မင်းပြားမြို့နယ်တွင် တစ်ခုတည်းကျန်သော စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုကျောင်းကို AA သိမ်းယူ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် တစ်ခုတည်းကျန်ရှိသည့် စစ်ကောင်စီတပ်၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်၏ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းလည်းဖြစ်သည့် ယင်းကျောင်းကို စတင်တိုက်ခိုက်ပြီး ၁၀ ရက်အကြာ...

ကော့ကရိတ်မြို့ထက်ဝက်ကျော်နှင့် အာရှလမ်းမကြီးကို ထိန်းချုပ်ထားကြောင်း KNU နှင့် NUG တို့ပြော

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် စစ်ကောင်စီယန္တရား လည်ပတ်ရန် အထူးအရေးပါသည့် အာရှလမ်းမကြီးကို ထိန်းချုပ် ထားနိုင်ခဲ့ပြီဖြစ်ပြီး ကော့ကရိတ်မြို့ကို သိမ်းယူထိန်းချုပ်နိုင်ရန် တိုက်ခိုက်လျက်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။

ဘီးလင်းဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဟု KNU ပြော

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာခံ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။ ဝင်းတာပန်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ် ခမရ-၄၀၉...

မင်းပြားမြို့နယ်က မင်းဖူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရ

ရခိုင်ပြည်နယ် မင်းပြားမြိုနယ်ရှိ မင်းဖူးဆေးရုံကို စစ်ကောင်စီတပ်က ယနေ့ နံနက်တွင် ဂျက်တိုက်လေယာဉ်တစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁နာရီ ၄၅...

ရမ်းဗြဲသို့ ရဟတ်ယာဉ်များဖြင့် စစ်ကူလာပို့သည့်စစ်ကြောင်းကို AAတိုက်ခိုက်၊ စစ်ကောင်စီတပ်အထိအခိုက်များဟုဆို

ရခိုင်ပြည်နယ်တွင် မြို့တွင်းတိုက်ပွဲဖြစ်ပွားနေသည့် ရမ်းဗြဲမြို့သို့ စစ်ကောင်စီတပ် အင်အား ၁၂၀ခန့်ကို ရဟတ်ယာဉ်များဖြင့် စစ်ကူလာပို့ချိန် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်များကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ရဟတ်ယာဉ်လေးစီးဖြင့်...

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်သူများလာ

သံဖြူဇရပ်မြို့ခံတစ်ဦး ထပ်မံဖမ်းဆီးခံရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF အား ထောက်ပံ့သည်ဟု စွပ်စွဲကာ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသွားကြောင်း မြို့ခံတို့ထံမှ သိရသည်။ သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်တွင်နေထိုင်သည့် အသက် ၄၆ နှစ်အရွယ် နန်းမြင့်ဦး (ခ)...

ပုဏ္ဏားကျွန်း မြို့မရဲစခန်းကို AA သိမ်းယူ

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မိုင် ၂၀ကျော်သာဝေးသည့် ပုဏ္ဏားကျွန်းမြို့ ရှိ မြို့မရဲစခန်းကို ဖေဖော်ဝါရီလ ၂၂ ရက်တွင် သိမ်းယူနိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ပုဏ္ဏားကျွန်းမြို့သည် ရန်ကုန်- စစ်တွေ ကားလမ်းမပေါ်တွင်...

မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့နှင့် NUG တို့ မဟာမိတ်ဖွဲ့ရန် သဘောတူ

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တော်လှန်ရေးလုပ်ငန်းစဉ်များ လက်တွဲဆောင် ရွက်နိုင်ရေးအတွက် ယင်းအဖွဲ့နှစ်ဖွဲ့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟုမွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) က ထုတ်ပြန်ထားသည်။

လေကြောင်းဖြင့် ဗုံးကြဲခံရသဖြင့် ရမ်းဗြဲမြို့ ဆေးရုံ၊ စျေး၊ လူနေအိမ်များပျက်စီးကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ စျေး၊ လူနေအိမ်များ ပျက်စီးကြောင်း ရက္ခိုင့်တပ်တော် AA က ဓာတ်ပုံမှတ်တမ်းများဖြင့် တကွ ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရမ်းဗြဲမြို့နှင့်...