်တွင် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်မှ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများကို ထည့်သွင်း ပြသသွားမည် ဟုသိရကြောင်း ဦးသန်းစိုးဝင်းက ပြောသည်။