မြိတ်တွင်ညမထွက်ရ ဖောက်ဖျက်မှု လူ ၂၀ နီးပါးကို အရေးယူ

0
412

မြိတ်တွင်ညမထွက်ရအမိန့်ဖောက်ဖျက်မှုဖြင့် အရေးယူထားသူနှစ်ဆယ် နီးပါးရှိလာနေပြီဖြစ်ကြောင်း မြိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ကိုဗစ်နိုင်တင်းရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ရက် နေ့စွဲဖြင့်ထုတ်ပြန်ပြီးတစ်ပတ်အကြ ာအမျိုးသား ၁၇ ဦးအားအရေး ယူထားပြီးဖြစ်ကြောင်း မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပြောသည်။

ည ၁၀နာရီနောက်ပိုင်း လမ်းပေါ် တွင်တွေ့ရှိသူ ကလွင်ကျေးရွာအုပ်စုမှ လူ ၁၂ဦးနှင့် မြိတ်တောင်ကျေးရွာအုပ်စုမှ ၅ ဦး စုစုပေါင်း ၁၇ဦးကို စစ်ဆေးအရေးယူပြီး တစ်ဦးလျှင်ဒဏ်ငွေကျပ်ငါးသောင်း စီပေးဆောင်စေခဲ့ကြောင်း အုပ်ချုပ်ရေး မှူးက ပြောပြသည်။

“မနေ့က (ဧပြီ၂၄ည) အထိအရေး ယူထားသူအားလုံးပေါင်းပေါ့”ဟု ဦးဝင်း သူအောင်က ပြောသည်။

ဥပဒေအရအမိန့်ချိုးဖောက်သူများအား ထောင်ဒဏ်ခုနစ်ရက်မှ ခြောက်လအထိချနိုင်ပြီး တစ်ဦးလျှင် ဒဏ်ငွေတစ်သိန်းအထိနှင့် ထောင်ဒဏ်နှင့်ငွေဒဏ်ပါ နှစ်ခုစလုံးချမှတ်နိုင်သည်ဟု အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။

ဧပြီလ ၁၈ရက် နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ညမထွက်အမိန့်အားဧပြီလ၂၁ရက် နေ့ စွဲဖြင့်လွှမ်းမိုးပယ်ဖျက်ကာ ညမထွက်အမိန့်ကိုပြန်လည် ထုတ်ပြန်ထားသည်။

ကိုဗစ်နိုင်တီးရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြိတ်ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်/ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများ ညစဉ်ကင်း လှည့်ကာစစ်ဆေးနေပြီးရပ်ကွက်အလိုက် လုံခြုံရေးများချထား ဆောင်ရွက်လျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

ကိုဆန်း