ဧပြီလ ၁၅ ရက်နေ့ မြိတ် နောက်ဆုံးရ သတင်းများ

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကျွဲခရံ‌ကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာတွင် ဧပြီလ ၁၅ ရက်နေ့က ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာရှိလူငယ်တို့ပူးပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအတွက် ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပညာပေးသရုပ်ဖေါ်ပြသခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ တနင်္သာရီမြို့တွင် ဧပြီလ ၁၆ ရက်နေ့မှစပြီး စည်ပင်အဖွဲ့ပိုင်ဈေးတွင် ခြောက်ပေအကွာဖြင့် ဈေးရောင်/ဝယ်ခြင်း...

မြိတ်တွင် ပလပ်စတစ်အိတ် လျှော့ချရေး စက္ကူအိတ်များ စမ်းသပ် ထုတ်လုပ်

ပလပ်စတစ်အိတ်နှင့် ကြွပ်ကြွပ် အိတ်သုံးစွဲမှု လျော့ကျလာစေရေးအတွက် မြိတ်တွင် စက္ကူအိတ်များကို စမ်းသပ် ထုတ်လုပ်လျက် ရှိသည်။ ကွမ်းသီးဘုတ်ဖက်မှ အစားအသောက်ဆိုင်ရာပစ္စည်းများ ထုတ်လုပ်ခဲ့သည့် ဦးသန်းဇော်ဦးကပင် စက္ကူအိတ်များကို စမ်းသပ်ထုတ်လုပ်နေခြင်း ဖြစ် သည်။ ဦးသန်းဇော်ဦးသည် ရေသန့်ဘူးခွံ...
မြိတ်ငါးလေလံဝင်းအတွင်းရှိ အလုပ်သမားများ

မြိတ်ငါးလေလံဝင်းအတွင်းရှိ အလုပ်သမား ၄၀ နီးပါး မဲပေးခွင့်မရ

“မဲမပေးရတာကို စိတ်မကောင်း ဖြစ်တာ တစ်ခုပဲ။ ထည့်ခွင့်ရရင် အဘတို့လည်း ထည့်ချင်တာပေါ့” ယနေ့ နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲတွင် မြိတ်မြို့ငါးလေလံဝင်းအတွင်းရှိ ဝန်ထမ်းများနှင့် ငါးဖမ်းပိုက်ဖာသည့် အလုပ်သမားများ ၄၀ ဝန်းကျင်မှာ...

ၿမိတ္မီတာခ တစ္ဆယ္က်

မြိတ်မြို့တွင် ဒီဇင်ဘာလအတွက် လျှပ်စစ်မီတာခ နှုန်းထားများမှာ တစ်ဆယ် ကျပ်သာလျော့နည်းခဲ့ကြောင်း ပုဂ်္ဂလိက မီးလင်းရေးလုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလတွင် တစ်ယူနစ် လျှင် ၄၉၅ ကျပ်မှ ဒီဇင်ဘာလအတွက် ၄၈၅ ကျပ် နှုန်းကောက်ခံခဲ့ခြင်း ဖြစ်သည်။   မြင့်မိုရ်(မြိတ်)

ပုလော ကျောင်းနိမ့်ရွာတိုက်ပွဲ ပြည်သူ့ကာကွယ်ရေးတပ်မှ တစ်ဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရ

မြိတ်ခရိုင်၊ ပုလောမြို့နယ်အရှေ့ခြမ်း ကျောင်းနိမ့်ကျေးရွာတိုက်ပွဲအတွင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးသွားပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ပုလောပြည်သူ့ကာကွယ်ရေးအင်အားစု (PPDF) က ယနေ့ ထုတ်ပြန်သည်။ ဇွန်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခွဲမှစတင်ကာ စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့...

