ကျွန်းစုရှိ ကျေးရွာနှစ်ဆယ်ကျော်ခန့် ကဏန်းဖမ်းလုပ်ငန်း ရပ်နား

0
496

ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းနဘေးရှိ ကျေးရွာနှစ်ဆယ်ကျော်ခန့် ကဏန်းဖမ်းလုပ်ငန်းများရပ်နားထားရကြောင်း မြိတ်မြို့ရှိကဏန်းအဝယ်ဒိုင်များထံမှ သိရသည်။


ကိုရိုနာဗိုင်းရပ်မဖြစ်မီကတစ်ရက်လျှင် ကဏန်းပိဿာချိန်ထောင်ချီဝယ်ယူနေသည့် ကဏန်းအဝယ်ဒိုင်ကြီးများအနေနှင့် ယခုအခါပိဿာချိန်နှစ်ရာခန့်သာ ဝယ်ယူနိုင်တော့ကြောင်းကဏန်းအဝယ် ဒိုင်ပိုင်ရှင်များက ပြောကြားသည်။


“ပင်လယ်ရွာနှစ်ဆယ်ကျော်က လူသုံးရာလောက်က ကျွန်တော့ဖောက်သည်တွေ အခုဆိုရင်လူတစ်ဆယ်မှာ သုံးယောက်လောက်ပဲမဝယ်မနေရဝယ်ပေးနေတယ်”ဟုမြိတ်မြို့၊ ထားဝယ်ကမ်းရပ်ရှိ ကဏန်းအဝယ်ဒိုင်ပိုင်ရှင် ကိုအေးလွင်က ပြောသည်။


မြိတ်မြို့မှထွက်ရှိသည့်ကဏန်းများအနေဖြင့် ထိုင်းဈေးကွက်ကိုသာမီခိုအားထားနေရပြီး ကိုဗစ်ဂယက်ကြောင့် ပို့ဆောင်ရေးအခက်အခဲဖြစ်နေကြောင်း ကဏန်းအဝယ်ဒိုင်များထံမှ သိရသည်။


“ထိုင်းပို့မရတော့ ခုဆိုရန်ကုန်ပို့နေရတယ်။ ဒါတောင်မှအနည်းအကျဉ်းပဲ ရန်ကုန်ကမှာတယ်”ဟုမြိတ်မြို့၊ အင်း လေးကမ်းရပ်ကွက်ရှိ ကဏန်းအဝယ်ဒိုင်ပိုင်ရှင် ကိုလင်းလင်းက ပြောသည်။


ကျွန်းစုနှင့် မြိတ်မြို့နယ်ရှိ ကဏန်းဖမ်းမိသားစုများထံ ယခုလဆန်းက အလှူရှင်အချို့က ဆန်၊ ဆီများ ပေးလှူခဲ့သေးသည်။

ကိုဆန်း