ဧပြီလ ၁၅ ရက်နေ့ မြိတ် နောက်ဆုံးရ သတင်းများ

0
323

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကျွဲခရံ‌ကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာတွင် ဧပြီလ ၁၅ ရက်နေ့က ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာရှိလူငယ်တို့ပူးပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအတွက် ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပညာပေးသရုပ်ဖေါ်ပြသခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

တနင်္သာရီမြို့တွင် ဧပြီလ ၁၆ ရက်နေ့မှစပြီး စည်ပင်အဖွဲ့ပိုင်ဈေးတွင် ခြောက်ပေအကွာဖြင့် ဈေးရောင်/ဝယ်ခြင်း မပြုလုပ်ပါက ဒဏ်ငွေ ငါးသောင်း ပေးဆောင်ရမည်ဖြစ်သည်။ ထို့ပြင် ဈေးဖွင့်ချိန်အား နံနက် ၆ နာရီမှ ၁၀ နာရီအထိသာဖြစ်ပြီး ဈေးရောင်း ဈေးဝယ်သူများအနေဖြင့် လက်ဆေးခြင်း၊ လက်အိတ်ဝတ်ဆင်ခြင်းနှင့် Fack mask တပ်ဆင်ရမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် စည်ပင်ကော်မတီမှ သိရသည်။


ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား လိုက်နာခြင်းမရှိပါက တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေအပြင် တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

မြိတ်မြို့ မြိတ်တောင်နယ်မြေ မြို့မ ၁ ရပ်ကွက်ရှိ နေအိမ်နှစ်ဆောင်မှာ ဧပြီလ ၁၄ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခိုက်သဖြင့် ပျက်စီးခဲ့ရကြောင်း မြိတ်တောင်နယ်မြေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ သို့သော် လူထိခိုက်မှု မရှိပေ။

ဓာတ်ပုံ-ငြိမ်းချမ်းဦး