ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲ အလှူငွေကျပ် သိန်းတစ်ထောင်ကျော်ရရှိ

0
933

တန်ဆောင်တိုင်ကာလက ကျင်းပခဲ့သည့်၁၁၀ပြည့်နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်လည်ပူဇော်ပွဲမှ အလှူငွေစုစုပေါင်း ကျပ်သိန်းတစ်ထောင့်တစ်ရာကျော်ရရှိခဲ့ကြောင်း ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။

ယခုနှစ်တွင်ထားဝယ်နှစ်ကျိပ်ရှစ် ဆူဘုရားလှည့်ပွဲမှ အလှူငွေ ၁၁၄၄၆၅၁၄၀ ကျပ်ရရှိ၍ ယမန်နှစ် အလှူငွေ ၁၀၂၄၇၃၇၃၁ ကျပ်ထက် အနည်းငယ်ပိုများခဲ့ကြောင်း ဘုရားကြီး ဂေါပကရုံးထံမှ သိရသည်။

ရရှိလာသည့်အလှူငွေများကို ဘုရားကြီး၏လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန် ဖြစ်ပြီး အချို့ကို ဘုရားကြီးအတွင်းရှိ အဆောက်အအုံများ ရေရှည်တည်တံ့အောင် ပြပြင်မွမ်းမံရာတွင် အသုံးပြုကြောင်း ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

ယခုနှစ်တွင် အခြားဒေသမှ ဘုရားဖူးဧည့်သည်များ အနည်းငယ်လျော့ပါးခဲ့ သော်လည်းဒေသခံဘုရားဖူးဧည့်သည်များနှင့်စည်ကားလျက်ရှိသည်ဟု ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဘုရားလှည့်ပွဲမှ ဘုရားကြီးဝင်း အတွင်းအပြင်မှ ဈေးဆိုင်များ၊ စက်ဘီး၊ ဆိုင်ကယ်ကန်ထရိုက်မှ ရရှိငွေ ၁၁၃၀၀၀၀၀ ကျပ်၊ ကလေးကစားလေအိတ်မှ နှစ်သိန်းကျပ်၊ ပညာရေးမိသားစုမှ အလှူငွေကျပ် ၂၀၅၇၄၁၊ ရပ်/ကျေး ငွေပဒေသာပင်မှ ငွေကျပ်၁၀၀၀၀၊ ကုမ္ပဏီ၊ ဘာသာရေး နှင့်လူပုဂ္ဂိုလ်များမှအလှူငွေ၂၁၁၉၉၉ကျပ်၊ နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့် လည်ပူဇော်ပွဲမှ ၉၈၈၂၉၄၀၀ကျပ် ရရှိခဲ့သည် ဟု ဂေါပကအဖွဲ့ထံမှ သိရသည်။

မိုးမြင့်