ကျေးရွာထွက်ကုန်များ မြိတ်ဈေးကွက်သို့‌ တင်ပို့ရာတွင် အခက်တွေ့

0
956

မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများမှထွက်သည့် ငှက်ပျော၊ အုန်း၊ သရက်၊ ဟင်းသီးဟင်းရွက်စသည့် ဥယျာဉ်ခြံထွက်ကုန်များအား မြိတ်ဈေးကွက်သို့ တင်ပို့ရာတွင် ခက်ခဲမှုများရှိနေကြောင်း သိရသည်။


မြိတ်မှ တနင်္သာရီမြို့နယ်သို့ နေ့ချင်းပြန်ပြေးဆွဲနေသည့် အမြန်ရေယာဉ်များမှာ သင်္ကြန်မတိုင်ခင်မှစပြီး လက်ရှိအချိန်ထိ ရပ်နားထားသဖြင့် ကုန်ပစ္စည်းများတင်ပို့ရာတွင် အခက်အခဲဖြစ်နေရခြင်းဖြစ်ကြောင်း သာရဖုံကျေးရွာနေသူတစ်ချို့က ပြောပြသည်။


အမြန်ရေယာဉ်မရှိသဖြင့် ရွာတစ်ဖက်ကမ်းရှိကားလမ်းဖြင့် ကုန်ပစ္စည်းများတင်ပို့နေရကြောင်း တနင်္သာရီမြို့နယ် အနောက်သာရဖုံကျေးရွာနေ ဦးယုနိုင်ဦးက ပြောပြသည်။


ယင်းကဲ့သို့ ကုန်ပစ္စည်းများအားကားလမ်းဖြင့် မြိတ်ဈေးကွက်သို့တင်ပို့ရာတွင် ကုန်တင်မော်တော်ယာဉ်မှာ ရက်ခြားသာရှိသဖြင့် ကုန်ပစ္စည်းများတင်ပို့ရာတွင် ကြန့်ကြာမှုရှိနေကြောင်း ဦးယုနိုင်ဦးက ပြောပြသည်။


တနင်္သာရီမြို့နယ်အတွင်း ကျေးရွာထွက် ဥယျာဉ်ခြံထွက်ကုန်များကို မြိတ်မြို့ရှိဈေးများသို့ တင်ပို့ရောင်းချလေ့ရှိသည်။

မြင့်မိုရ်(မြိတ်)