ဘုတ်ပြင်းမြို့နယ်၊ မနိုးလုံးကျေးရွာအုပ်စု၊ ခဲချောင်းကျေးရွာ မဲရုံအမှတ်(၃)

ဘုတ်ပြင်းမြို့နယ်၊ မနိုးလုံးကျေးရွာအုပ်စု၊ ခဲချောင်းကျေးရွာ မဲရုံအမှတ်(၃)တွင် NLD ပါတီ အနိုင်ရရှိ

ကြိုတင်မဲပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်တိုင်းဒေသကြီးလွှတ်တော်တိုင်းရင်းသားလွှတ်တော်NLD ၆၂NLD ၁၈၄NLD ၁၉၅NLD ၁၈၉NLD ၉၈USDP ၂၆USDP ၇၄USDP ၇၃USDP ၆၉USDP ၂၃UBP ၁UBP ၇UBP ၁၀UBP ၇UBP ၃ပယ်မဲ ၈ပယ်မဲ ၄၃ပယ်မဲ ၃၀ပယ်မဲ ၂၈ပယ်မဲ ၂၉

ကျူဝင်ရန်သွားခေါ်ရာမှ ဓားဖြင့် လိုက်ခုတ်သည်ဟုဆိုကာ သေနတ်ပစ် ဖမ်း

ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် မိသားစုအား ကိုဗစ်ထိန်းချုပ်ရေးစခန်းတွင် ကျူဝင်ရန်အုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ခေါ်ယူစဉ် ဓားဖြင့် လိုက်ထိုးသည်ဟုဆိုကာ ရဲတပ်ဖွဲ့မှသေနတ်ပစ်ကာ ဖမ်းဆီးခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်ကာယကံရှင်များထံမှ သိရသည်။ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ချောင်းမွန်ငါးကျေးရွာတွင် ဇွန်လ၂၃ရက်နေ့က...

ဘုတ်ပြင်းတွင် ပင်လယ်ကမ်းထောင် ပိုက်များကြောင့် ငါးသားပေါက်များစွာ သေဆုံးနေ

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ပင်လယ်ကမ်းရိုးတစ်လျှောက် ထောင်ထားသည့် ပင်လယ်ကမ်းထောင်ပိုက်များကြောင့် ငါးသားပေါက်များစွာ သေဆုံးနေရကြောင်း ယင်းကမ်းရိုးတန်းတစ် လျှောက်ငါးဖမ်းနေသည့် ရေလုပ်သား အချို့က ပြောသည်။ ကမ်းနမူးပြေးဟုခေါ်သည့် ပင်လယ်ကမ်းထောင်ပိုက်များမှာ ကမ်းရိုးတန်းတစ်လျှောက် ထောင်ထားကြပြီး တစ်ခုလျှင် ပေ...

ဘုတ်ပြင်းတွင် တောဆင်ရိုင်းတစ် ကောင်အသတ်ခံရ

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့ နယ်တွင်တောဆင်ရိုင်းတစ်ကောင်အ သတ်ခံရပြီးအမြီးဖြတ်ယူဆောင်သွား ကြောင်းဘုတ်ပြင်းမြို့နယ်၊ သစ်တော ဦးစီးဌာနနှင့် ဒေသခံများထံမှသိရသည်။ ပြည်ကြီးမဏ္ဍိုင်၊ ထောင်ငါးသိုင်း ကျေးရွာအုပ်စု၊ ဝါးဒင်းကျေးရွာအနီး၌ ဇန်နဝါရီ ၁၄ရက်ခန့်ကအသတ်ခံရသည် ဟုယူဆရပြီး၄ပေ ခန့်ရှိသည့်ဆင်အမြီး တစ်ချောင်းကိုဖြတ်ကာယူဆောင်သွားကြောင်းဘုတ်ပြင်း မြို့နယ်တောအုပ် ဦးလွင်ပိုင်စိုးက...

ကော့သောင်းဘောလုံးကွင်း ယိုယွင်းလျက်ရှိ

အစဉ်အလာရှိသော အားကစား သမားများ ပေါ်ထွက်သည့်ကော့သောင်း မြို့၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ မြို့မဘောလုံးကွင်းသည်လက်ရှိအချိန်တွင် ယိုယွင်းလာလျက်ရှိနေကြောင်း ကော့သောင်း မြို့နယ်၊ ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။ ကော့သောင်းဘောလုံးကွင်းသည် လက်ရှိအချိန်တွင် တောင်ဘက်နှင့်အနောက်ဘက်မှခြံစည်းရိုးများမရှိ တော့ခြင်း၊ ကွင်းအတွင်း မြက်များ...

