ဆေးဝါး၊ အလှကုန်နှင့် အစားအသောက် ဖျက်ဆီး

0
442

ကျပ်သိန်း ၁၅၀ ကျော် တန်ဖိုးရှိ သုံးစွဲရန်မသင့်၊ စားသုံးရန်မသင့်သည့် အလှကုန် ဆေးဝါးနှင့် အစားအသောက် များကို ဒီဇင်ဘာလ ၁၁ ရက်က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDဗ) ထံမှ သိရသည်။

တိုင်းအတွင်းရှိ ခရိုင်သုံးခုတွင် ကွင်းဆင်းစစ်ဆေးစဉ် သိမ်းဆည်းခဲ့သည့် သုံးစွဲရန်မသင့်သည့် အလှကုန်များ၊ သက်တမ်းလွန် ဆေးပစ္စည်းများ၊ မှတ်ပုံတင်မဲ့ ဆေးဝါးများ၊ စားသုံးရန် မသင့်သည့် အစားအသောက်များကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း FDA ဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်မေသန်းနိုင်က ဆိုသည်။

“ပြည်သူများ သုံးစွဲရန် မသင့်တာတွေကို အဓိကထားပြီး ဖျက်ဆီးပါတယ်”ဟု ဒေါ်မေသန်းနိုင်က ပြောသည်။

လက်ရှိဖျက်ဆီးခဲ့သည့် ပစ္စည်းများမှာ ယခုနှစ်အတွင်း သိမ်းဆည်းခဲ့သည့် ပစ္စည်းများဖြစ်ပြီး FDA အနေဖြင့် ငွေကျပ် ၈၉ သိန်းနီးပါးတန်ဖိုးရှိ ဆေးဝါးအလှကုန်နှင့် အစားအသောက်များကို ဖျက်ဆီးခဲ့ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

ထို့အပြင် ဆေးကုမ္ပဏီတစ်ခုကလည်း ငွေကျပ် ၆၅ သိန်းတန်ဖိုးရှိ သက်တမ်းလွန်သည့် ဆေးဝါးပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း တိုင်းဒေသကြီး FDA ထံမှ သိရသည်။

Dawei Watch