ငါးမဖမ်းရရာသီကိစ္စ ရေလုပ်ငန်း ဆက်စပ်သူအများစု မသိ

0
678

ယခုနှစ်ငါးမဖမ်းရရာသီတွင် ငါးဖမ်းဆီးခွင့် လုံးဝပိတ်မည့်အပေါ် ရေလုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်း လုပ်ကိုင်နေသူ အများစု မသိသေးဟု ယင်းလုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။


ပြီးခဲ့သည့်နှစ်များကဲ့သို့ ငါးဖမ်း လှေများကို ရာခိုင်နှုန်းအားဖြင့် ဖမ်းဆီး ခွင့်ပေးသွားမည်ဟု ထင်နေကြကြောင်း ရေလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်း လုပ်ကိုင်နေသူတစ်ချို့က ပြောသည်။
ငါးသားပေါက်ရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတို့ကို ငါးမဖမ်းရ ရာသီအဖြစ် သတ်မှတ်ထားပြီး ပြီးခဲ့သည့် ငါးမဖမ်းရရာသီများက ငါးဖမ်းလှေများ ၏ ၃၅ ရာခိုင်နှုန်းခန့်ကို အလျည့်ကျခွင့်ပြု ပေးခဲ့သော်လည်း ယခုနှစ်တွင် ငါး ဖမ်းဆီးခွင့်ကို လုံးဝ ပိတ်ပင်ထားကြောင်း မြိတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး ဦးစီးမှူး ဦးထွန်းနောင်ဦးက ပြောသည်။