မြိတ်လျှပ်စစ်မီး တစ်ယူနစ် ၂၈၀ ကိစ္စ ကျန်လများ မသိရသေးဟုဆို

မြိတ်လျှပ်စစ်မီး ဧပြီလအတွက် တစ်ယူနစ်လျှင်၂၈၀ကျပ်အား တိုင်းဒေသကြီးအစိုးရမှသတ်မှတ်ခဲ့ပြီး ကျန်လများမသိရသေးဟု မြိတ်စိမ်းလန်းစွမ်းအင်မီးလင်းရေးကုမ္ပဏီမှစီမံကိန်းဒါရိုက်တာဦးမျိုးအောင်က ပြောသည်။ လျှပ်စစ်မီးတစ်ယူနစ်ကို ၃၈၀ ကျပ် ဖြင့်ကောက်ယူနေရာမှ ကိုဗစ်ကာလအတွင်းလျှော့ချရန်ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်တို့၏ တောင်းဆိုမှုကြောင့် ဧပြီလအတွက်တစ်ယူနစ်လျှင်၂၈၀ကျပ် နှုန်းထားဖြင့် တိုင်းဒေသကြီးအစိုးရမှသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

မြိတ်မင်္ဂလာဆောင်ပွဲ ငွေဒဏ်ချ မှတ်ခံရ၊ ရေဖြူဘုန်းကြီးပျံကိစ္စ တရားရုံးလျှောက်ထားဆဲ

ကိုဗစ်ကပ်ဘေးကာလအတွင်း မြိတ် မြို့တွင် မင်္ဂလာပွဲကျင်းပသူ သုံးဦးကို တစ်ဦးလျှင် ဒဏ်ငွေကျပ်ငါးသောင်းစီချမှတ် လိုက်ပြီး ရေဖြူဘုန်းကြီးပျံကိစ္စမှာ တရားရုံးကို ဦးတိုက်လျှောက်ထားဆဲ ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ မင်္ဂလာဆောင်ကိစ္စတွင် မြစည်းစိမ် ဟိုတယ်မန်နေဂျာ၊ သတို့သားနှင့်သတို့...

ကျေးရွာထွက်ကုန်များ မြိတ်ဈေးကွက်သို့‌ တင်ပို့ရာတွင် အခက်တွေ့

မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများမှထွက်သည့် ငှက်ပျော၊ အုန်း၊ သရက်၊ ဟင်းသီးဟင်းရွက်စသည့် ဥယျာဉ်ခြံထွက်ကုန်များအား မြိတ်ဈေးကွက်သို့ တင်ပို့ရာတွင် ခက်ခဲမှုများရှိနေကြောင်း သိရသည်။ မြိတ်မှ တနင်္သာရီမြို့နယ်သို့ နေ့ချင်းပြန်ပြေးဆွဲနေသည့် အမြန်ရေယာဉ်များမှာ သင်္ကြန်မတိုင်ခင်မှစပြီး လက်ရှိအချိန်ထိ ရပ်နားထားသဖြင့်...

ကျွန်းစုရှိ ကျေးရွာနှစ်ဆယ်ကျော်ခန့် ကဏန်းဖမ်းလုပ်ငန်း ရပ်နား

ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းနဘေးရှိ ကျေးရွာနှစ်ဆယ်ကျော်ခန့် ကဏန်းဖမ်းလုပ်ငန်းများရပ်နားထားရကြောင်း မြိတ်မြို့ရှိကဏန်းအဝယ်ဒိုင်များထံမှ သိရသည်။ ကိုရိုနာဗိုင်းရပ်မဖြစ်မီကတစ်ရက်လျှင် ကဏန်းပိဿာချိန်ထောင်ချီဝယ်ယူနေသည့် ကဏန်းအဝယ်ဒိုင်ကြီးများအနေနှင့် ယခုအခါပိဿာချိန်နှစ်ရာခန့်သာ ဝယ်ယူနိုင်တော့ကြောင်းကဏန်းအဝယ် ဒိုင်ပိုင်ရှင်များက ပြောကြားသည်။ “ပင်လယ်ရွာနှစ်ဆယ်ကျော်က လူသုံးရာလောက်က ကျွန်တော့ဖောက်သည်တွေ...

