ခရင်းခွကျွန်းသို့ နိုင်ငံကူး အပျော်စီးသင်္ဘော တစ်လ နှစ်ကြိမ်ခန့်လာမည်

ကော့သောင်းမြို့နယ်မှ ရေမိုင် ၄၀ ခန့်ကွာဝေးသည့် ခရင်းခွကျွန်းသို့ နိုင်ငံကူးအပျော်စီးသင်္ဘောဖြင့် တစ်လ နှစ်ကြိမ်ခန့် လည်အပတ် လာရောက် မည်ဖြစ်ကြောင်း အဆိုပါကျွန်းတွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်ခွင့်ရထား သည့် Tint Tint Myanmar ကုမ္ပဏီ ထံမှ သိရသည်။ နိုဝင်ဘာလ ၃ရက်က စတင် ဖွင့်လှစ်လိုက်သည့်...

ထိုင်းမှ ပြည်တော်ပြန်များ ကော့သောင်းလမ်းမှ ပြန်ခွင့်ရရန်မရေရာ

ထိုင်းတွင် အကျဉ်းကျခံရပြီးနောက် မြန်မာနိုင်ငံပြန်ခွင့်ရပြီးသည့် ရနောင်းအချုပ်သို့ ရောက်နေသူများနှင့် ရနောင်းခရိုင်တွင်အလုပ်လုပ်ပြီး မြန်မာပြည်ပြန်လိုသည့် သာမန်ရွှေ့ပြောင်းအလုပ်သမားများ ရနောင်း-ကော့သောင်းလမ်းမှ ပြန်လာနိုင်ရန် မရေရာသေးပေ။ အထက်ပါ ရွှေ့ပြောင်းအလုပ်သမားများကို မြန်မာဘက်သို့ပြန်ခွင့်ပြုရန် ထိုင်းအာဏာပိုင်များဘက်က အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ဆလုံစာသင်ရန်ဆရာ/ဆရာမများ လိုအပ်ပါက တင်ပြပါ

ဆလုံတိုင်းရင်းသား ကျေးရွာများ တွင် ဆလုံစာပေသင်ကြားရန် ဆရာ/ဆရာမလိုအပ်ကြောင်း ဒေသခံများက တင်ပြလာပါက ဆောင်ရွက်ပေးမည် ဟုတနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့အစွမ်းအားအရင်းမြစ်ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။ ဇန်နဝါရီလ၃၁ရက်တွင်ကျင်းပ သည့်တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေး တွင်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကော့သောင်းတွင် ဆိုင်ကယ်ချင်းတိုက်မိရာမှ စိတ်ကြွဆေးမိ

ကော့သောင်းမြို့နယ်၊ ဘန်းကချွန် ကျေးရွာအုပ်စုတွင် မတ်လ ၄ ရက်က ဆိုင်ကယ်ချင်းတိုက်ရာမှ စိတ်ကြွဆေးပြား လေးရာခန့် ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဘန်းကချွန်ကျေးရွာအုပ်စုရှိ ၁၄ မိုင် တံတားအနီးတွင် နံပါတ်မပါသည့်...

ကော့သောင်းမြို့က ဆိုင်းဘုတ် ဒီဇိုင်းအသစ်ဖြင့် ကြိုဆို

ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်၊ ကော့သောင်း-ဘုတ်ပြင်းကား လမ်းဘေး တွင် WELCOME TO KAWTHAUNG စာတန်းပါ ဆိုင်းဘုတ် ဒီဇိုင်းအသစ်ကို မတ်လ ၂၇ ရက်က တပ်ဆင်ခဲ့သည်။ အဆိုပါဆိုင်းဘုတ်ကို ရွှေရောင် သံမဏိပြားဖြင့် စာလုံးပုံဖော်ပြီး...

