ဒီပင်္ကရာဘုရားရုပ်ပွားတော် ဖျက်ဆီးသူအား အရေးယူမည်

0
835

မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု ပေါ်တော်မူစေတီတော်တွင်ပူဇော်ထားသည့် ဒီပင်္ကရာဘုရားရုပ်ပွားတော်ဖျက်ဆီးသူအား ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း ပေါ်တော်မူစေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအေးစိုးက ပြောကြားသည်။

အသက်နှစ်ဆယ်ကျော်ရှိအမျိုးသားတစ်ဦးမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကဒီပင်္ကရာဘုရားရုပ်ပွားတော်အား ပလ္လင်ပေါ်မှတွန်းချခဲ့သည့်အတွက် ဘုရား၏ဦးခေါင်းတော်ပြုတ်ထွက်ပြီး သင်္ကန်းနှင့် ဘယ်ဘက်လက်‌တော်ကျိုးပဲ့သွားကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးအေးစိုးက ပြောပြသည်။

အရေးယူနိုင်ရန်အတွက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးစိုးကပြောပြသည်။

အဆိုပါ အမျိုးသားမှာဘုရားရင်ပြင်ပေါ်သို့ လာရောက်နေသည်မှာ သုံးရက်ရှိနေပြီး မသင်္ကာသဖြင့်စောင့်‌ကြည့်နေစဉ် ဒီပင်္ကရာဘုရားရုပ်ပွားတော်တည်ရှိသည့် ဘုရားသိမ်သို့ဘုရားလာရောက်ဖူးမြော်သည့် ဘုရားဖူးအမျိုးသမီးတစ်ဦးအားတွေ့ရှိပြီးနောက် ဘုရားအားတွန်းချမိခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌဦးအေးစိုးက ပြောပြသည်။

အဆိုပါအမျိုးသားမှာ မြိတ်တောင်ကျေးရွာအုပ်စု ဘုတ်ချောင်းရွာနေသူဖြစ်ပြီး ဆေးကြောင်မူးယစ်ဆေးသုံးစွဲထားသည်ဟု ယူဆရသူဖြစ်ကြောင်း ကလွင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးက ပြောပြသည်။