မြိတ်လျှပ်စစ်မီးတစ်ယူနစ် ကျပ် ၂၈၀ အထိ လျှော့ချပေးရန်တောင်းဆို

ကိုဗစ် ၁၉ ကပ်ဘေးဖြစ်ပွားနေသည့်ကာလအတွင်း တစ်ယူနစ်လျှင်ကျပ်၂၈၀ နှုန်းဖြင့်လျှော့ချပေးရန် လွှတ်တော်ကိုယ်စားလှယ်နှင့် မြိတ်ဒေသခံများက တောင်းဆိုလိုက်ကြသည်။ ဧပြီလ ၂၃ ရက်က မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးတွင်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ကျွန်းစုလွှတ်တော် ကိုယ်စားလှယ်ဦးဥက္ကာမင်းနှင့် မြို့ခံများက တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

မြိတ်ဒေသ ကိုရိုနာဗိုင်းရပ်စ် အပလီကေရှင်း

ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ် သက်သည့် အချက်အလက်များ ကြည့် နိုင်သည့် မိုဘိုင်း အပလီကေးရှင်း (Mobile App) တစ်ခုကို မြိတ်ကွန်ပျူ တာ တက္ကသိုလ်ကျောင်းသားနှစ်ဦးက ဖန်တီးလိုက်သည်။ Myeik Corona Reportအမည် ရှိ...

မြိတ်မြို့ စက်ရုံတစ်ခု တစ်နေ့နှာခေါင်းစည်း ၇၀ဝ ခန့်ထုတ်လုပ်နေ

မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်အတွင်းရှိ အသေးစားစက်ရုံတစ်ခုမှ တစ်နေ့လျှင်နှာခေါင်းစည်း ခုနစ်ရာခန့်ထုတ်လုပ်နေကြောင်း ယင်းစက်ရုံမှ သိရသည်။ ယခင်ကအမျိုးသမီး ၄၀ ဦးဖြင့် အထည်ချုပ်သည့် ယင်းစက်ရုံတွင် ယခုအခါ အဝတ်အထည်ချုပ်လုပ်သည့်လုပ်ငန်း ခေတ္တရပ်နား၍ အမျိုးသမီး ၂၀ ဦးခန့် နှင့်နှာခေါင်းစည်းများ...

ကိုဗစ်ဂယက်ကြောင့် ကင်းမွန်ဈေး ထက်ဝက်ပြုတ်ကျ

ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ကိုဗစ်ရောဂါဂယက်ကြောင့် ဒေသထွက်ကင်းမွန် ဈေးနှုန်းများ ထက်ဝက်ပြုတ်ကျသွားခဲ့ကြောင်း မြိတ်ဈေးကွက်အတွင်းမှ သိရသည်။ ကပ်ဘေးမဖြစ်မီ ကင်းမွန်တစ်ဘန်းလျှင် ကျပ်ကိုးသောင်းမှ ကျပ်တစ်သိန်းအထိဈေးပေါက်ခဲ့သော်လည်း ယခုအခါ တစ်ဘန်းလျှင် ကျပ်လေးသောင်းခွဲမှ ကျပ်ငါးသောင်းခန့်သာ ဈေးရှိတော့ကြောင်း ကင်းမွန်လုပ်ငန်းရှင်များထံမှ သိရသည်။

မြိတ်တွင်ညမထွက်ရ ဖောက်ဖျက်မှု လူ ၂၀ နီးပါးကို အရေးယူ

မြိတ်တွင်ညမထွက်ရအမိန့်ဖောက်ဖျက်မှုဖြင့် အရေးယူထားသူနှစ်ဆယ် နီးပါးရှိလာနေပြီဖြစ်ကြောင်း မြိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်နိုင်တင်းရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ရက် နေ့စွဲဖြင့်ထုတ်ပြန်ပြီးတစ်ပတ်အကြ ာအမျိုးသား ၁၇ ဦးအားအရေး ယူထားပြီးဖြစ်ကြောင်း မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က...

တနင်္သာရီတိုင်းအတွင်း လွတ်ငြိမ်းခွင့်ရသူ တစ်ထောင်ကျော်ရှိ

မြန်မာနှစ်သစ်ကူး အချိန်တွင် တနင်္သာရီတိုင်းအတွင်း သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်သူ တစ်ထောင်ကျော်ရှိကြောင်း အကျဉ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းခိုင်က ပြောသည်။ တိုင်းအတွင်းရှိ အကျဉ်းထောင် ၃ ခုနှင့် အလုပ်စခန်း ၃ ခုမှ စုစုပေါင်း...