အနိုင်ရပါက ထိုင်းနိုင်ငံကဲ့သို့ အဆင့်မီအောင် လုပ်ပေးမည်ဟု UBP ကိုယ်စားလှယ်လောင်းပြော

လာမည့်ရွေးကောက်ပွဲ မိမိအနိုင် ရမည်ဆိုပါက ထိုင်းနိုင်ငံကဲ့သို့ အဆင့်အတန်းမီအောင် ပြုလုပ်ပေးသွားမည်ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) မှ ဝင်ရောက်အရွေးခံသည့် ဘုတ်ပြင်းမြို့နယ် ကိုယ်စားလှယ်လောင်းက ပြောဆိုလိုက်သည်။ အောက်တိုဘာ ၁၉ ရက်နေ့က ဘုတ်ပြင်းမြို့နယ် တောင်ငယ်ကျေး ရွာသို့...
Dawei Watch, Dawei News, Dawei News Media

ကော့သောင်းတွင် အိမ်ခြေခြောက်ရာခန့် လျှပ်စစ်မီးပေးနိုင်ရန်လျာထား

ကော့သောင်းမြို့နယ်ရှိ ကျေးရွာလေးရွာမှ အိမ်ခြေခြောက်ရာခန့်ကို လျှပ်စစ်မီးပေးနိုင်ရန်အတွက်လျာထားပြီး လိုအပ်သောရန်ပုံငွေကို တင်ပြတောင်းခံထားကြောင်း ယင်းမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးငြိမ်းချမ်းက ပြောသည်။ ဘန်းကချွန်၊ ချမ်းဖန်း၊ မပုတေး၊ ပါဆယ်ပါညန်းကျေးရွာများရှိ အိမ်ထောင်စုများကို လျှပ်စစ်မီးပေးနိုင်ရန်အတွက် ထရန်စဖော်မာတပ်ဆင်နိုင်ရေး တိုင်းလျှပ် စစ်ဌာနသို့ တင်ပြထားခြင်းဖြစ်သည်။

ကော့သောင်းလျှပ်စစ်တင်ဒါ လျှောက်သူမရှိသေး

ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါခေါ်ထားရာ လက်ရှိအချိန်ထိ လျှောက်သည့်ကုမ္ပဏီ မရှိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးထံမှ သိရသည်။ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းတင်ဒါလျှောက်လွှာကို သြဂုတ် လ ၈ ရက်နေ့တွင် စတင်ရောင်းချခဲ့ ခြင်းဖြစ်ပြီး...

ပါချန်မြစ်ကြောင်းတစ်လျှောက် ကျောက်/သဲစုပ်ခွင့် ချပေးထားခြင်း မရှိ

ကော့သောင်းမြို့နယ် ပါချန်မြစ်ကြောင်း တစ်လျှောက်တွင် ကျောက်/သဲ စုပ်ခွင့် တရားဝင် ချထားပေးခြင်း မရှိ ကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။ အကယ်၍ ခွင့်ပြုချက်မရှိဘဲ စုပ်ယူနေပါက ကွင်းဆင်းစစ်ဆေး ဖမ်းဆီးသွားမည်ဟု ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးထံမှ သိရသည်။

အလိုမတူဘဲ ပြည့်တန်ဆာလုပ်ခိုင်းပြီး နှိပ်စက်ခံရသည့် အမျိုးသမီးနှစ်ဦး ဆိုင်မှထွက်ပြေးကာ အမှုဖွင့်

ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရန်ကြီးအောင်လမ်းရှိ ပြည့်တန်ဆာလုပ်ငန်း ပူးတွဲလုပ်ကိုင်သည့် စားသောက်ဆိုင်တစ်ခုမှ အလိုမတူဘဲ ပြည့်တန်ဆာလုပ်ခိုင်းပြီး လုပ်အားခေါင်းပုံဖြတ် နှိပ်စက်ခံနေရသည့် အမျိုးသမီးနှစ်ဦး ဆိုင်မှထွက်ပြေးကာ ဆိုင်ရှင်ကို အမှုဖွင့်လိုက်သည်။ သြဂုတ်လ ၂၀ ရက်က ကော့သောင်း မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။