ဘီးလင်းသံတံတားဂိတ်တွင် ဆိုင်ကယ်မရပ်ဟုဆိုကာ ပစ်ခတ်ခံရပြီး အမျိုးသားနှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ သံတံတားစစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်မရပ်ပေးဟုဆိုကာ ပစ်ခတ်ခံရသဖြင့် အမျိုးသားနှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ကျိုက်ထိုမြို့နယ်မှ ဘီးလင်းမြို့နယ်သို့ ဆိုင်ကယ်တစ်စီးတည်း အတူ စီးနင်းလာသည့် ဒေသခံလူငယ် သုံးဦးသည် မတ် ၁၁...

ရေး ချောင်းတောင်တံတားဂိတ် တိုက်ခိုက်ခံရ၊ အရပ်သားထိခိုက်မှုရှိ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာရှိ စစ်ကောင်စီ၏ ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ယနေ့ မတ်လ ၁၄ ရက်‌နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ တံတားတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း ၎င်းတို့က ဆိုသည်။

ရေးမြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာက ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို လက်နက်ကိုင် လူတစ်စုက နေအိမ်တွင် လာရောက်ပစ်သတ်သွားကြောင်း ဒေသခံတို့ထံမှသိရသည်။ သောင်ပြင်ကျေးရွာ အကွက် (၁၆) တွင် နေထိုင်သည့် အသက် ၅၄ နှစ်အရွယ် ပြည်သူ့စစ် အဖွဲ့ဝင်...

သထုံတွင် NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌတစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ မြတ်စံကြီးကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဦးရွှေလှဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။ အသက် ၆၀အရွယ် ဦးရွှေလှဦးကို အမည်မသိ သေနတ်သမားတို့က မတ်လ...

သုံးလနီးပါးကြာတိုက်ခိုက်နေသည့် ရမ်းဗြဲမြို့ကို AA သိမ်းယူ

ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိသည့် ရမ်းဗြဲမြို့ကို သုံးလနီးပါးကြာ တိုက်ခိုက်ပြီးနောက် ယနေ့ မတ်လ ၁၁ ရက်တွင် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။ ယနေ့ မွန်းလွဲပိုင်းတွင် ရမ်းဗြဲမြို့အတွင်း နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို...

မွန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ငါးထောင်ကျော်သာရှိ

မွန်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ငါးထောင်ကျော်သာရှိကြောင်း ပြည်နယ်ပညာရေးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ယခုပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား ကျောင်းသူ ခြောက်ထောင်ကျော်ရှိသည့်အနက် ကျောင်းသား၊...

ကရင်နီတွင် တစ်လတာအတွင်း အရပ်သား ၂၅ဦးသေဆုံးပြီး ၄၀ကျော် ဒဏ်ရာရ

ကရင်နီ (ကယား) ပြည်နယ်တွင် ဖေဖော်ဝါရီလ တစ်လတာအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၂၅ ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က မတ်လ ၁၀ ရက်တွင် ထုတ်ပြန်သည်။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ကချင်မှာ...

စစ်ကောင်စီတပ်စခန်း ၁၀ ကျော်ကို သိမ်းယူထားကြောင်း KIA ပြော

လိုင်ဇာမြို့အနီးနှင့် မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများ ထိုးစစ်ဆင်တိုက်ခိုက်နေရာတွင် စခန်းအကြီး၊ အငယ် ၁၀ကျော်ကို သိမ်းယူထားနိုင်ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မီဒီယာများတွင် ပြောဆိုထားသည်။ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး၊...

လိုင်ဇာအနီးနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်ရှိ စစ်ကောင်စီစခန်းများကို KIA တစ်ပြိုင်နက်တိုက်ခိုက်

ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်လျှောက်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက စစ်ကောင်စီတပ်စခန်းများကို KIA နှင့် တော်လှန်ရေးတပ်ဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတင်းဌာနအချို့သို့ ပြောဆိုထားသည်။ ယနေ့ မတ်လ ၇ရက်...