မော်လမြိုင်တွင် ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်၊ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးများအပါအဝင် ၂၀နီးပါးဒဏ်ရာရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဇန်နဝါရီလ ၂၁ရက် တစ်ရက်တည်းတွင် ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ကလေးငယ် ၁၂နှစ်ဦးအပါအဝင် ၁၈ဦး ဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့ ညက ဂွေးကုန်းရပ်ကွက်...

ရှမ်းမြောက်တွင် ယာယီအပစ်ရပ်ရန် သဘောတူဟုဆို

တရုတ်ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား ရှမ်းမြောက်ဒေသတွင် ယာယီအပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရကြောင်း ဆွေးနွေးပွဲတက်ရောက်သူတို့ကို ကိုးကားကာ ပြည်တွင်းသတင်း အချို့တွင် ဖော်ပြသည်။ စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တို့ တရုတ်နိုင်ငံကူမင်းမြို့တွင် တတိယအကြိမ်အဖြစ် ဇန်နဝါရီလ ၉ရက်နေ့မှ ၁၁ ရက်အထိ...

ပါတီမှတ်ပုံတင်နိုင်ရေး မွန်ပါတီ ပထမဆုံးအကြိမ် အစည်းအဝေးခေါ်

မွန်ပါတီ တရားဝင်မှတ်ပုံတင်နိုင် ရေး ပါတီဗဟိုအလုပ်အမှုဆောင်ကော် မတီ အစည်းအဝေးကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့သည်ဟု ပါတီခေါင်း ဆောင်များထံမှ သိရသည်။ မွန်နိုင်ငံရေးပါတီများ ပေါင်းစည်း ထားကြသည့် မွန်ပါတီကို တရားဝင် မှတ်ပုံတင်နိုင်ရန် အပါအဝင် ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်သွားနိုင် ရန်အတွက် ပါတီ၏ ပထမဆုံးအကြိမ်...
Dawei Watch, Dawei News, Dawei News Media

မွန်တွင် HIV ဝေဒနာရှင် နှစ်စဉ် ၅၀ဝ မှ ၁၀ဝ၀ အကြား တိုးလာဟုဆို

မွန်ပြည်နယ်အတွင်း HIV ဝေဒနာ ရှင်ဦးရေမှာ နှစ်စဉ် ၅၀ဝ မှ ၁၀ဝ၀ အကြား တိုးလာနေသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန ခုခံအားကျ ဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့တို့ထံမှ သိရ သည်။ မွန်ပြည်နယ်တွင် ၂၀၂၀...

ရေးမြို့ ထွေအုပ်ရုံး ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ယနေ့ ပစ်ခတ်တိုက်ခိုက်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၆ နာရီဝန်းကျင်က ရေးမြို့လယ်ရှိ အဆိုပါရုံးကို ၄၀ မမဖြင့် လေးကြိမ်...

အား/ကာသိပ္ပံတက်ရန် တနင်္သာရီမှ အားကစားသမား လေးဆယ်ဦးခေါ်ယူ

၂၀၂၀ ခုနှစ်တွင် ရန်ကုန်အားကစား သိပ္ပံနှင့် မော်လမြိုင်အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတက်ရန်အတွက် တနင်္သာရီတိုင်းမှ အားကစားသမား လေးဆယ်ဦးကို ခေါ်ယူထားကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ရန်ကုန်အား/ကာသိပ္ပံတွင်တက်ရောက် ရန်အတွက် အားကစားသမား ၈ ဦးနှင့် မော်လမြိုင်အား/ကာသိပ္ပံတက်ရန်အတွက် အားကစားသမား ၃၂ ဦးကိုခေါ်ယူထား ခြင်းဖြစ်ကြောင်း အထက်ပါဦးစီးဌာန...

ဆင်ဖြူတိုင် ရပ်ကျေးစာရေး လောင်းလုံးတွင် ပစ်သတ်ခံရ

လောင်းလုံးမြို့နယ် ခမောင်းတောင်ကျေးရွာနှင့် တောင်မင်းပြောင်ရွာကြားတွင် မေ ၁၇ ညနေ သုံးနာရီခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးနေကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။ သေဆုံးသူမှာ ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဆင်ဖြူတိုင်ကျေးရွာ ရပ်ကျေး...

တိုက်ခိုက်ခံရနိုင်သောကြောင့် ရခိုင်တွင်သင်္ကြန်ကာလ လူစုလူဝေးဖြင့်ပျော်ပွဲရွှင်ပွဲ မလုပ်ရန် AA ပန်ကြား

ရခိုင်တွင်သင်္ကြန်ကာလ တိုက်ခိုက်ခံရမှုများရှိလာနိုင်သောကြောင့် ရေကစားခြင်း၊ လူစုလူဝေးဖြင့် ဥပုသ်သီလ ဆောက်တည်ခြင်း၊ အလှူအတန်းလုပ်ခြင်းတို့ကို မပြုလုပ်ကြရန် မေတ္တာရပ်ခံပန်ကြား‌ကြောင်း ရက္ခိုင့်တပ်တော် (AA) က ဧပြီလ ၁၁ ရက်က ထုတ်ပြန်သည်။ ရခိုင်တွင် စစ်ရေးပြင်းထန်နေဆဲကာလဖြစ်ပြီး AA...

မွန်ရှိ မြို့နယ် NLD ရုံး သုံးရုံး ဗုံးဖောက်ခွဲခံရ

မွန်ပြည်နယ်အတွင်းရှိ ဘီးလင်း၊ ကျိုက်ထိုနှင့် သထုံမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးများ ဗုံးဖောက်ခွဲခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဘီးလင်းမြို့ ဆရာစံရပ်ကွက်တွင် ရှိသည့် ဘီးလင်းမြို့နယ် NLD ရုံးတွင် အောက်တိုဘာ ၂၄ ရက်နေ့...

ဝင်းစိန်ဆရာတော် ရုပ်ကလာပ်ကို အမြဲတမ်း ပူဇော်ခံထားမည်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျောက်တလုံးကျေးရွာရှိ အတောင် ၄၀၀ နှင့် ၆၀၀ ပြည့် လျောင်းတော်မူ ဘုရားများကို ဦးစီး တည်ထား ကိုးကွယ်ခဲ့သည့် ဝင်းစိန်တောရ ဆရာတော်၏ ရုပ်ကလာပ်အား အမြဲတမ်း ပူဇော်ခံထားသွားမည်ဟုသိရသည်။ သက်တော် ၉၅ နှစ်၊ ဝါတော် ၄၅ ဝါတွင် ဧပြီလ ၂၆...