တောထွင်ကြီးတွင် ဒေါ်လာသန်းတစ်ရာတန်စီမံကိန်း အကောင်အထည်ဖော်မည်

0
759

အမေရိကန်ဒေါ်လာ သန်းတစ်ရာ ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းတစ်ခုကို မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု တောထွင်ကြီးကျေးရွာတွင် အကောင် ထည်ဖော်မည်ဖြစ်ကြောင်း Golden Myeik Development Co.Ltd ထံမှ သိရသည်။

အဆိုပါ စီမံကိန်းတွင် ငှက်သိုက် လုပ်ငန်းအပြင် ငါးသိုလှောင်ရေးစခန်း၊ စက်မှုလက်မှုလုပ်ငန်းများ၊ လူနေ အဆောက်အအုံ၊ ရေ မီး ပေးဝေရေး လုပ်ငန်းများ ပါဝင်မည်ဖြစ်ပြီး မြေဧက နှစ်ထောင်နီးပါးတွင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း Golden Myeik Development Co.Ltdတာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

တောထွင်ကြီးကျေးရွာသည် Myeik Future Development Public Co.,Ltd (MFD) ကုမ္ပဏီမှ အကောင် ထည်ဖော်နေသည့် မြိတ်စက်မှုဇုန်၏ မြစ်တစ်ဖက်ကမ်းတွင် တည်ရှိပြီး ကျေးရွာနေသူ အများစုမှာ ဒေသထွက်ကုန်တစ် မျိုးဖြစ်သည့် မျှင်ငပိလုပ်ငန်းကို လုပ်ကိုင် ကြသည်။

တောထွင်ကြီးကျေးရွာတွင် အိမ်ခြေတစ်ရာခန့် ရှိသည်။

စီမံကိန်းဝင်ရောက်လာပါက နေအိမ်အဆောက်အအုံများနှင့် မျှင်ငပိလုပ်ငန်း ခွင်နေရာများ မပျောက်ပျက်အောင် ဆောင်ရွက်ပေးစေချင်ကြောင်း တောထွင် ကြီးရွာနေ ဦးညီညီထွေးက ပြောပြသည်။

စီမံကိန်းအား ဆောင်ရွက်ရာတွင် နည်းပညာဆိုင်ရာအကျိုးတူ မိတ်ဖက်နိုင်ငံများအဖြစ် တရုတ်၊ ထိုင်း၊ ဂျပန်နှင့် ကိုးရီးယားတို့နှင့် ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းကာလမှာ ၂၀၂၀ ခုနှစ်မှ စပြီး ၁၅ နှစ်အတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Golden Myeik Development Co.Ltd မှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရရှိရန် ဆောင် ရွက်နေခြင်းကြောင်း အထက်ပါ ကုမ္ပဏီ မှ သိရသည်။

Dawei Watch