ထိုင်း ရှပ်ခိုးဆွဲလှေတစ်စီးကို မြန်မာ့ရေပိုင်နက်တွင် ဖမ်းမိ

ကော့သောင်းမြို့နယ်၊ မြန်မာ့ ရေပိုင်နက်တွင် တရားမဝင် ရှပ်ခိုးဆွဲလှေ တစ်စီးကို မေလ ၂၃ ရက်နေ့ က မြန်မာ့ ရေလုပ်သား ၇ ဦးနှင့်အတူ ဖမ်းမိခဲ့သည် ဟု ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရ သည်။ စူငယ်ပါလိုင်းကျေးရွာအနီး ငှက် သိုက်ကျွန်း အနောက်ဘက်တွင် ရှပ်ခိုး...

ကော့သောင်းတွင် ကျပ်သိန်း ၉၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေး ပြားများ ဖမ်းမိ

ကော့သောင်းမြို့နယ် ဂျလန်းကျွန်း သို့ ဈေးကုန်များနှင့်အတူ ကျပ်သိန်း ၉၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူတစ်ဦးကို ဇူလိုင်လ ၉ ရက်နေ့က ဖမ်းမိခဲ့ကြောင်း ကော့သောင်း မြို့မရဲစခန်းမှ သိရသည်။ စိတ်ကြွဆေးပြား ၉ ထုပ်၊ အရေ အတွက် ၁၆၇၇...

ကော့သောင်းမြို့တစ်ဖက်ကမ်း ထိုင်းရေပိုင်နက်တွင် စပိဘုတ်နှင့် ကုန်တင်လှေတိုက်မိ

ကော့သောင်းမြို့တစ်ဖက်ကမ်းရှိ ထိုင်းရေပိုင်နက်အတွင်း စပိဘုတ်တစ်စီးနှင့် ကုန်တင်စက်လှေတစ်စီး တိုက်မိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။ ကော့သောင်းမြို့အနီးရှိ သူဋ္ဌေးကျွန်း ဟိုတယ်ပိုင် စပိဘုတ်နှင့် ဘိလပ်မြေတင် လာသည့် ကုန်တင်လှေတို့ တိုက်မိခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ကော့သောင်း ငါးဖမ်းစက်လှေများတွင် အမှိုက်ပုံးနှင့် အမှိုက်အိတ်ဆောင်သည့်စနစ် စတင်ကျင့်သုံး

ကော့သောင်းခရိုင်အတွင်းရှိ ပင်လယ်ပြင်သို့ ထွက်ခွာမည့် ငါးဖမ်းငါးသယ်စက် လှေများတွင် အမှိုက်ပုံးနှင့် အမှိုက်အိတ်များ ထားသည့် စနစ်ကို စတင်ကျင့်သုံး နေပြီဖြစ်ကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီဌာနထံမှ သိရသည်။ ပင်လယ်ပြင်အတွင်း ပလပ်စတစ်အိတ်၊ ပလပ်စတစ်ဗူးခွံ၊ ကြိုး၊ ပိုက်တို ပိုက်စ၊ ပိုက်အပြတ်များ၊ ဖော့ဘူးများ စသည့် ရေထဲတွင် အချိန်ကြာမြင့်စွာ...

ကော့သောင်း မင်္ဂလာဈေး အသစ် ပြန်ဆောက်မည်

ကော့သောင်းမြို့နယ်၊ ရွှေဟင်္သာ ရပ်ကွက်ရှိ မင်္ဂလာဈေးကို ယခုနှစ် အတွင်း အသစ် ပြန်ဆောက်မည် ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ နှစ်အတန်ကြာ ပြင်ဆင်မွမ်းမံမှု မလုပ်နိုင်သည့်အတွက်  ဈေးသည်များနှင့် ဝယ်ယူသူများ အရောင်းဝယ်နှင့် သွားလာ ရေး အခက်ခဲဖြစ်လာခြင်းကြောင့် ယခုနှစ် တွင် ဈေးအင်္ဂါရပ်နှင့်အညီ...