မွန်တွင် တစ်ရက်အတွင်း အမျိုးသားသုံးဦး ပစ်သတ်ခံရ

မွန်ပြည်နယ်တွင် တစ်ရက်အတွင်း အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးအပါအဝင် အမျိုးသားသုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဧပြီလ ၇ ရက်နေ့ ည ၈ နာရီဝန်းကျင်က မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်တွင် နေထိုင်သည့်...

ဂျိုင်းမြစ်ထဲတွင် ပျောက်နေသည့် မြို့ရွှေထားဝယ် ကားသမား၏ ရုပ်အလောင်းပြန်တွေ့

ကရင်ပြည်နယ် ၊ ဘားအံမြို့နယ် ၊ ဒူရိန်ရွာ ၊ ဒူရိန်ဆိပ်ကမ်း တွင်ဂျိုင်းမြစ်ထဲ ကားထိုးကျကာ ပျောက်ဆုံးနေသည့် မြို့ရွှေထားဝယ်ယာဥ်လိုင်း က ယာဥ်မောင်းအမျိုးသား၏ ရုပ်အလောင်းကို ယနေ့ ဧပြီ ၇ ရက် နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဘားအံမြို့၊ လူမှုကယ်ဆယ်ရေးအဖွဲ့ထံက...

ဘီးလင်းတွင် ခရီးသည်တင်ကား မိုင်းဆွဲပစ်ခတ်ခံရပြီး တစ်ဦးသေ၊ လေးဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်ကားတစ်စီး မိုင်းဆွဲခံရပြီး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ယာဉ်နောက်လိုက်သေဆုံးကာ ယာဉ်မောင်းအပါအဝင် ခရီးသည် လေးဦး ဒဏ်ရာရကြောင်း ဒေသခံတို့က ပြောသည်။ ဧပြီလ ၄ ရက်နေ့ ည...

သံဖြူဇရပ်တွင် လူငယ် ၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝါခရူကျေးရွာမှ လူငယ် ၇ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ငွေကြေးထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က သံဖြူဇရပ်မြို့နယ်၊ ဝါခရုကျေးရွာနေ အသက် ၂၀...

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကွဲပြီး ဓမ္မသရွာတွင် နေအိမ် ၃၀၀ ခန့် မီးလောင်ပြာကျ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာတွင် ဂျိုးမြစ်အတွင်းရှိ စစ်ကောင်စီရေတပ်စစ်သင်္ဘောက ပစ်ခတ်လိုက် သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အလုံး ၃၀၀ ခန့် မီးလောင်ပြာကျသွားကြောင်း ဒေသခံတို့က ပြောသည်။ စစ်သင်္ဘောက မတ်လ ၂၇ ရက်နေ့...

ကျိုက်ထိုတွင် ရဟန်းတစ်ပါးနှင့် ကဖီးဆိုင်ပိုင်ရှင် ပစ်ခတ်ခံရ၊ ရဟန်းပျံလွန်တော်မူ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းရွာ ကျောက်ဖြူတောင်ကျောင်း (ဘောဂဝတီကျောင်း) က ရဟန်း တစ်ပါးနှင့် ကဖီးဆိုင်ပိုင်ရှင်တို့ မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပစ်ခတ်ခံရပြီး ရဟန်းပျံလွန်တော်မူသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များ ပုံမှန်ပြန်ပြေးဆွဲ

မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် မီးရထားခရီးစဉ်များကို မတ်လ ၂၅ ရက်နေ့ကစပြီး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေကြောင်း မော်လမြိုင်ဘူးတာကြီးထံမှ သိရသည်။ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြားတွင် မတ်လ ၁၈ ရက် နံနက်ပိုင်းက ကျောက်တင်ရထား...

ရေး-သံဖြူဇရပ်လမ်းပေါ် ခံသင်းတံတားရှိ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်း စုံနံ့သာရွာနှင့် နှင်းစုံကျေးရွာကြား ခံသင်းတံတားရှိ စစ်ကောင်စီ တပ်ဖွဲ့ ယနေ့ နံနက် ၆ နာရီခန့်က တိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ မတ်လ ၂၅...

မော်လမြိုင်-ရန်ကုန်ရထားလမ်း ပြင်ပြီးသော်လည်း လုံခြုံရေးကြောင့် ခရီးစဉ်များရပ်ဆိုင်းထား

သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအနီး မိုင်းဆွဲခံရပြီး ပျက်စီးသွားသည့် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း နေရာပြင်ဆင်ပြီးဖြစ် သော်လည်း လုံခြုံရေးအခြေအနေကြောင့် ရထားခရီးစဉ်များ ဆက်လက် ရပ်နားထားကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။ ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြားတွင် မတ်လ...

ရထားလမ်းပိုင်း မိုင်းခွဲခံရပြီးနောက် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များ ယာယီရပ်ဆိုင်း

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ကျောက်တင်ရထား မိုင်းခွဲခံရပြီးနောက် ရထားခရီးစဉ်များ ယာယီရပ်ဆိုင်းလိုက်ကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြားတွင် ယမန်နေ့ နံနက်ပိုင်းက...