မြိတ် ကမ္ဘောဇ မီနီဘဏ်ခွဲ ဓားပြတိုက်သူ မြိတ်စကားပြောသူဖြစ်

မြိတ်မြို့ ကမ္ဘောဇမီနီဘဏ်ခွဲ (၁)တွင် ဘဏ်ဝန်ထမ်းတို့အား သေနတ်ပြ ပြီး ဓားပြတိုက်သူသည် မြိတ်စကားပြော သူဖြစ်ကြောင်း အခင်းဖြစ်စဉ် ဘဏ် အတွင်းရှိနေသူ နှစ်ဦးက ပြောသည်။ အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ကန်ဖျားရပ်ကွက် ကန်ဖျားလမ်းမကြီးရှိ ထိုမီနီဘဏ်...

တပ်မတော်မှသိမ်းထားသည့် ဥယျာဉ်ခြံများ ပြန်စွန့်လွှတ်ပေးရန် ဒေသခံများလိုလား

မြိတ်ခရိုင်၊ ပလောက်မြို့၊ ၀ဇွမ်း အုပ်ကျေးရွာရှိ အမှတ် (၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းအတွက် သိမ်းယူထားသောမြေများကို ပြန်လည် စွန့်လွှတ်ပေးရန် လိုလားနေကြောင်း ယင်းဒေသခံ တောင်သူများက ပြောသည်။ ဝါးဇွမ်းအုပ်ကျေးရွာ၊ နန်းတောင် ကျေးရွာမှ မြေများအပါအဝင် မြေဧက ၃၂၀၀ ကို လွန်ခဲ့သည့် ၂၀၀၁ ခုနှစ်က...

တနင်္သာရီ တကူရွာတွင် စစ်ကောင်စီတပ်နှင့် PDF တို့ ပစ်ခတ်မှုဖြစ်

တနင်္သာရီမြို့နယ် တကူရွာတွင် စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က တကူသံတိုက်ကမ်းနားတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်နှင့် မြစ်တဖက်ကမ်းရှိ...

မြိတ်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ CDM လုပ်ရန် ပကဖ သတိပေး

မြိတ်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း Non CDM များအနေဖြင့် ပြည်သူနှင့်အတူပူးပေါင်းပြီး CDM ပြုလုပ်ရန် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) က နိုဝင်ဘာလ ၂၁ ရက်နေ့က သတိပေးစာ ထုတ်ပြန်သည်။ ဝန်ထမ်းများအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အမြန်ဆုံးချိတ်ဆက်ပြီး စာရွက်စာတမ်းများ အပ်နှံကြရန် နောက်ဆုံးအနေဖြင့် သတိပေးသည်ဟုလည်း ဖော်ပြသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် တော်လှန်ရေးအင်အားစုများက မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများ ဆင်နွဲနေရာ လက်ရှိအချိန်ထိ NUG အမျိုးသားညီညွတ်ရေးအစိုးရ အောက်သို့  ခိုလှုံလာသည့် CDM ဝန်ထမ်း ၁၄၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း NUG က ထုတ်ပြန်ထားသည်။ တနင်္သာရီတိုင်းအတွင်းတွင်လည်း လက်ရှိအချိန်အထိ CDM လုပ်လာသည့် ရဲနှင့် စစ်သည် ၂၃၇ ဦးရှိလာပြီဖြစ်ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ငါးမဖမ်းရရာသီကိစ္စ ရေလုပ်ငန်း ဆက်စပ်သူအများစု မသိ

ယခုနှစ်ငါးမဖမ်းရရာသီတွင် ငါးဖမ်းဆီးခွင့် လုံးဝပိတ်မည့်အပေါ် ရေလုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်း လုပ်ကိုင်နေသူ အများစု မသိသေးဟု ယင်းလုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။ ပြီးခဲ့သည့်နှစ်များကဲ့သို့ ငါးဖမ်း လှေများကို ရာခိုင်နှုန်းအားဖြင့် ဖမ်းဆီး ခွင့်ပေးသွားမည်ဟု ထင်နေကြကြောင်း ရေလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်း လုပ်ကိုင်နေသူတစ်ချို့က ပြောသည်။ ငါးသားပေါက်ရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတို့ကို ငါးမဖမ်းရ...