ကော့သောင်း ကမ်းနီးကမ်းဝေးဇုန်တံတားရှိ ဖမ်းမိလှေပျက်များကြောင့် လှေအဝင်အထွက် အခက်အခဲရှိနေ

ဌာနအသီးသီးက ဖမ်းဆီးပြီး ကမ်းနီးကမ်းဝေး ရေလုပ်ငန်းကုမ္ပဏီများဇုန် (ချက်ပွိင့်တံတား)ရှေ့တွင် လာရောက်နေရာချထားသော လှေပျက်များကို ဇုန်ရှေ့မှ အမြန်ဆုံး ဖယ်ရှားပေး စေလိုကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းလွင်က ပြောသည်။ မူးယစ်၊ သစ်တော၊ ငါးဦးစီး၊ ရေကြောင်းစသော...

အဆက်မပြတ် မိုးရွာသွန်းမူကြောင့် ရော်ဘာခြစ်သူများ လုပ်ငန်းခွင်အဝင် နောက်ကျ

ဘုတ်ပြင်းမြို့နယ်တွင် အောက်တိုဘာလ တတိယပတ်အထိ အဆက်မပြတ် ရွာသွန်းနေသည့်မိုးကြောင့် ရော်ဘာ ခြစ်သူများအနေနှင့် လုပ်ငန်းခွင်မဝင်နိုင်ဘဲဖြစ်နေကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ ဘုတ်ပြင်းမြို့နယ်တွင် ပုံမှန်အားဖြင့် စက်တင်ဘာလမှစပြီး ရော်ဘာစေး ခြစ်ကြသော်လည်း ယခုမူအောက်တိုဘာလအထိ မခြစ်ရသေးဟု တောင်သူများက...
ကော့သောင်းမြို့, မင်္ဂလာဈေး, Kawthaung, Market

ကော့သောင်းမင်္ဂလာဈေး ယခုနှစ်ကုန်တွင် စဆောက်မည်

ကော့သောင်းမြို့၊ မင်္ဂလာဈေးကို ယခုနှစ်ကုန်တွင် စဆောက်ရန် မျှော်မှန်းထားကြောင်း ကော့သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ ရွှေဟင်္သာရပ်ကွက်ရှိ အဆိုပါဈေးကို ငွေကျပ်သိန်း ၁၅၀ဝ ခန့် အကုန်အကျခံကာ တည်ဆောက်မည်ဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလတွင် စတင် တည်ဆောက်ရန်...

ရေဖြူလှေလှော်ပြိုင်ပွဲ ကော့သောင်း မာရမ်းအသင်း ဆုကြီး ၃ ခုစလုံး ဗိုလ်စွဲ

လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ထားဝယ်မြစ်အတွင်း ကျင်းပသည့် ရေဖြူမြို့နယ် လှေလှော်ပြိုင်ပွဲတွင် ကော့သောင်းမြို့နယ် ပါချန်မြစ်ကမ်းမှ မာရမ်းရွာလှေလှော်အသင်းမှ ဆုကြီး ၃ ခုစလုံး ဗိုလ်စွဲသွားသည်။ မာရမ်းအသင်းက အလွတ်တန်း ၇ တက်လှော်၊ ၉ တက်လှော်၊...

ဆလုံဘာသာစကားသင်ရိုး သဒ္ဒါ၊ ဗျည်း၊ သရ စစ်ရန် တနင်္သာရီတိုင်းသို့ ပြန်ပို့ထား

ဆလုံဘာသာစကားသင်ရိုးတွင် သဒ္ဒါအထားအသို နှင့် ဗျည်း၊သရ မှန်/ မမှန် ပြန်လည်စစ်ဆေးပေးရန် ပြည်ထောင်စု မှ တနင်္သာရီတိုင်းသို့ ပြန်လည် စစ်ဆေး ခိုင်းထားကြောင်း တနင်္သာရီတိုင်းဒေသ ကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနတာဝန်ခံအရာရှိထံမှ သိရသည်။ ဆလုံကျောင်းသားများ တက်ရောက် နေသည့်  အခြေခံပညာမူလတန်းကျောင်း...